တောင်ပံတစ်ပေါက်လျှမ်းလျှမ်းတောက်ခဲ့တဲ့ ဖရန့်ရီဘာရီ

ဖရန့်ရီဘာရီ သည်ပြင်သစ်နိုင်ငံသား ပရော်ဖက်ရှင်နယ်ဘောလုံးသမားဟောင်းတစ်ဦးဖြစ်ပြီး တောင်ပံကစားသမားအဖြစ်သာ အဓိကကစားကာ ဘယ်ဘက်ခြမ်းတွင်ပေါက်ကွဲအားကောင်းကောင်း ဖြင့် သူ့ရဲ့ကျွမ်းကျင်မှု နှင့် ဖြတ်ကျော်နိုင်မှုတွေကြောင့်လူသိများသူ ဖြစ်ခဲ့ပါတယ်။ သူဟာ သူ့မျိုးဆက်ရဲ့ အကောင်းဆုံးကစားသမားများထဲမှတစ်ယောက်အဖြစ်သတ်မှတ်ခံထားရပြီး အားကစားသမိုင်းမှာ အကြီးကျယ်ဆုံးတောင်ပံကစားသမားတစ်ဦးအဖြစ်လည်းသတ်မှတ်ခံထား ရသူဖြစ်ပါတယ်။ လက်ရှိမှာတော့သူဟာ အီတလီစီးရီး 𝐁 ကလပ် ဆလာနီတားနား ရဲ့နည်းစနစ်ပိုင်းနည်းပြအဖွဲဝင်အဖြစ် တာဝန်ယူနေသူဖြစ်ပါတယ်။
ရီဘာရီ သည် 𝟏𝟗𝟖𝟗 တွင်ပြည်တွင်းမွေးရပ်မြေကလပ် 𝐅𝐂 ကွန်တီဘိုလုံး အတွက်လူငယ်ကစားသမား ဘဝကိုစတင်ခဲ့ပါတယ်။ ခုနစ်နှစ်အကြာတွင် လိုင်လီသို့ပြောင်းရွှေ့ခဲ့ပြီး အခက်အခဲတွေနဲ့ အဆင်မပြေဖြစ်ခဲ့ပြီးနောက် သုံးနှစ်အကြာမှာကလပ်ကနေပြန်လည်ထွက်ခွာခဲ့ပါတယ်။ 𝟏𝟗𝟗𝟗 ခုနှစ်တွင် သူသည် 𝐔𝐒 ဘိုလုံး သို့ရောက်ရှိခဲ့ပြီး နှစ်နှစ်ကြာကစားခဲ့ပြီးနောက် အယ်လ်လက်စ် နှင့် ဘရက်စ် တို့တွင်လည်းကစားခဲ့ပြီး 𝟐𝟎𝟎𝟒 ခုနှစ်တွင် လီဂူးဝမ်းကလပ် မိန့်ဇ်သို့ ပြောင်းရွှေ့ခဲ့ပါတယ်။ အသင်းနှင့်အတူ ခြောက်လကြာပြီးနောက် ရီဘာရီ သည် ဇန်န၀ါရီ ၊ 𝟐𝟎𝟎𝟓 တွင် တူရကီကလပ် ဂါလာတာစာရေးသို့ပြောင်းရွှေ့ခဲ့ကာ တူရကီဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဂါလာတာစာရေး မှာလည်း ခြောက်လကြာပြီးနောက်မှာတော့ မာဆေးကိုပြောင်းဖို့အတွက် အငြင်းပွားဖွယ်ပုံစံနဲ့ ကလပ်ကနေထွက်ခွာခဲ့ပါတယ်။ မာဆေးတွင် နှစ်ရာသီကြာနေထိုင်ခဲ့ပြီး အသင်းကို ကော့ဒီဖရန့် ဖိုင်နယ်သို့ 𝟐 ကြိမ်ဆက်တိုက်တက်နိုင်အောင်ကူညီပေးနိုင်ခဲ့ပါတယ်။
𝟐𝟎𝟎𝟕 မှာတော့သူ့အတွက်အကောင်းဆုံးနေရာဖြစ်သည့် ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်သို့ ရောက်ရှိခဲ့ပြီး ထိုစဉ်က ကလပ်စံချိန်တင်ကြေး ယူရို 𝟐𝟓 သန်းဖြင့် ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ဘိုင်ယန်နဲ့အတူ ဘွန်ဒက်လီဂါဖလား 𝟗 ကြိမ် ၊ ပိုကယ်ဖလား 𝟔 ကြိမ်၊ ယူအီးအက်ဖ်အေချန်ပီယံလိဂ် 𝟏 ကြိမ် ၊ ဖီဖာကလပ်ကမ္ဘာ့ဖလား 𝟏 ကြိမ်နှင့်အခြားဆုဖလားတွေအပါအဝင် စုဖလားပေါင်း 𝟐𝟑 လုံးကို 𝟏𝟐 ရာသီအတွင်းရယူနိုင်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းရဲ့ 𝟐𝟎𝟏𝟐-𝟏𝟑 ဖလားသုံးလုံးအနိုင်ရရာသီတွင် သူသည် 𝟐𝟎𝟏𝟑 ဖီဖာရွှေဘော်လုံးဆုအတွက် ဆန်ကာတင်သုံးဦးစာရင်းတွင် လီယွန်နယ်မက်ဆီနှင့် ခရစ္စတီယာနိုရော်နယ်ဒိုတို့နှင့်အတူ ပါဝင်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်တွင် ကာလရှည်ကြာစွာ ကစားနေချိန်အတွင်းသူသည် အသင်းဖော်တောင်ပံကစားသမား အာဂျန်ရော်ဘင် နှင့် အတွဲညီကာ နာမည်ကျော်ခဲ့ပြီး သူတို့ကို “ 𝐑𝐨𝐛𝐛𝐞𝐫𝐲 “ ဟုအမည်ပြောင်ပါပေးခဲ့ကြပါတယ်။ 𝟐𝟎𝟏𝟗 နွေရာသီတွင် ဘိုင်ယန်မှထွက်ခွာခဲ့ပြီးနောက်ပိုင်းအီတလီကလပ် ဖီအိုရင်တီးနားသို့ရောက်ရှိလာခဲ့ပြီး 𝟐 ရာသီ ဖြတ်သန်းပြီးနောက်၊ နောက်ဆုံးကလပ်ဖြစ်တဲ့ ဆလာနီတားနား သို့ပြောင်းရွှေ့ကာ အောက်တိုဘာ 𝟐𝟎 ၊ 𝟐𝟎𝟐𝟐 တွင်စာချုပ်ဖျက်သိမ်းခဲ့ပြီး ကစားသမားဘဝမှာအနားယူခဲ့ပါတယ်။
နိုင်ငံလက်ရွေးစင်အဖြစ် 𝟐𝟎𝟎𝟔 မှ 𝟐𝟎𝟏𝟒 ခုနှစ်အတွင်း ပွဲပေါင်း 𝟖𝟏 ပွဲကစားကာ၊ 𝟏𝟔 ဂိုးသွင်းယူ ပေးခဲ့ပါတယ်။ သူသည် ဖီဖာကမ္ဘာ့ဖလားတွင် 𝟐 ကြိမ် ( 𝟐𝟎𝟎𝟔 နှင့် 𝟐𝟎𝟏𝟎 ) နှင့် ယူအီးအက်ဖ်အေ ဥရောပချန်ပီယံပြိုင်ပွဲတွင် 𝟐 ကြိမ် ( 𝟐𝟎𝟎𝟖 နှင့် 𝟐𝟎𝟏𝟐 ) တို့တွင် ကစားပေးခဲ့ပြီး တစ်ဦးချင်းဆုအနေဖြင့် ပြင်သစ်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ( 𝟑 ) ကြိမ်ရရှိခဲ့ပြီး ဂျာမန်တစ်နှစ်တာ အကောင်းဆုံးဘောလုံးသမားဆုကိုလည်း ရရှိခဲ့ကာ ထိုဆုနှစ်ခုလုံးကိုကိုင်မြှောက်ထားနိုင်သည့် ပထမဆုံးကစားသမားဖြစ်ခဲ့ပါတယ်။ 𝟐𝟎𝟏𝟑 ခုနှစ်တွင် ယူအီးအက်ဖ်အေအကောင်းဆုံးကစားသမား ဆုကိုလည်းရရှိခဲ့ပြီး 𝐓𝐡𝐞 𝐆𝐮𝐚𝐫𝐝𝐢𝐚𝐧 ရဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမားများစာရင်းတွင် စတုတ္ထအဆင့် တွင်ပါဝင်ခဲ့ပါတယ်။
ရီဘာရီကို 𝟕 ဧပြီ ၊ 𝟏𝟗𝟖𝟑 တွင် မွေးဖွားခဲ့ပြီး သူသည်မြို့၏အစွန်းအဖျားရှိ ဝင်ငွေနည်းရပ်ကွက်တွင် ကြီးပြင်းခဲ့ပါတယ်။ သူနှစ်နှစ်သားအရွယ်တွင် သူနှင့်သူ့မိသားစုသည်မွေးရပ်မြေတွင် လော်ရီကားနှင့် တိုက်မိပြီး ယာဉ်မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ကာ သူသည် ချုပ်ရိုးတစ်ရာကျော်ချုပ်ခဲ့ရပြီး မျက်နှာ၏ညာဘက်ခြမ်းတွင် ရှည်လျားသောအမာရွတ်နှစ်ခုနှင့် သူ့ရဲ့မျက်ခုံးတစ်ဖက်တို့ကို ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။
သူ့ရဲ့မျက်နှာပေါ်က ဒဏ်ရာနဲ့ပက်သက်ပြီး ရီဘာရီက “ ကျွန်တော် ဘယ်ကိုသွားသွားလူတွေ ကြည့်တာကိုခံရတယ်၊ ရုပ်ဆိုးလိုက်တာကွာဆိုပြီး ကဲ့ရဲ့တာကိုလည်းခံခဲ့ရပါတယ်။ ဒါပေမယ့် အကောင်းဘက်ကကြည့်ရင် ဒီမတော်တဆမှုကကျွန်တော့်ကိုအများကြီးကူညီပေးခဲ့ပါတယ်။ ကလေးဘဝတုန်းကဆို ဒီကနေပဲစိတ်ဓာတ်တွေကိုပြန်လည်နှိုးကြားခဲ့တာပါ၊ ဘုရားကကျွန်တော့်ကို အခြားလူတွေနဲ့မတူပဲ ကွဲပြားခြားနားစေတယ်၊ ဒီအမာရွတ်တွေဟာလည်း ကျွန်တော့်ရဲ့အစိတ်အပိုင်း တွေပါပဲ၊ လူတွေကကျွန်တော့်ကိုဒီအရာတွေနဲ့ တွဲပြီးမှတ်မိသွားကြပါလိမ့်မယ်။”
"〰〰〰〰〰〰〰〰〰〰〰〰〰〰〰
𝗞𝟵𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗞𝟵𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"
#k9mmmedia
#FranckRibéry
#winger
LATEST NEWS



Today I would like to tell you about the 10 most valuable full-back players in the world of football.

Today I would like to tell you about the best attacking duo Chelsea have ever had.