အကြီးကျယ်ဆုံးကွင်းလယ်ကစားသမားတွေထဲမှတစ်ယောက်ဖြစ်တဲ့ လီဗာပူးလ်ဂန္ထဝင် စတီဗင်ဂျရတ်

မေလ 30 ၊ 1980 ဖွား လီဗာပူးလ်ဂန္ထဝင်ကြီး စတီဗင်ဂျရတ်ဟာ သူ့ခေတ်သူ့အခါက အကြီးကျယ်ဆုံးကွင်းလယ်ကစားသမားတွေထဲကတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ကစားသမားဘဝ သက်တမ်းအားလုံးနီးပါးကို လီဗာပူးလ်အသင်းမှာပဲကုန်ဆုံးခဲ့ပြီး လီဗာပူးလ်အသင်းအတွက် ပေးဆပ်ခဲ့တဲ့ သစ္စာရှိကစားသမားတစ်ယောက်ပါ။ သူဟာလီဗာပူးလ်အသင်းရဲ့အောင်မြင်ခြင်း ၊ ကျရှုံးခြင်း အားလုံးမှာပါဝင်ခဲ့ပြီး လီဗာပူးပရိတ်သတ်တွေအမြတ်တနိုးတန်ဖိုးထားကြတဲ့ ဂန္ထဝင်ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။
မာဆေးဆိုက် တွင်မွေးဖွားခဲ့တဲ့ ဂျရတ်သည် သူရဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘဝရဲ့အဓိက အစိတ်အပိုင်းအဖြစ် ဒေသခံကလပ် လီဗာပူးလ်အသင်းမှာ 1998 မှ 2015 ထိကစားခဲ့ပြီး ချန်ပီယံလိဂ်ဖလား 1 ကြိမ်၊ FA ဖလား 2 ကြိမ်နှင့် လိဂ်ဖလား 3 ကြိမ်အပါအဝင် ဆုဖလား 9 လုံးကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ သူဟာဆုဖလားပြိုင်ပွဲတွေမှာ အောင်မြင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်ဖလားကို တော့ရယူနိုင်ခြင်းမရှိခဲ့ပါဘူး။ လီဗာပူးလ်ပြီးနောက် မေဂျာလိဂ်ဘောလုံးကလပ် အယ်လ်အေဂလက်စီတွင် 2 နှစ်ကစားခဲ့ပြီး 2016 မှာကစားသမားဘဝမှ အနားယူခဲ့ပါတယ်။
သူဟာ အင်္ဂလန်အသင်းနှင့်အတူ 114 ပွဲ ပါဝင်ကစားပေးခဲ့ပြီး 2000 ခုနှစ်မှ 2014 ခုနှစ်အတွင်း အသင်းခေါင်းဆောင်အဖြစ် 38 ကြိမ် တာဝန်ယူခဲ့ပြီး 21 ဂိုး သွင်းယူ ပေးခဲ့ကာ 2000 ၊ 2004 ၊ 2012 ယူအီးအက်ဖ်အေဥရောပချန်ပီယံရှစ် 3 ကြိမ် နှင့် ဖီဖာကမ္ဘာ့ဖလား 3 ကြိမ်ဖြစ်တဲ့ 2006 ၊ 2010 နှင့် 2014 တို့တွင် ပါဝင်ကစားပေးခဲ့ပါတယ်။
ကစားသမားတစ်ဦးအနေဖြင့် သူ့ရဲ့ တစ်ဦးချင်းဆုများတွင် 2005 ယူအီးအက်ဖ်အေတစ်နှစ်တာ အကောင်းဆုံးကစားသမား၊ 2006 PFA တစ်နှစ်တာအကောင်းဆုံးကစားသမား၊ 2009 FWA တစ်နှစ်တာအကောင်းဆုံးကစားသမား ၊ 2007 ခုနှစ်တွင် British Empire of the Order of the Member အဖြစ်ခန့်အပ်ခြင်း နှင့် 2021 မှာ ပရီးမီးယားလိဂ်ရဲ့ Hall of Fame သို့စာရင်းသွင်းခြင်း ခံခဲ့ရပါတယ်။ PFA တစ်နှစ်တာအကောင်းဆုံးအသင်းမှာ စံချိန်တင် 8 ကြိမ်ပါဝင်ခဲ့ပြီး မန်နေဂျာတစ်ဦးအနေဖြင့်လည်း PFA စကော့တလန်နှင့် SFWA တို့မှ 2021 အတွက် တစ်နှစ်တာ အကောင်းဆုံးနည်းပြဆုကိုလည်းရရှိခဲ့ပါတယ်။
ကစားသမားငယ်ဘဝကို သူသည် သူရဲ့မွေးရပ်မြေအသင်းဖြစ်သည့် ဝှစ်စတန်ဂျူနီယာအသင်းတွင် စတင်ကစားခဲ့ပြီး လီဗာပူးလ်ကင်းထောက်များက သူ့ကို သတိပြုမိခဲ့ကာ အသက် 9 နှစ်အရွယ် 1989 မှာပဲ လီဗာပူးလ်အကယ်ဒမီ သို့ ဝင်ရောက်ခွင့်ရရှိခဲ့ပါတယ်။ သူရဲ့ငယ်ဘဝ ဘောလုံးသူရဲကောင်းများ မှာ လီဗာပူးမှာဆိုရင် ဂျွန်ဘားနက်စ် နှင့် အီရန်ရက်ရှ် တို့ဖြစ်ပြီး အင်္ဂလန်အသင်း မှာဆို ပေါ်လ်ဂတ်စ်ကိုဂျင် တို့ဖြစ်ခဲ့ကြပါတယ်။
အသက် 14 နှစ်မှာ ကလပ်အသင်းအမျိုးမျိုးနှင့် စမ်းသပ်မှုများ ပြုလုပ်ခဲ့သော်လည်း မအောင်မြင်ခဲ့ပဲ အင်္ဂလန်လူငယ်အသင်းတွေမှာလည်းရွေးချယ်ခြင်းမခံခဲ့ရပါဘူး။ သူဟာ မဟာပြိုင်ဘက် မန်ချက်စတာယူနိုက်တက်နှင့်လည်းစမ်းသက်ခံခဲ့ဖူးပြီး 1997 မှာ လီဗာပူးလ်နဲ့ပရော်ဖက်ရှင်နယ် စာချုပ်ကိုချုပ်ဆိုနိုင်ခဲ့ပါတယ်။ ဂျရတ်ကို များသောအားဖြင့် ဗဟိုကွင်းလယ်ကစားသမားအဖြစ် အသုံးပြုလေ့ရှိသော်လည်း နောက်ချန်တိုက်စစ်မှူး၊ ကွင်းလယ်ကစားသမား၊ ကွင်းလယ်တိုက်စစ်၊ ညာနောက်ခံလူနှင့် ညာတောင်ပံကစားသမားအဖြစ်လည်း အသုံးပြုခဲ့ကြပါတယ်။
ဂျရတ်သည် နည်းပြဘဝအစကို လီဗာပူးလ် ယူ-18 အကယ်ဒမီအသင်းကိုစတင်ကိုင်တွယ်ခဲ့ပြီးမှစကော့တလန်ပရီးမီးယားလိဂ်ကလပ် ရိန်းဂျားအသင်းကို 2018 မှာစတင်ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။ ရိန်းဂျားအသင်းနဲ့ တတိယရာသီမှာ ဂျရတ်ဟာအသင်းကို လိဂ်ပြိုင်ပွဲမှာရှုံးပွဲမရှိမှတ်တမ်းနဲ့ ဆယ်နှစ်အတွင်း ပထမဆုံးလိဂ်ဖလားကို ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။ 2021 နိုဝင်ဘာလမှာတော့ အက်စတွန်ဗီလာအသင်းရဲ့ မန်နေဂျာဖြစ်လာခဲ့ပေမဲ့ 10 လကြာ တာဝန်ယူပြီးနောက် ရလဒ်များဆိုးရွားမှုကြောင့် ထုတ်ပယ်ခံခဲ့ရပါတယ်။ လက်ရှိမှာတော့ ဆော်ဒီလိဂ်ကိုရောက်ရှိနေပြီး ဆော်ဒီကလပ် အယ်လ်တီဖာ အသင်းရဲ့နည်းပြအဖြစ်တာဝန်ယူကိုယ်တွယ်နေတာဖြစ်ပါတယ်။
#k9mmmedia
#Liverpool
#StevenGerrard
LATEST NEWS


Today I would like to tell you about the 10 most valuable full-back players in the world of football.

Today I would like to tell you about the best attacking duo Chelsea have ever had.
.png)