ယူနိုက်တက်မှာမအောင်မြင်ခဲ့ပေမဲ့ အကောင်းဆုံးတိုက်စစ်မှူးတွေထဲကတစ်ယောက်ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့တဲ့ ဂန္ထဝင်တိုက်စစ်မှူး ဒီရေဂိုဖော်လန်

ဖော်လန်ဟာ နည်းစနစ်ပိုင်းကောင်းမွန်မှု၊ ဖန်တီးနိုင်မှုစွမ်းရည်တွေအပြင် အလုပ်ကြိုးစားပြီး သွင်းဂိုးများစွာသွင်းယူနိုင်တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ နောက်ပြီး သူဟာ တိုက်စစ်မှာစွယ်စုံရတဲ့အတွက် ရှေ့တန်းတလျှောက် မည်သည့်နေရာတွင်မဆို ကစားနိုင်စွမ်းရှိသူလည်းဖြစ်ပါတယ်။ သူ့ကို အဓိက တိုက်စစ်မှူးအဖြစ်၊ ကွင်းလယ်ကစားသမားအဖြစ်၊ တောင်ပံကစားသမားအဖြစ်ပင် အသုံးပြုခဲ့ ကြပြီး သူဟာ ဘယ်ခြေညာခြေနှစ်ဖက်လုံးဖြင့် ဂိုးသွင်းနိုင်တဲ့အပြင် ဧရိယာအတွင်းရော အပြင်မှာပါ ပြင်းထန်တိကျသော အဝေးကန်ချက်များဖြင့်အဆုံးသတ်နိုင်သူလည်းဖြစ်ပါတယ်။ ဒီလိုကန်ချက်တွေကြောင့်ပဲသူကလူသိများပြီး ပြိုင်ဘက်ဂိုးဧရိယာတဝိုက်နေရာလွတ် ပေးလို့မရတဲ့ကစားသမားအဖြစ်လည်းနာမည်ကြီးခဲ့ပါတယ်။
ဖော်လန်ကို ကာရက်စ်စကိုရဲ့ မွန်တီဗီဒီရို တွင် 𝟏𝟗 ၊ မေ 𝟏𝟗𝟕𝟗 တွင်မေးဖွားခဲ့ပြီး သူမှာ ညီအကို 𝟑 ယောက်နှင့် ညီမတစ်ယောက်ရှိပါတယ်။ သူတို့မိသားစုဟာ ကာစီနို နှင့် ရမ်ဘလာ အနားမလှမ်းမကမ်းရှိ ပေါ့တိုစီ လမ်းရှိ တိုက်ခန်းတစ်ခုတွင်နေထိုင်ကြပါတယ်။ နောက်ပြီးသူဟာ ဘောလုံးကစားသမား ဟောင်း ဥရုဂွေးလက်ရွေးစင်အသင်းရဲ့ကစားသမားဖြစ်ခဲ့သူ ပါဘလိုဖော်ရန်ရဲ့သားလည်းဖြစ်ပါတယ်။ သူဟာ ငယ်စဉ်ကတည်းက ကျောင်းမှာအင်္ဂလိပ်စာကိုသင်ယူခဲ့ပြီး ငယ်စဉ်ကပင် လမ်းမများပေါ်မှာ ဘောလုံးကစားခြင်း နှင့် တင်းနစ်ကလပ်တွင် တင်းနစ်ကစားခြင်းများပြုလုပ်ခဲ့ပါတယ်
ဖော်လန်သည် ပီနာရိုးလ် ရဲ့ငယ်ဘဝအမာခံပရိတ်သတ်တစ်ဦးဖြစ်ပြီး လူငယ်ကစားသမားဘဝတွင် ပီနာရိုးလ် နှင့် ဒန်နူဘိုင်အို နှစ်သင်းလုံးမှာကစားခဲ့ပါတယ်။ 𝟏𝟗𝟗𝟓 ၊ အသက် 𝟏𝟔 နှစ်အရွယ်တွင် သူသည် ပြင်သစ်နိုင်ငံသို့ပြောင်းရွှေ့ခဲ့ပြီး နန်စီတွင် 𝟒 လကြာ စမ်းသပ်မှုပြုလုပ်ခဲ့သော်လည်း ရွေးချယ်မခံခဲ့ရပဲ နောက်ပိုင်း သူဟာ သူ့အဖေရဲ့အဆက်အသွယ်ဖြင့် အာဂျင်တီးနားကလပ် ဘိုကာဂျူနီယာ၊ အင်ဒီပန်းဒန့် တို့ရဲ့ကမ်းလှမ်းမှုကို လက်ခံရရှိခဲ့ပြီး ဘိုကာဂျူနီယာကိုငြင်းပယ်ကာ အင်ဒီပန်းဒန့် ကိုရောက်ရှိခဲ့ပါတယ်။ 𝟏𝟗𝟗𝟖 တွင် အာဂျင်တီးနားသို့ရောက်ရှိလာသော ဖော်လန် သည် အင်ဒီပန်းဒန့် အရန်အသင်းများကိုတက်လှမ်းနိုင်ခဲ့ပြီး ပြင်းထန်သောအလုပ်ကြိုးစားမှုနှင့် စွမ်းဆောင်ရည်များကြောင့် ပထမအသင်းနှင့်အတူ လေ့ကျင့်မှုစတင်ရရှိခဲ့ပါတယ်။ ဒီလိုနဲ့သူဟာ လူငယ်အသင်းမှာ တိုးတက်လာပြီး 𝟒 နှစ်ကြာအောင်မြင်ခဲ့ပြီးနောက်မှာတော့ 𝟐𝟎𝟎𝟐 မှာ မန်ချက်စတာယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့ခဲ့ပါတယ်။ ယူနိုက်တက်အသင်းမှာ သူ့ရဲ့ပုံစံက အင်ဒီပန်းဒန့် မှာလောက်မကောင်းခဲ့ပေမဲ့ ယူနိုက်တက်အသင်းနှင့်အတူ 𝟐𝟎𝟎𝟐-𝟎𝟑 မှာ ပရီးမီးယားလိဂ်ဖလား၊ 𝟐𝟎𝟎𝟑-𝟎𝟒 မှာ 𝐅𝐀 ဖလားတို့ကို ရရှိခဲ့ပါတယ်။
𝟐𝟎𝟎𝟒 နွေရာသီတွင် စပိန်ကလပ် ဗီလာရီးရဲလ် သို့ပြောင်းရွှေ့ခဲ့ပြီး စပိန်ဘောလုံးလောကတွင် သူ့ရဲ့ပထမဆုံးရာသီမှာပဲ တစ်ရာသီအတွင်းလိဂ်သွင်းဂိုးအများဆုံးကစားသမားဆု ( 𝐏𝐢𝐧𝐜𝐡𝐢𝐜𝐡𝐢 𝐓𝐫𝐨𝐩𝐡𝐲 ) ကို ရရှိခဲ့ပါတယ်။ ဗီလာရီးရဲလ် အသင်းတွင် အောင်မြင်သော 𝟐 ရာသီကြာဖြတ်သန်းပြီးနောက် ဖော်လန်သည် အက်သလက်တီကိုမက်ဒရစ်သို့ ရောက်ရှိလာခဲ့ပြီး လိဂ်သွင်းဂိုးအများဆုံးကစားသမား ဖြစ်လာခဲ့ကာ ရော်နယ်ဒိုနောက်ပိုင်း 𝟏𝟗𝟗𝟔-𝟗𝟕 နှင့် 𝟐𝟎𝟎𝟑-𝟎𝟒 ခုနှစ်နောက်ပိုင်း လိဂ်သွင်းဂိုးအများဆုံး ကစားသမားဆု ( 𝐏𝐢𝐧𝐜𝐡𝐢𝐜𝐡𝐢 𝐓𝐫𝐨𝐩𝐡𝐲 ) နှစ်ကြိမ်ရရှိသည့် ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။ နောက်ပြီး အက်သလက်တီကိုရဲ့ 𝟐𝟎𝟏𝟎 ယူရိုပါလိဂ် ဖိုင်နယ်တွင် ဖူလ်ဟမ်နှင့် ပွဲစဉ်မှာလည်း ဂိုးသွင်းယူနိုင်ခဲ့သူပါ။ 𝟐𝟎𝟏𝟏 ခုနှစ်တွင် သူသည် စီးရီးအေကလပ်အင်တာမီလန်သို့ ပြောင်းရွှေ့ခဲ့ပြီး 𝟐𝟎𝟏𝟐 ခုနှစ်တွင် အင်နာနေရှင်နယ် သို့ပြောင်းရွှေ့ခဲ့ကာ 𝟐 ရာသီကြာဖြတ်သန်းပြီးနောက် စီရီဇိုအိုကာဆာ နှင့်ဂျပန်နိုင်ငံတွင် 𝟐 ရာသီကစားနောက်ပိုင်း ဥရုဂွေးရဲ့ ငယ်ဘဝကလပ် ပီနာရိုးလ် ၊ အိန္ဒိယကလပ် မူဘိုင်းစီးတီး ၊ ဟောင်ကောင် ကစ်တ်ချီ တို့မှာကစားခဲ့ပြီး 𝟐𝟎𝟏𝟗 ဩဂုတ်မှာ ပရော်ဖက်ရှင်နယ် ဘောလုံးကစားသမားဘဝမှ အနားယူခဲ့ပါတယ်။
သူသည် နိုင်ငံလက်ရွေးစင်အဖြစ် 𝟐𝟎𝟎𝟐 တွင်ပွဲဦးထွက်ကစားခဲ့ပြီး 𝟐𝟎𝟏𝟓 တွင် အနားယူခဲ့ကာ ထိုကြားကာလတွင် နိုင်ငံအတွက် သွင်းဂိုးပေါင်း 𝟑𝟔 ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ နောက်ပြီး သူဟာ ဥရုဂွေးလက်ရွေးစင်အသင်းနှင့်အတူ 𝟐𝟎𝟏𝟎 ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် 𝟓 ဂိုးသွင်းယူကာ ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမား ရွှေဘောလုံးဆုကို ဆွတ်ခူးခဲ့ပြီး 𝟐𝟎𝟏𝟑 ကွန်ဖက်ဒရေးဖလားပြိုင်ပွဲမှာ ဖော်လန်ဟာ နိုင်ပွဲ 𝟏𝟎𝟎 ရရှိသည့် ပထမဆုံး ဥရုဂွေးကစားသမားဖြစ်ခဲ့ပါတယ်။
ဖော်လန်ဟာ ယူနိုက်တက်မှာခြေစွမ်းပြဖို့ရုန်းကန်ခဲ့ရပေမဲ့ ဗီလာရီးရဲ၊ အက်သလက်တို့မှာ အကောင်းဆုံးတိုက်စစ်မှူးတွေထဲကတစ်ယောက်ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ပြီး ဉရောပသွင်းဂိုးအများဆုံးရွှေဖိနပ်ဆုကို 𝟐 နှစ်ကြိမ်တိုင်တိုင်ရယူနိုင်ခဲ့သည့် ကစားသမားတစ်ယောက် ဖြစ်ခဲ့ပါတယ်။
#k9mmmedia
#ManchesterUnited
#DiegoForlan
#Striker
LATEST NEWS


Today I would like to tell you about the 10 most valuable full-back players in the world of football.

Today I would like to tell you about the best attacking duo Chelsea have ever had.
.png)