မှော်ဝင်ဘယ်ခြေတောက်ပိုင်ရှင် အာဂျန်ရော်ဘင်

ရော်ဘင်သည် 2000-01 Eredivisie ရာသီအတွက် တစ်နှစ်တာအကောင်းဆုံးကစားသမားဖြစ်ခဲ့သော Groningen နှင့်အတူ ပထမဆုံးထင်ရှားကျော်ကြားလာခဲ့တာဖြစ်ပါတယ်။ 2 နှစ်အကြာတွင် သူသည် PSV တွင် လက်မှတ်ရေးထိုးခဲ့ပြီး နယ်သာလန်ရဲ့ တစ်နှစ်တာအကောင်းဆုံး လူငယ်ကစားသမား ဖြစ်လာကာ Eredivisie ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ နောက်ရာသီတွင် ရော်ဘင်ရဲ့ လက်မှတ်ကို ထိပ်တန်းကလပ်များက လိုခြင်ခဲ့ကြပြီး နှစ်ရှည်အပြောင်းအရွှေ့ ညှိနှိုင်းမှုများ ပြုလုပ်ပြီးနောက် 2004 ခုနှစ်တွင် ချယ်လ်ဆီးသို့ ရောက်ရှိခဲ့ပါတယ်။
ရော်ဘင်ရဲ့ ချယ်လ်ဆီးပွဲဦးထွက်တွင် ဒဏ်ရာကြောင့် နှောင့်နှေးခဲ့ရသော်လည်း ကြံ့ခိုင်မှု ပြန်ရလာသော အခါတွင် ချယ်လ်ဆီးအသင်းအား ပရီးမီးယားလိဂ်ဖလား 2 နှစ်ဆက်တိုက် ပြတိုက်ထဲရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒဏ်ရာကြောင့် အင်္ဂလန်မှာ တတိယမြောက်ရာသီကစားအပြီး ရော်ဘင်ဟာ ရီးရဲမက်ဒရစ်အသင်းထံ ယူရို 35 သန်းဖြင့် ပြောင်းရွှေ့သွားခဲ့ပါတယ်။
2009 သြဂုတ်လတွင် ရော်ဘင်ဟာ ဘိုင်ယန်မြူးနစ်သို့ ပြောင်းရွှေ့ကြေး ယူရို ၂၅ သန်းဝန်းကျင်ဖြင့် ပြောင်းရွှေ့ခဲ့ပြီး ပထမဆုံးရာသီမှာပဲ ဘိုင်ယန်မြူးနစ်နှင့်အတူ ချန်ပီယံဖြစ်ခဲ့ပါတယ်။ ရော်ဘင်သည် 2013 ခုနှစ် ချန်ပီယံလိဂ် ဖိုင်နယ်တွင် အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး ရာသီအကောင်းဆုံး လူစာရင်းတွင် ပါဝင်ခဲ့ကာ 2014 တွင် FIFPro World XI ၊ UEFA Team of the Year နှင့် ရွှေဘောလုံးဆုတို့တွင်လည်း စတုတ္ထနေရာရရှိခဲ့ပါတယ်။ ဂျာမနီတွင် ဘွန်ဒက်စ်လီဂါ 8 ကြိမ်နှင့် ပိုကယ်ဖလား 5 ကြိမ်အပါအဝင် ဆုဖလား 20 ဆွတ်ခူးနိုင်ခဲ့ကာ ဘိုင်ယန်တွင် ကာလရှည်ကြာ ကစားနေစဉ်အတွင်း ရော်ဘင်ဟာ အသင်းဖော်တောင်ပံကစားသမား ရီဘာရီနှင့် အတွဲညီစွာခြေစွမ်းပြနိုင်ခဲ့ပြီး ပရိတ်သတ်တွေကသူတို့ကို “ Robbery “ လို့အမည်ပြောင်ပေးခဲ့ကြပါတယ်။
ရော်ဘင်ကို နယ်သာလန်အရှေ့မြောက်ပိုင်းရှိ ဘက်ဒမ် တွင် မွေးဖွားခဲ့ပြီး သူသည် ငယ်ရွယ်စဉ် ကတည်းက ဘောလုံးကစားခြင်းကိုစတင်ပြုလုပ်ခဲ့ပါတယ်။ သူ့ရဲ့ ဘောလုံးထိန်းချုပ်မှုနှင့် နည်းစနစ်ပိုင်းကျွမ်းကျင်မှုတို့က သူ့ကို အဖိုးတန်ကစားသမားဖြစ်လာစေခဲ့ပြီး ဒေသတွင်းကလပ် FC Groningen မှ လျှင်လျှင်မြန်မြန်နဲ့ခေါ်ယူခြင်းကိုခံခဲ့ရအောင်ကိုပါရမီထူးကဲခဲ့ပါတယ်။
ကစားသမားဘဝတစ်လျှောက်လုံးတွင် ရော်ဘင်သည် ကမ္ဘာ့အကောင်းဆုံးတောင်ပံကစားသမား များထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံရပြီး သူရဲ့ဖြတ်ကျော်မှုများသည် မည်သည့်ခံစစ်ကိုမဆို ဒုက္ခတွေ
ပေးနိုင်တဲ့အထိထူးကဲလွန်းခဲ့ပါတယ်။များသောအားဖြင့် ညာတောင်ပံတွင် အဓိက ကစားပြီး၊ သူ့ရဲ့ကစားပုံ၊ သူဘယ်လို ဖြစ်ကျော်မလဲ ဘယ်လိုဂိုးသွင်းမလဲဆိုတာ ခံစစ်ကစားသမားတိုင်းသိကြပေမဲ့ ဘယ်သူမှမထိန်းနိုင်ကြပါဘူး၊ ဘယ်ခြေတစ်ပေါက်ပဲရှိပင်မဲ့ အဲ့ဒီတစ်ပေါက်ထဲကို ဘယ်သူမှ မထိန်းနိုင်ခဲ့ကြပါဘူး။ သူဟာ ဘယ်ခြေဖြင့်လိဂ်ဂိုး 134 သွင်းယူခဲ့ပြီး ညာခြေဖြင့် လိဂ်ဂိုးဆယ်ဂိုးသာ သွင်းယူ ခဲ့တာလည်း ဖြစ်ပါတယ်။
#k9mmmedia
#BayernMunchen
#ArjenRobben
LATEST NEWS


Today I would like to tell you about the 10 most valuable full-back players in the world of football.

Today I would like to tell you about the best attacking duo Chelsea have ever had.
.png)