တစ်ချိန်ကနာမည်ကျော် ဘီဘီစီတိုက်စစ်တွဲရဲ့ဘယ်ခြေတစ်စုံပိုင်ရှင်

ဘေးလ်ကတော့ တော့တင်ဟမ်ဟော့စပါး၊ ရီးယဲလ်မက်ဒရစ်နှင့် ဝေးလ်လက်ရွေးစင်အသင်းတို့အတွက် အထူးသဖြင့် ညာတောင်ပံကစားသမားအဖြစ် ကစားခဲ့ပြီး လျှပ်စစ်စီးသလိုလျင်မြန်တဲ့ပြေအားတွေ နဲ့ကျော်ကြားခဲ့တဲ့တစ်ချိန်က ဂန္ထဝင်တိုက်စစ်ကစားသမားကြီးဖြစ်ပါတယ်။ သူ့မျိုးဆက်ရဲ့ အကြီးကျယ်ဆုံး ကစားသမားများထဲမှ တစ်ဦးဖြစ်ပြီး အချိန်တိုင်းရဲ့ ဗြိတိန်ရဲ့အကြီးကျယ်ဆုံး ကစားသမားများထဲမှတစ်ဦးအဖြစ်လည်းကျယ်ပြန့်စွာ သတ်မှတ်ခံထားရသူဖြစ်ပါတယ်။
ဘေးလ်သည် ဆောက်သမ်တန်တွင် သူ့ရဲ့ပရော်ဖက်ရှင်နယ် ကစားသမားဘဝကိုစတင်ခဲ့ပြီး ဘယ်နောက်ခံလူတစ်ယောက်အနေဖြင့် 𝟐𝟎𝟎𝟕 ခုနှစ်တွင် တော့တင်ဟမ်ဟော့စပါးသို့ ပြောင်းရွှေ့ခဲ့ပါတယ်။ 𝟐𝟎𝟎𝟗-𝟏𝟎 ဘောလုံးရာသီမှ နည်းပြဟယ်ရီရက်နက်ပ်ရဲ့ လက်အောက်တွင် ဘေးလ်သည် တောင်ပံကစားသမားအဖြစ် ပြောင်းလဲခဲ့ပြီး 𝐏𝐅𝐀 တစ်နှစ်တာအကောင်းဆုံး ကစားသမားဆု 𝟐 ဆုနှင့် တစ်နှစ်တာအကောင်းဆုံး 𝐏𝐅𝐀 အသင်းတွင် 𝟑 ကြိမ်ပါဝင်ခဲ့ကာအင်္ဂလန်တွင် တစ်ဦးချင်းဆုများစွာကို ရရှိခဲ့သူဖြစ်ပါတယ်။ သူသည် 𝟐𝟎𝟏𝟐-𝟏𝟑 ရာသီတွင် 𝐏𝐅𝐀 တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုနှင့် 𝐏𝐅𝐀 လူငယ်ကစားသမားဆုတို့ကို ဆွတ်ခူးခဲ့ပြီး 𝟐𝟎𝟎𝟔-𝟎𝟕 တွင် ခရစ္စတီယာနိုရော်နယ်ဒိုပြီးနောက် ယင်းစွမ်းဆောင်မှုကိုရရှိသည့် ဒုတိယမြောက်ပရီးမီးယားလိဂ် ကစားသမားဖြစ်ခဲ့သူပါ။
𝟐𝟎𝟏𝟑 ၊ စက်တင်ဘာလတွင် ရီးရဲလ်မက်ဒရစ်မှ ဘေးလ်ကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် 𝟖𝟓.𝟏 သန်း (ယူရို 𝟏𝟎𝟎.𝟖 သန်း) ဖြင့် ခေါ်ယူခဲ့ပြီး ခရစ္စတီယာနိုရော်နယ်ဒို ၊ ကာရင်ဘင်ဇီမာတို့နှင့်အတူ ဘီဘီစီတိုက်စစ်အတွဲအဖက်တွင်ပါဝင်ခဲ့ပါတယ်။ 𝟐𝟎𝟏𝟒 တွင် မက်ဒရစ်ကို ကိုပါဒယ်ရေးဖလားနှင့် ချန်ပီယံလိဂ် ဖလားတို့ကို ဆွတ်ခူးနိုင်ရန်ကူညီပေးခဲ့ပြီး ဖိုင်နယ်နှစ်ခုစလုံးတွင်ဂိုးသွင်းယူပေးခဲ့ပါတယ်။ 𝟐𝟎𝟏𝟓-𝟏𝟔 ယူအီးအက်ဖ်အေ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင် 𝟑 ဦးစာရင်းတွင် ပါဝင်ခဲ့ပြီး သူသည် ရွှေဘောလုံးဆု ဆန်ခါတင်စာရင်းတွင်လည်းအများအပြား ပါဝင်ခဲ့ကာ 𝟐𝟎𝟏𝟔 တွင် အဆင့် 𝟔 ဖြင့် အမြင့်ဆုံးပါဝင်ခဲ့ပါတယ်။
သူဟာ ရီးရဲမက်ဒရစ်ရဲ့ 𝟐𝟎𝟏𝟖 ချန်ပီယံလိဂ်ဖိုင်နယ်မှာ အကောင်းဆုံးဂိုးတွေထဲကတစ်ဂိုးအဖြစ် သတ်မှတ်ခံထားရတဲ့ သွင်းဂိုးကို သွင်းယူနိုင်ခဲ့တဲ့အပြင် 𝟐𝟎𝟏𝟖 တွင် ဖီဖာကလပ်ကမ္ဘာ့ဖလားရဲ့ ရွှေဘောလုံးဆုကိုရရှိခဲ့ပါတယ်။ သူ့ရဲ့ စပိန်လာလီဂါ 𝟗 နှစ်တာကာလအတွင်း လာလီဂါဖလား 𝟑 ကြိမ်နှင့် ချန်ပီယံလိဂ် 𝟓 ကြိမ်အပါအဝင် ဆုဖလား 𝟏𝟓 လုံး ထိရရှိခဲ့ပါတယ် ( ကြားကာလ 𝟐𝟎𝟐𝟎-𝟐𝟏 ရာသီမှာတော့အသင်းဟောင်းစပါးထံ အငှားတစ်ရာသီပြန်ကစားခဲ့ပါတယ် ) ။ ရီးရဲပြီးနောက် မေဂျာလိဂ်ကလပ် လော့စ်အိန်ဂျယ်စ် သို့ 𝟐𝟎𝟐𝟐 ဇူလိုင်တွင်ရောက်ရှိခဲ့ပြီး အသက် 𝟑𝟑 နှစ်အရွယ် 𝟐𝟎𝟐𝟑 ဇန်နဝါရီလမှာ ကစားသမားဘဝမှအနားယူခဲ့ပါတယ်။
နိုင်ငံလက်ရွေးစင်အဖြစ် 𝟐𝟎𝟎𝟔 ခုနှစ် မေလတွင်ဝေးလ်အသင်းအတွက် ပွဲဦးထွက်ကစားပေးခဲ့ပြီး နိုင်ငံအသင်းအတွက် ပြိုင်ပွဲစုံ 𝟏𝟏𝟏 ပွဲ ကစားကာ 𝟒𝟏 ဂိုး သွင်းယူခဲ့ပြီး ဝေးလ်အသင်းရဲ့ အကောင်းဆုံးကစားသမားနှင့် ဂိုးသွင်းအများဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။ နောက်ပြီး ဝေးရဲ့တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို စံချိန်တင် 𝟔 ကြိမ်ထိလည်းရရှိထားသူပါ။ယူအီးအက်ဖ်အေ ယူရို 𝟐𝟎𝟏𝟔 ခြေစစ်ပွဲများတွင် ဝေးလ်အသင်းအတွက် ထိပ်တန်းဂိုးသွင်းသူဖြစ်ခဲ့ပြီး 𝟕 ဂိုးသွင်းယူခဲ့ကာ သူသည် ယူရို 𝟐𝟎𝟐𝟎 တွင်လည်းကစားခဲ့ပြီး 𝟐𝟎𝟐𝟐 ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဝေးလ်စ်အသင်းကို ခြေစစ်ပွဲအောင်ဖို့ ကူညီပေးခဲ့ကာ ဝေးလ်စ်ကိုကမ္ဘာ့ဖလားပြိုင်ပွဲနှင့် 𝟔𝟒 နှစ်ကြာဝေးကွာနေမှုကို အဆုံးသတ်စေခဲ့ပါတယ်။
ဘေးလ်ကို ကာဒစ်ဖ်၊ ဝေလပြည်နယ်တွင် ကျောင်းစောင့်တစ်ဦးဖြစ်သည့် ဖရန့်ခ်နှင့် ခွဲစိတ်မှုမန်နေဂျာ ဒက်ဘီဘေးလ်တို့မှ မွေးဖွားခဲ့ပြီး သူရဲ့ဘောလုံးသူရဲကောင်းမှာ ဝဲလ်ရှ်မန်နှင့် မန်ယူကစားသမား ရိုင်ယန်ဂစ်တို့ဖြစ်ကြပါတယ်။ ဘောလုံးမျိုးရိုးအဖြစ်သူဟာ ကာဒစ်ဖ်စီးတီးဘောလုံးသမားဟောင်း ခရစ်ပိုက်ခ် ရဲ့တူတော်စပ်သူလည်းဖြစ်ပါတယ်။ သူဟာ ဝှစ်ချက်ခ် ရှိ 𝐄𝐠𝐥𝐰𝐲𝐬 𝐍𝐞𝐰𝐲𝐝𝐝 မူလတန်းကျောင်းကို တက်ရောက်ခဲ့ပြီး ဤကျောင်းတွင်ရှိစဉ်တွင် သူသည် ၎င်း၏ပထမဆုံးကလပ် ကာဒစ်ဆေဗယ်စားဗစ် အသင်းနှင့် ပါဝင်ကစားနေစဉ် အသက် 𝟗 နှစ်တွင် ဆောက်သမ်တန်အသင်းရဲ့ အာရုံကိုဖမ်းစားနိုင်ခဲ့တာဖြစ်ပါတယ်။
ဘေးကတော့ ဘောလုံးသမားတစ်ဦးဖြစ်ပေမဲ့ သူ့ရဲ့အဓိကဝါသနာက ဂေါ့သမားတစ်ဦးဖြစ်ပြီး သူဟာ လက်ရှိမှာလည်း ပရော်ဖက်ရှင်နယ်ပြိုင်ပွဲတွေဝင်ပြိုင်နေကာ ပရိတ်သတ်တွေကိုအမြင်တစ်မျိုးနဲ့ ဖမ်းစားနေတာဖြစ်ပါတယ်။
#k9mmmedia
#GarethBale
#Realmadrid
LATEST NEWS



Today I would like to tell you about the 10 most valuable full-back players in the world of football.

Today I would like to tell you about the best attacking duo Chelsea have ever had.