ဘောလုံးသမိုင်းမှာနာမည်တစ်လုံးနဲ့ ရပ်တည်ခဲ့တဲ့ ဂန္ထဝင်ခံစစ်မှူး ရီယိုဖာဒီနန်

ဖာဒီနန်သည် ဝက်ဟမ်းယူနိုက်တက်လူငယ်အသင်း မှပေါ်ထွက်လာသော ကစားသမားတစ်ယောက် ဖြစ်ပြီး လူငယ်အဆင့်များမှတစ်ဆင့် တိုးတက်လာကာ 𝟏𝟗𝟗𝟔 ခုနှစ်တွင် ပရော်ဖက်ရှင်နယ် ပရီးမီးယားလိဂ်ပွဲဦးထွက်ကို ကစားခဲ့ပါတယ်။ သူဟာအချိန်ခဏလေးအတွင်းမှာပဲ ပရိတ်သတ် အချစ်တော်ကစားသမားဖြစ်လာပြီး နောက်တစ်နှစ်တွင် ဝက်ဟမ်းအသင်းရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။ 𝟏𝟗𝟗𝟕 ကင်မရွန်းနှင့်ပွဲတွင် သူ့ရဲ့ပထမဆုံးသော လက်ရွေးစင်အသင်း အတွက်ပါဝင်ကစားခဲ့ပြီး ထိုအချိန်က အင်္ဂလန်အတွက်အသက်အငယ်ဆုံးနောက်ခံလူတစ်ယောက် အဖြစ် မှတ်တမ်းဝင်ခဲ့သူပါ။ သူ့ရဲ့အောင်မြင်မှုတွေနဲ့ ဘောလုံးစွမ်းရည်တွေက လိဒ်ယူနိုက်တက်ကို ဆွဲဆောင်ခဲ့ပြီး စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် 𝟏𝟖 သန်းနဲ့ လိဒ်ကခေါ်ယူခဲ့ပါတယ်။ သူသည် လိဒ်တွင် 𝟐 ရာသီကြာနေထိုင်ခဲ့ပြီး 𝟐𝟎𝟎𝟏 တွင်အသင်းခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့ကာ 𝟐𝟎𝟎𝟐 ဇူလိုင်လတွင် မန်ချက်စတာယူနိုက်တက်သို့ နောက်ထပ်စံချိန်တင်ပြောင်းရွှေ့ကြေးတစ်ရပ် ပေါင်းသန်း 𝟑𝟎 ဝန်းကျင်ဖြင့်ပြောင်းရွှေ့ခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်မှာ သူဟာပထမဆုံးရာသီမှာပဲ သူ့ရဲ့ပထမဆုံးသောပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် 𝟐𝟎𝟎𝟑 ၊ စက်တင်ဘာလတွင် မူးယစ်ဆေးစစ်ဆေးခြင်းမှာကျရှုံးခဲ့ပြီး 𝟐𝟎𝟎𝟒 ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ 𝟖 လကြာ ဘောလုံးကစားခွင့်ပိတ်ပင်ခံခဲ့ရပါတယ်။ ဒါကြောင့် သူဟာ ပရီးမီးယားလိဂ်ရာသီဝက်၊ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ 𝐅𝐀 ဖလားအောင်ပွဲ နှင့် ယူရို 𝟐𝟎𝟎𝟒 နိုင်ငံတကာပြိုင်ပွဲများကို လွဲချော်ခဲ့ရပါတယ်။ သူပြန်လာသောအခါတွင် သူသည် မန်ချက်စတာယူနိုက်တက်အသင်းတွင် ပုံစံကောင်းတွေပြန်လည်ပြသနိုင်ခဲ့ပြီး 𝐏𝐅𝐀 ရဲ့ တစ်နှစ်တာ အကောင်းဆုံးအသင်းတွင် 𝟒 ကြိမ်ပါဝင်ကာ သူ့ရဲ့စွမ်းဆောင်ရည်များအတွက် ချီးကျူးမှုကို ရရှိခဲ့ပါတယ်။
ဖာဒီနန်ဟာ ယူနိုက်တက်တွင် ပရီးမီးယားလိဂ်ချန်ပီယံ 𝟔 ကြိမ် နှင့် ဆုဖလား 𝟏𝟒 ကြိမ် ဆွတ်ခူးနိုင်ခဲ့ပြီး သူ့ရဲ့ယူနိုက်တက်ကစားသမားဘဝသည် 𝟐𝟎𝟏𝟒 ခုနှစ်တွင် ကုန်ဆုံးခဲ့ပါတယ်။ ပြီးနောက် 𝟐𝟎𝟏𝟒-𝟏𝟓 ရာသီတွင် 𝐐𝐏𝐑 သို့တစ်ရာသီပြောင်းရွှေ့ကစားခဲ့ပြီး မေလ 𝟑𝟎 ရက် 𝟐𝟎𝟏𝟓 တွင် ပရော်ဖက်ရှင်နယ် ဘောလုံးလောကမှ အနားယူကြောင်းကြေညာခဲ့ပါတယ်။ 𝟐𝟎𝟏𝟕 စက်တင်ဘာလတွင်၊ ဖာဒီနန် ဟာသူ့ရဲ့ဇနီးဆုံးပြီးနောက် စိတ်ထွက်ပေါက်အနေနဲ့ ပရော်ဖက်ရှင်နယ် ဘောင်ဆင်ကစားသမား တစ်ယောက်ဖြစ်လာဖို့ပြင်ဆင်နေကြောင်းသူ့ရဲ့ရည်ရွယ်ချက်ကိုချပြခဲ့ပါတယ်။ သို့သော် ဗြီတိန်ရဲ့ ဘောင်ဆင်အဖွဲ့ချုပ်မှ သူ့အားလိုင်စင်မထုတ်ပေးခဲ့တဲ့အတွက် ဘောင်ဆင်ကစားသမားဘဝကိုတော့ လျှောက်လှမ်းခွင့်မရရှိခဲ့ပါဘူး။
ရီယိုဖာဒီနန် ကို 𝟏𝟗𝟕𝟖 ၊ နိုဝင်ဘာလ 𝟕 ရက်နေ့ ကန်ဘာဝဲတွင်မွေးဖွားခဲ့ပြီး ပက်ခ်ဟန် တွင်ကြီးပြင်းခဲ့ပါတယ်။ သူရဲ့မိဘများမှာ အိုင်ယာလန်သူ မိခင် ဂျနိုက်စ်လာဗန်ဒါ နှင့် ဖခင်မှာ စိန့်လူစီရန်သား ဂျူလီယန်ဖာဒီနန်တို့ဖြစ်ကြပါတယ်။ သူဟာငယ်စဉ်ထဲက ဘောလုံးအားကစားနှင့် ကျွမ်းဘားသင်တန်းများသာမက ဒရာမာ၊ ပြဇာတ်နှင့် ဘဲလေးတို့တွင်လည်းပါဝင်ခဲ့ပါတယ်။
ဖာဒီနန်ရဲ့ သာလွန်ကောင်းမွန်သော ဘောလုံးစွမ်းရည်သည် ကလေးဘဝကပင် ထင်ရှားခဲ့ပြီး 𝟏𝟏 နှစ်သားအရွယ်တွင် လူငယ်နည်းပြတစ်ဦးဖြစ်သည့် ဒေးဗစ်ဂွတ်ဝင်က "ကျွန်တော် ခင်ဗျားကို ပီလီလို့ခေါ်မယ် သားရယ်၊ မင်းကစားတာကို သဘောကျတယ်" ချီးကျူးခြင်းခံခဲ့ရပါတယ်။ သူသည်လူငယ်အသင်းများတွင် ပုံမှန်ကစားရပြီး အီသန်တောင်းတွင် တိုက်စစ်ကွင်းလယ် ကစားသမားအဖြစ် ကစားခဲ့သော်လည်း အသင်းကင်းထောက်များက ဒီလူငယ်ကစားသမားသည် ဗဟိုခံစစ်ဖြစ်လာနိုင်သည့် အလားအလာရှိကြောင်း ထင်မြင်ယူဆခဲ့ကာနောက်ခံလူတစ်ယောက်ဖြစ်ဖို့ အကြောင်းဖန်ခဲ့ပါတယ်။
သူဟာ နိုင်ငံလက်ရွေးစင်အဖြစ် 𝟏𝟗𝟗𝟕 မှ 𝟐𝟎𝟏𝟏 ခုနှစ်အတွင်း အင်္ဂလန်လက်ရွေးစင်အသင်းအတွက် 𝟖𝟏 ပွဲကစားခဲ့ပြီး ဖီဖာကမ္ဘာ့ဖလားအသင်း 𝟑 သင်းတွင်ပါဝင်ခဲ့ကာ သူဟာအင်္ဂလန်ရဲ့ အကြီးကျယ်ဆုံး နောက်ခံလူများထဲမှတစ်ဦးဖြစ်ခဲ့ပြီး အချိန်တိုင်းရဲ့အကောင်းဆုံးများထဲမှတစ်ယောက်အဖြစ်လဲ သတ်မှတ်ခံထားရသူဖြစ်ပါတယ်။ သူ့ရဲ့အကို အန်တန်သည်လည်း ဗဟိုနောက်ခံလူတစ်ဦးဖြစ်ပြီး အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟောင်း လက်စ်ဖာဒီနန်နှင့် ဒါဂျန်ဟန်ရက်ဒ်ဘရိုက်ကွင်းလယ်လူဟောင်း ကိန်းဖာဒီနန်တို့သည်လည်း သူ့ရဲ့ဝမ်းကွဲညီအစ်ကိုများဖြစ်ကြပါတယ်။ ဖာဒီနန်ဟာ လက်ရှိအချိန်မှာတော့ အောင်မြင်ကျော်ကြာတဲ့ ဘောလုံးဝေဖန်သုံးသပ်သူတစ်ယောက် အနေနဲ့ ဘဝကိုဖြတ်သန်းနေပါတယ်။
"
𝗞𝟵𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗞𝟵𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"
LATEST NEWS



Today I would like to tell you about the 10 most valuable full-back players in the world of football.

Today I would like to tell you about the best attacking duo Chelsea have ever had.