လူမိုက်ကြီး မိုက်တိုင်ဆန်ရဲ့ ဘဝဇာတ်ကြောင်း
.jpg)
ကစားသမားဘဝတွင် "Iron Mike" , "Kid Dynamite" ဟု နာမည်ပြောင်ပေးထားတဲ့ နောက်ပိုင်းတွင် "The Baddest Man on the Planet" နာမည်ရ မိုက်တိုင်ဆန်ဟာ ဟဲဗီးဝိတ်လက်ဝှေ့သမားအားလုံးထဲက အကြီးကျယ်ဆုံး ဟဲဗီးဝိတ်လက်ဝှေ့သမားတစ်ဦးအဖြစ်သတ်မှတ်ခံထားရပါတယ်။ သူဟာ အငြင်းပွားဖွယ်မရှိသော ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံအဖြစ် 1987 မှ 1990 ခုနှစ်အထိ စိုးမိုးခဲ့ပြီးပထမဆုံး ပရော်ဖက်ရှင်နယ်ကစားပွဲ 19 ပွဲကို နောက်ကောက်ချကာ ပထမအချီတွင် 12 ပွဲအနိုင်ရရှိခဲ့သူပါ။
သူ့အသက် 20 နှစ်၊ 4 လ၊ 22 ရက်သားအရွယ်မှာပဲ ပထမဆုံးချန်ပီယံခါးပတ် ကို ရယူခဲ့ပြီး ဟဲဗီးဝိတ်တန်းချန်ပီယံဆုရဖူးသမျှ အသက်အငယ်ဆုံးလက်ဝှေ့သမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သူဖြစ်ပါတယ်။ ကမ္ဘာ့လက်ဝှေ့အဖွဲ့ (WBA)၊ ကမ္ဘာ့လက်ဝှေ့ကောင်စီ (WBC) နှင့် နိုင်ငံတကာလက်ဝှေ့အဖွဲ့ချုပ် (IBF) တို့ကို တစ်ပြိုင်နက်တည်း ရယူထားတဲ့ ပထမဆုံး ဟဲဗီးဝိတ် လက်ဝှေ့သမားလည်းဖြစ်ခဲ့ပါတယ်။ မိုက်ကယ်စပင့်ခ် ကို ပထမအချီ 91 စက္ကန့်တွင် အလဲထိုးလိုက်သောအခါ လိုင်းချန်ပီယံဖြစ်ထပ်ဖြစ်လာပြီးနောက် 1990 ခုနှစ်တွင် သူ့ကို ဘူစတာဒေါ့ဂလတ်စ် မှဖြုတ်ချခဲ့ကာ ဟဲဗီးဝိတ်ချန်ပီယံဆုကို ဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမဲ့ ထိုနှစ်မှာပဲသူဟာ ပထမအချီတွင် ဟင်နရီတဲမန်း ကိုနောက်ကောက်ချကာ အနိုင်ယူပြီး ကွင်းထဲသို့ ပြန်ဝင်လာခဲ့ပါတယ်။
1992 တွင် မုဒိမ်းမှုဖြင့် ထောင်ဒဏ် 6 နှစ်ချမှတ်ခံရသော်လည်း 3 နှစ်အကြာတွင် လွတ်ငြိမ်းချမ်းသာ ခွင့်ဖြင့်ပြန်လွတ်ခဲ့ပြီးနောက် သူသည် ဖလွိုက်ပီတာဆန်၊ မိုဟာမက်အလီ၊ တင်ဝစ်သာစပွန်း၊ အီဗန်ဒါ ဟိုလီဖီးဒ် နှင့် ဂီရိုဂီဖိုရီမန်း တို့နှင့်အတူ WBA နှင့် WBC ချန်ပီယံများကို 1996 ခုနှစ်တွင် ပြန်လည် ရယူခဲ့ပြီး တစ်ကျော့ပြိုင်ပွဲများတွင်ပါဝင်ခဲ့ပါတယ်။ ထိုနှစ်တွင်ပဲ WBC ချန်ပီယံဆုကို ဖြုတ်ချခံခဲ့ရပြီးနောက် မိုက်တိုင်ဆန်ဟာ WBA ချန်ပီယံဆုအတွက် အီဗန်ဒါဟိုလီဖီးဒ် ကို 11 ချီမှာ ဒိုင်ပွဲရပ်နှင့်ရှုံးနိမ့်ခဲ့ပါတယ်။ 1997 မှာနဲ့မကျေပွဲပြန်ကစားခဲ့ကြပြီး မိုက်တိုင်ဆန်က အီဗန်ဒါဟိုလီဖီးဒ် ရဲ့နားရွက်ကိုက်ဖြတ်ရင်း ထပ်မံရှုံးနိမ့်ခဲ့ပါတယ်။ 2002 ခုနှစ်တွင်လည်း မိုက်တိုင်ဆန် ဟာ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဆုအတွက် ယှဉ်ပြိုင်ခဲ့ပြီးး လန်းနော့စ်လီဝစ် ကိုနောက်ကောက်ချကာ ရှုံးနိမ့်ခဲ့ပါတယ်။ သူသည် 1985 နှင့် 2005 အကြားတွင်အနားယူပြီးနောက် ပြီးခဲ့တဲ့ နိုဝင်ဘာ 16 ရက်နေ့မှာတော့ သူ့ထက်အသက်ထက်ဝက်လောက်ငယ်တဲ့ ယူကျူဘာ ဂျိတ်ခ်ပေါနဲ့ ထိုးသတ်ခဲ့ပြီးရှုံးနိမ့်ခဲ့ကာ ဒီပွဲစဉ်ဟာ လာ့စ်ဗီးဂတ်စ်ရဲ့ အပြင်ဘက် အမေရိကန်သမိုင်းတွင် အကြီးဆုံးလက်ဝှေ့ပွဲတစ်ပွဲလည်း ဖြစ်ခဲ့ပါတယ်။
မိုက်တိုင်ဆန် သည် နယူးယောက်ခ်မြို့ ဖော့ဂရီနီဘရော့ခ်ကလင်တွင် ဇွန် 30 ၊ 1966 မှာမွေးဖွားခဲ့ပြီး သူ့တွင်အစ်ကိုတစ်ဦးနှင့် ဖေဖော်ဝါရီ 1990 ၊ အသက် 24 နှစ်အရွယ်တွင် နှလုံးဖောက်ပြီး သေဆုံးသွားသော ဒန်နစ်စီ အမည်ရှိအစ်မတစ်ဦးလည်းရှိပြီး သူရဲ့မိခင်အမည်မှာ လောနာမေး နှင့် ဖခင်ဖြစ်သူမှာ ပျူဆဲလ်တိုင်ဆန်ဖြစ်ပါတယ်။
သူ့ရဲ့ကလေးဘဝတစ်လျှောက်လုံး ရာဇဝတ်မှုနှုန်းမြင့်မားသော ရပ်ကွက်များတွင် နေထိုင်ခဲ့ပြီး၊ အင်တာဗျူးတစ်ခုအရ၊ သူရဲ့ပထမဆုံးရန်ပွဲမှာ သူ့ထက်အကောင်းပိုကြီးသောလူငယ်တစ်ဦး နှင့်ဖြစ်တယ်လို့ဆိုပါတယ်။ သူဟာသေးငယ်သော ရာဇဝတ်မှုများကျူးလွန်ပြီး သူရဲ့ အသံနှင့် နှုတ်ခမ်းကို လှောင်ပြောင်သူများနှင့်ရန်ဖြစ်ကာ အကြိမ်ကြိမ် အဖမ်းခံခဲ့ရပြီး အသက် 13 နှစ်တွင် 38 ကြိမ် ဖမ်းဆီးခံခဲ့ရပါတယ်။ မိုက်တိုင်ဆန်ရဲ့ လက်ဝှေ့စွမ်းရည်ကို လူငယ်ထောင်မှ ထိန်းသိမ်းရေးစခန်း အကြံပေး နှင့် လက်ဝှေ့သမားဟောင်း ဘော်ဘီစတီဝတ် မှရှာဖွေ့တွေ့ရှိခဲ့ပပြီး ဘော်ဘီစတီဝတ် သည် သူ့အား ထူးချွန်သော တိုက်ခိုက်ရေးသမားတစ်ဦး အဖြစ်သတ်မှတ်ခဲ့ကာ သူ့ကို လက်ဝှေ့မန်နေဂျာနှင့် လေ့ကျင့်ရေးဆရာ ကတ်စ်ဒီအမာတို တို့နှင့် မမိတ်ဆက်ပေးမီလအနည်းငယ် ကြာ လေ့ကျင့်ပေးခဲ့ ပါတယ်။
မိုက်တိုင်ဆန်ဟာ အလဲထိုးဖြင့် အနိုင်ရရာခိုင်နှုန်း 88% ဖြင့် သူသည် The Ring မဂ္ဂဇင်း၏ တစ်ချိန်လုံး အကောင်းဆုံး လက်ဝှေ့သမား 100 စာရင်းတွင် အဆင့် 16 နှင့် ESPN ၏ "ဟဲဗီးဝိတ်သမိုင်းတွင် အပြင်းထန်ဆုံး Hitters" စာရင်းတွင် ပထမဆုံးဖြစ်ခဲ့ပါတယ်။ နောက်ပြီး နိုင်ငံတကာဘောင်ဆင်ရဲ့ Hall of Fame နှင့် ကမ္ဘာ့ဘောင်ဆင် Hall of Fame ထဲသို့ စာရင်းသွင်းခြင်းခံခဲ့ရသူပါ။ လက်ဝှေ့လောကရဲ့ အပြင်ဘက်တွင်လည်း မိုက်တိုင်ဆန်ဟာ နာမည်ကြီးမီဒီယာအသီးသီးတွင် ထင်ရှားခဲ့ပြီး ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားကောင်းများကိုလည်းပါဝင်ရိုက်ကူးထားခဲ့ပါတယ်။
〰〰〰〰〰〰〰〰〰〰〰〰〰〰〰
𝗞𝟵𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗞𝟵𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။
LATEST NEWS



Today I would like to tell you about the 10 most valuable full-back players in the world of football.

Today I would like to tell you about the best attacking duo Chelsea have ever had.