လှပတဲ့ကစားဟန်နဲ့ အာဆင်နယ်ကိုအောင်မြင်မှုတွေယူပေးခဲ့တဲ့ နည်းပြအာဆင်ဝင်းဂါး

အာဆင်ဝင်းဂါးသည် အာဆင်နယ်ရဲ့ အအောင်မြင်ဆုံး နဲ့ သက်တမ်း အရှည်ဆုံးနည်းပြဖြစ်ပြီးလက်ရှိ ဖီဖာရဲ့ကမ္ဘာလုံးဆိုင်ရာ ဘောလုံးဖွံ့ဖြိုးတိုးတက်ရေး အကြီးအကဲ အဖြစ်တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။ သူရဲ့ ဖျော်ဖြေမှုပေးတဲ့တိုက်စစ်ကစားဟန်တွေ၊ လှပတဲ့ကစားဟန် တွေကြောင့်ချီးကျူးခံရပြီး သူ့ရဲ့ အာဆင်နယ်အသင်းဟာ လူငယ်ကစားသမားများ ကိုမွေးထုတ်ကာ နည်းပြဘဝတစ်လျှောက်လုံး လူငယ်တွေကိုမြှောက်ပေးတဲ့ နည်းပြအဖြစ်လည်း ကျော်ကြားခဲ့ပါတယ်။ သူဟာ 1996 ခုနှစ်မှ 2018 ခုနှစ်အထိ အာဆင်နယ်အသင်းရဲ့နည်းပြအဖြစ် တာဝန်ယူခဲ့ပြီး လှပတဲ့ ကစားဟန်နဲ့ အာဆင်နယ်ကို ထိပ်တန်းအသင်းတစ်သင်းအဖြစ် အောင်မြင်မှုတွေ ယူပေးခဲ့သူလည်း ဖြစ်ပါတယ်။
အာဆင်ဝင်းဂါးဟာ နည်းပြဒီပလိုမာကို 1981 ခုနှစ်တွင် ရရှိခဲ့ပြီး 1987 နန်စီတွင် မအောင်မြင်သော ကာလတစ်ခုပြီးနောက် မိုနာကိုသို့ရောက်ရှိခဲ့ပါတယ်။ ကလပ်အသင်းသည် 1988 ခုနှစ်တွင် လိဂ်ချန်ပီယံဆုကို ဆွတ်ခူးခဲ့ပြီး 1991 ခုနှစ်တွင် ပြင်သစ်ပြည်တွင်းဖလား ကို ဆွတ်ခူးခဲ့ပါတယ်။ 1995 ခုနှစ်တွင် သူသည် ဂျေလိဂ် ကလပ် နာဂိုရာဂရမ်ပက်စ်အိုက်စ်ရဲ့နည်းပြဖြစ်လာခဲ့ပြီး သူရဲ့ ပထမဆုံးနှင့် တစ်နှစ်တာအတွင်း အမ်ပါရာဖလား နှင့် ဂျပန်စူးပါဖလား တို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဝင်းဂါးသည် 1996 ခုနှစ်တွင် အာဆင်နယ်အသင်းရဲ့နည်းပြအဖြစ် ခန့်အပ်မှုကိုခံရပြီး သူ့ရဲ့ခန့်အပ်မှုကို အင်္ဂလိပ်မီဒီယာများနှင့် သူ့ရဲ့ကစားသမားများထံမှ စိတ်အားထက်သန်မှုအနည်းငယ်ဖြင့် ကြိုဆိုခဲ့ သော်လည်း 1998 ခုနှစ်တွင် ပရီးမီးယားလိဂ်နှင့် FA ဖလား နှစ်ခုလုံးကိုရရှိသည့် ပထမဆုံးနိုင်ငံခြားသား နည်းပြဖြစ်လာခဲ့ပါတယ်။
2001-2 တွင်ပရီးမီးယားလိဂ်ချန်ပီယံဆုကို နောက်တစ်ကြိမ်ရရှိခဲ့ပြီး 2003-4 ခုနှစ်တွင် ရှုံးပွဲမရှိ ချန်ပီယံဆုအဖြစ် ယခင်က ပရက်စ်စတန်အသင်း တင်ထားတဲ့စံချိန်ကို 115 နှစ်ကြာပြီးနောက် လိဂ်ပွဲအများဆုံး 49 ပွဲဆက်တိုက်ဖြင့်ရယူနိုင်ခဲ့ပါတယ်။ နောက်ပြီး သူ့လက်အောက်တွင် ကလပ်အသင်းဟာ 2006 ချန်ပီယံလိဂ်ဖိုင်နယ်တွင်လည်း ပထမဆုံးအကြိမ်ပါဝင် ကစားခွင့် ရရှိခဲ့ပါတယ်။ 2010 ခုနှစ်များတွင် FA ဖလားအောင်မြင်မှုများ ပိုမိုရရှိခဲ့ပြီး အာဆင်နယ်ကို FA ဖလား 7 ကြိမ်ဖြင့်အအောင်မြင်ဆုံးကလပ်အသင်းဖြစ်စေခဲ့ပါတယ်။ 2018 ခုနှစ်မှာတော့ အာဆင်ဝင်းဂါးဟာ အာဆင်နယ်မှာထွက်ခွာပြီးနည်းပြဘဝမှအပြီးတိုင်အနား ယူခဲ့ပါတယ်။
ဝင်းဂါးကို 1949 ခုနှစ် အောက်တိုဘာလ 22 ရက်နေ့ စထွက်စ်ဘော့ ၊ အယ်လ်ဆေ့ တွင်မွေးဖွားခဲ့ပြီး ကလေး 3 ယောက်တွင်အငယ်ဆုံးဖြစ်ပါတယ်။ သူသည် 1950 ခုနှစ်များအတွင်း ဒူပစ်ဟိန်း တွင်နေထိုင်ခဲ့ပြီး စထွက်စ်ဘော့ ရဲ့အနောက်တောင်ဘက် 16 ကီလိုမီတာ (10 မိုင်) အကွာရှိတဲ့ ရွာမှာဖြစ်ပါတယ်။ ဝင်းဂါးမိသားစုသည် မော်တော်ကားအပိုပစ္စည်းလုပ်ငန်းနှင့် La Croix d'Or အမည်ရှိ စားသောက်ဆိုင်လေးတစ်ခု ကိုလုပ်ကိုင်ခဲ့ကြပါတယ်။ ရွာအသင်းကိုလည်း စီမံခန့်ခွဲခဲ့တဲ့ သူ့အဖေရဲ့ အဆိုအရ ဝင်းဂါးဟာ အသက်ခြောက်နှစ်သားလောက်မှာ ဘောလုံးနဲ့ စတင်ထိတွေ့ခဲ့တာဖြစ်ပါတယ်။
အာဆင်ဝင်းဂါးဟာ သူပရီးမီးယားလိဂ်ကိုရောက်ရှိချိန် ပရီးမီးယားလိဂ်ရဲ့ကန်တင်ပြေးကစားကွက်ကနေ ခွဲထွက်ပြီးကိုယ်ပိုင်ကစားဟန်နဲ့ စွဲမက်ဖွယ်ကောင်းတဲ့အသင်းကိုတည်ဆောက်ခဲ့တဲ့ သူတစ် ယောက်ပါ။ ယူနိုက်တက်နည်းပြဖာဂူဆန်နှင့်အပြိုင် အာဆင်နယ်နဲ့ ယူနိုက်တက်တို့ရဲ့အားပြိုင်မှုတွေ ဟာလည်း တစ်ကမ္ဘာလုံးကပရိတ်သတ်တွေကိုဖမ်းစားနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ကိုတိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။ သူတို့လက်ထက်က ပြိုင်ဆိုင်မှုတွေဘယ်လောက်ပြင်းထန်ခဲ့လဲ ၊လိဂ်ကဘယ်လောက်တိုးတက်ခဲ့လဲဆိုတာ ယနေ့အချိန်မှာ လူတိုင်းကပရီးမီးယားလိဂ်ကို ပိုမိုကြိုက်နှစ်သက်ကြတာက သက်သေလို့လည်းပြောလို့ရပါတယ်။
#k9mmmedia
#Arsenal
#ArseneWenger
LATEST NEWS



Today I would like to tell you about the 10 most valuable full-back players in the world of football.

Today I would like to tell you about the best attacking duo Chelsea have ever had.