တစ်ချိန်က ဒိတ်ဒိတ်ကျဲဂန္ထဝင်တိုက်စစ်မှူးကြီး ဆင်မြူရယ်အီတူး

အီတူးဟာ လျှင်မြန်သော၊ သန်မာပြီး ထက်မြက်သော၊ ခေါင်းတိုက်စွမ်းရည်နှင့် အဆုံးသတ်ကောင်း သော တိုက်စစ်မှူးတစ်ယောက်ဖြစ်ပါတယ်။ နောက်ပြီး နည်းစနစ်ပိုင်းကောင်းမွန်ပြီး ၊ တိုက်စစ်တွင်နေရာစုံကစားနိုင်ကာ ဂိုးရှေ့တွင်တည်ငြိမ်မှုနှင့်ဂိုးသွင်းယူနိုင်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ အဓိကအားဖြင့် အင်တာမီလန်မှာရှိချိန် နည်းပြဟိုဆေးမော်ရင်ညိုလက်အောင်တွင် ဘက်စုံသုံး တိုက်စစ်ကစားသမားအဖြစ်ခြေစွမ်းပြခဲ့ပြီး အင်တာမီလန်ရဲ့ 𝟐𝟎𝟎𝟗-𝟏𝟎 ဖလား 𝟑 လုံးရရာသီမှာ အဓိကကစားသမားတစ်ယောက်အဖြစ်ပါဝင်ခဲ့ပါတယ်။
သူ့ရဲ့အကောင်းဆုံးအချိန်မှာတော့ သူဟာကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံရပြီး ဂျော်ဂျီဝရှ် ၊ ဒရော့ဘာ တို့နှင့်အတူ အာဖရိကတိုက်မှအကြီးမြတ်ဆုံး တိုက်စစ်မှူး 𝟑 ဦးတွင်ပါဝင်ခဲ့ပါတယ်။ နောက်ပြီးသူဟာ 𝟐𝟎𝟎𝟑 ၊ 𝟐𝟎𝟎𝟒 ၊ 𝟐𝟎𝟎𝟓 နှင့် 𝟐𝟎𝟏𝟎 တို့တွင် လေးကြိမ်တိုင်တိုင် အာဖရိကအကောင်းဆုံးကစားသမားဆုကို စံချိန်တင်ရရှိထားသူလည်းဖြစ်ပါတယ်။ လက်ရှိ အချိန်မှာတော့သူဟာ ကင်မရွန်းဘောလုံးအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌဖြစ်ပြီး နိုင်ငံအတွက်ဘောလုံး အားကစားကို စွမ်းစွမ်းတမံ လုပ်ဆောင်နေသူတစ်ယောက်ပါ။
အီးတူးသည် ငယ်စဉ်က ကင်မရွန်းရှိ ကဒ်ဂျီအားကစားအကယ်ဒမီတွင် လေ့ကျင့်သင်ကြားပြီးနောက် ရီးရဲမက်ဒရစ်ရဲ့ လူငယ်အကယ်ဒမီသို့ 𝟏𝟗𝟗𝟕 တွင်ဝင်ရောက်ခဲ့ပြီး အရွယ်မရောက်သေးသည့် အရွယ်ဖြစ်သောကြောင့် သူဟာ မက်ဒရစ် 𝐁 နှင့်သာ လေ့ကျင့်နိုင်ခဲ့ပါတယ်။ ရီးရဲမက်ဒရစ် 𝐁 အသင်းဟာ တတိယတန်းသို့တန်းဆင်းရပြီးနောက် ဒီအဆင့်မှာက ဥရောပမဟုတ်သော ကစားသမားများကို ကစားခွင့်မပြုသည့်အတွက် သူဟာကစားလို့မရပဲ 𝟏𝟗𝟗𝟕-𝟗𝟖 ရာသီမှာ ဒုတိယတန်းခွဲ လီဂါနက်စ် သို့အငှားချခံခဲ့ရပါတယ်။ အဲ့ဒီမှာ ကလပ်အတွက် ပွဲ 𝟑𝟎 ကစားပြီး 𝟒 ဂိုးသာ သွင်းယူပြီးနောက် 𝟏𝟗𝟗𝟖-𝟗𝟗 ရာသီကုန်ပြီးနောက် မက်ဒရစ်သို့ပြန်လည်ရောက်ရှိခဲ့ပြီး ဇန်နဝါရီ 𝟏𝟗𝟗𝟗 တွင် အက်စပန်ညိုသို့ အငှားချခံခဲ့ရသော်လည်း ကလပ်အတွက် တစ်ကြိမ်သာပွဲထွက်ခွင့်ရခဲ့ပါတယ်။ အဲ့လိုနဲ့ မက်ဒရစ်မှာသူဟာနေရာတစ်နေရာစာအတွက်မလွယ်ကူသောကြောင့် 𝟐𝟎𝟎𝟎 ခုနှစ်မှာတော့ မာယော့ကာသို့ အပြီးသတ် ပြောင်းရွှေ့ခဲ့ပါတယ်။ မာယော့ကာမှာတော့သူဟာ သွင်းဂိုးပေါင်း 𝟕𝟎 ထိသွင်းယူကာ စံတင်ခဲ့ပြီး သူ့ရဲ့ အထင်ကြီး လောက်စရာပုံစံက 𝟐𝟎𝟎𝟒 မှာ ဘာစီလိုနာကိုရောက်ရှိ လာခဲ့ကာ 𝟓 ရာသီအတွင်း သွင်းဂိုးပေါင်း 𝟏𝟑𝟎 သွင်းယူကာ လာလီဂါမှာ အာဖရိက ကစားသမားတစ်ဦးရဲ့ ပွဲအများဆုံး အဖြစ်လည်းစံချိန်တင်ထားခဲ့ပါတယ်။
ဘာစီလိုနာမှာ လာလီဂါ 𝟑 ကြိမ်ရရှိခဲ့ပြီး ရော်နယ်ဒင်ဟိုနှင့်အတူတွဲဖက်ကာ 𝟐𝟎𝟎𝟔 ချန်ပီယံလိဂ် ဖိုင်နယ်တွင်ဂိုးသွင်းယူခဲ့တဲ့အပြင် 𝟐𝟎𝟎𝟗 ချန်ပီယံလိဂ်ဖိုင်နယ်မှာလည်း လီယွန်နယ်မက်ဆီနှင့် သီယာရီဟင်နရီတို့နဲ့ ရှေ့တန်း 𝟑 နေရာတွင်ပါဝင်ကာ ဂိုးသွင်းယူပြီးချန်ပီယံလိဂ်ဖိုင်နယ်မှာ အနိုင်ရရှိခဲ့ပါတယ်။ သူဟာချန်ပီယံလိဂ်ဖိုင်နယ် နှစ်ကြိမ်မှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့သမိုင်းတစ်လျှောက် ဒုတိယမြောက်ကစားသမားလည်းဖြစ်ခဲ့ပြီး ဘာစီလိုနာတွင် 𝟐𝟎𝟎𝟓 ဖီဖာကမ္ဘာ့အကောင်းဆုံး ကစားသမားဆုအတွက် တတိယရရှိခဲ့ပြီး 𝟐𝟎𝟎𝟓 နှင့် 𝟐𝟎𝟎𝟔 ခုနှစ် ဖီဖာပရိုရဲ့ကမ္ဘာ့အကောင်းဆုံး 𝟏𝟏 ယောက်စာရင်းတွင် နှစ်ကြိမ်တိုင်ရွေးချယ်ခံခဲ့ရပါတယ်။
𝟐𝟎𝟎𝟗-𝟏𝟎 ရာသီတွင်အင်တာမီလန်အသင်းနှင့် စာချုပ်ချုပ်ဆိုခဲ့ပြီး သူဟာ ပထမရာသီမှာပဲ ချန်ပီယံလိဂ်ဆုဖလားကိုဆွတ်ခူးကာ ချန်ပီယံလိဂ်သမိုင်းမှာ မတူညီသောအသင်းနှင့် 𝟐 နှစ်ဆက်တိုက် ရယူနိုင်တဲ့ စတုတ္ထမြောက်ကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့တဲ့အပြင် တစ်ရာသီအတွင်း ဆုဖလား 𝟑 လုံးရတဲ့စံချိန်ကိုလည်း 𝟐 နှစ်ဆက်တင်နိုင်ခဲ့ပါတယ်။ အင်တာမီလန်ပြီးနောက် အန်ဇီ ၊ ချယ်လ်ဆီး၊ အဲဗာတန်၊ ဆမ်ဒိုးရီးရားနှင့် အန်တယ်လ်ရက်စ်စပေါ် တို့တွင် ကစားခဲ့ပြီး လိဂ်ပွဲ 𝟏𝟓𝟎 တွင်သွင်းဂိုး 𝟖𝟎 သွင်းယူခဲ့ကာ 𝟐𝟎𝟏𝟓 ခုနှစ်တွင်သူသည် ရွှေခြေထောက်ဆု ( 𝐆𝐨𝐥𝐝𝐞𝐧 𝐅𝐨𝐨𝐭 𝐀𝐰𝐚𝐫𝐝 ) ကိုရရှိခဲ့ပါတယ်။ 𝟐𝟎𝟏𝟗 စက်တင်ဘာ 𝟕 မှာတော့ အီးတူဟာ ဘောလုံးကစားသမားဘဝကိုအပြီးတိုင် အနားယူခဲ့ပါတယ်။
နိုင်ငံလက်ရွေးစင်အဖြစ် သူသည် 𝟐𝟎𝟎𝟎 အိုလံပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိခဲ့သော အသင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့ပြီး 𝟐𝟎𝟎𝟎 နှင့် 𝟐𝟎𝟎𝟐 ခုနှစ်များတွင် အာဖရိကဖလားကိုရရှိခဲ့ပါတယ်။ နောက်ပြီး ကမ္ဘာ့ဖလား 𝟒 ကြိမ်နှင့် အာဖရိကဖလား 𝟔 ကြိမ်တို့တွင်လည်းပါဝင်ခဲ့ပြီး အာဖရိကနိုင်ငံများ ဖလားသမိုင်းတွင် 𝟏𝟖 ဂိုးဖြင့် ဂိုးသွင်းအများဆုံးကစားသမားဖြစ်ခဲ့ကာ ကင်မရွန်းရဲ့ တစ်ချိန်လုံး ဂိုးသွင်းအများဆုံးနှင့် တတိယမြောက်အများဆုံးကစားသမားအဖြစ် 𝟏𝟏𝟖 ပွဲတွင် 𝟓𝟔 ဂိုးသွင်း ယူနိုင်ခဲ့ပါတယ်။ 𝟐𝟎𝟏𝟒 သြဂုတ်လမှာတော့သူဟာ လက်ရွေးစင်ကစားသမားဘဝမှ အနားယူကြောင်း ကြေညာခဲ့ပါတယ်။
〰〰〰〰〰〰〰〰〰〰〰〰〰〰〰
𝗞𝟵𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗞𝟵𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။
#k9mmmedia
#SamuelEtoo
#Striker
LATEST NEWS



Today I would like to tell you about the 10 most valuable full-back players in the world of football.

Today I would like to tell you about the best attacking duo Chelsea have ever had.