ဘောလုံးလောကရဲ့အချစ်တော်ကစားသမား တစ်ချိန်ကချယ်လ်ဆီးရဲ့အကောင်းဆုံးကွင်းလယ်လူ ကြွက်ကလေး ကန်တီ

အန်ဂိုလိုကန်တေ ကို မတ်လ 𝟐𝟗 ရက် ၊ 𝟏𝟗𝟗𝟏 မှာမွေးဖွားခဲ့ပြီးလက်ရှိမှာတော့ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အီတီဟတ် နှင့် ပြင်သစ်လက်ရွေးစင်အသင်းတို့ရဲ့ ကွင်းလယ်ခံစစ်ကစားသမားအဖြစ် ကစားနေသူပါ။ သူ့မျိုးဆက်ရဲ့ အကောင်းဆုံး ကစားသမားတွေထဲမှတစ်ဦးနှင့် အချိန်တိုင်းအကောင်းဆုံး ကွင်းလယ်ခံစစ် ကစားသမားများထဲမှ တစ်ဦးအဖြစ်လည်း သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။ သူရဲ့ ရိုးသားကြိုးစားတဲ့စိတ်၊ မမောတမ်းမပန်းတမ်းကစားနိုင်မှုနှင့် ခံစစ်စွမ်းရည်များကြောင့် အများက ကြိုက်နှစ်သက်တဲ့ ကြတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။
ကန်တေဟာ 𝟐𝟎𝟏𝟐 ခုနှစ်မှာ သူ့ရဲ့အကြီးတန်းပရော်ဖက်ရှင်နယ်ပွဲဦးထွက်ကို ဘိုလုန်း နှင့် လီဂူး 𝟐 ပွဲစဉ်တစ်ပွဲ၌ လူစားထိုးကစားခဲ့ပြီး နောက်တစ်နှစ်တွင် တတိယတန်းမှာတစ်ရာသီလုံး ကစားခဲ့ ပါတယ်။ ပြီးနောက်သူဟာ 𝐋𝐢𝐠𝐮𝐞 𝟐 ကလပ် ကန် သို့အလွတ်ပြောင်းရွှေ့ကြေး ဖြင့်ရောက်ရှိလာခဲ့ပြီး တတိယနေရာမှ ပြီးဆုံးကာ 𝐋𝐢𝐠𝐮𝐞 𝟏 သို့ ရောက်ရှိခဲ့ပါတယ်။ သူဟာအသင်းတွင် တစ်နှစ်ကြာ ကစားခဲ့ပြီး ဇယားအလယ်အလတ်ထိ အသင်းကို ဦးဆောင်နိုင်ခဲ့ပြီးနောက် 𝟐𝟎𝟏𝟓 ခုနှစ်တွင် ကန်တေ ဟာ ပေါင် 𝟓.𝟔 သန်းဖြင့် လက်စတာစီးတီးသို့ ရောက်ရှိခဲ့ပါတယ်။
𝟐𝟎𝟏𝟔 ခုနှစ်တွင် ပရီးမီးယားလိဂ်ချန်ပီယံဆုကိုလက်စတာစီးတီးနှင့် အံ့အားသင့်ဖွယ်ဆွတ်ခူးပြီးနောက် ၊ နောက်နှစ်တွင် ချဲလ်ဆီးသို့ ပြောင်းရွှေ့ကြေး ပေါင် 𝟑𝟐 သန်းဖြင့် ရောက်ရှိလာခဲ့ပြီး လိဂ်ဖလားကို ဆက်လက်ဆွတ်ခူးကာ ချဲလ်ဆီးအသင်းနှင့်အတူ အက်ဖ်အေဖလား၊ ယူရိုပါလိဂ်၊ ချန်ပီယံလိဂ်၊ 𝐔𝐄𝐅𝐀 စူပါဖလားနှင့် ဖီဖာကလပ်ကမ္ဘာ့ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းနဲ့ 𝟕 ရာသီ ကြာကစားပြီးနောက် 𝟐𝟎𝟐𝟑 နွေရာသီမှာ ဆော်ဒီကလပ် 𝐀𝐥-𝐈𝐭𝐭𝐢𝐡𝐚𝐝 ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခဲ့ပါတယ်။
နိုင်ငံလက်ရွေးစင်အဖြစ် 𝟐𝟎𝟏𝟔 ခုနှစ်တွင် ပြင်သစ်အတွက် ပွဲဦးထွက်ကစားခဲ့ပြီး 𝟐𝟎𝟏𝟔 ဥရောပချန်ပီယံရှစ်ပြိုင်ပွဲတွင် ဒုတိယနေရာရရှိသည့်အသင်းတွင် ပါဝင်ခဲ့ပါတယ်။ 𝟐𝟎𝟏𝟕 ခုနှစ်တွင် ကန်တေဟာ ပြင်သစ်တစ်နှစ်တာအကောင်းဆုံးကစားသမားအဖြစ် 𝟕 နှစ်အတွင်း ပရီးမီးယားလိဂ်မှပထမဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရပြီး 𝟏𝟐 လအကြာတွင် 𝟐𝟎𝟏𝟖 ဖီဖာကမ္ဘာ့ဖလားအနိုင်ရအသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်ခဲ့ပါတယ်။
𝟐𝟎𝟏𝟔 ခုနှစ် ဧပြီလတွင်၊ အဲလက်စ်ဖာဂူဆန်က ကန်တေအား ပရီးမီးယားလိဂ်တွင် အကောင်း ဆုံးကစားသမားအဖြစ် ချီးကျူးပြောဆိုခဲ့ပြီး ၊ချယ်လ်ဆီး ကွင်းလယ် လူဟောင်း ဖရန့်လမ်းပတ်ကလည်း သူ့အား ကမ္ဘာ့အကောင်းဆုံးဗဟိုကွင်းလယ်ကစားသမားအဖြစ် ချီးမွှမ်းခဲ့ပါတယ်။ သူဟာ ရာသီအလိုက် ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆု၊ 𝐏𝐅𝐀 တစ်နှစ်တာ အကောင်းဆုံးကစားသမားဆု၊ 𝐅𝐖𝐀 တစ်နှစ်တာအကောင်းဆုံးကစားသမားဆု၊ 𝐔𝐄𝐅𝐀 ရဲ့တစ်နှစ်တာ အကောင်းဆုံးအမျိုးသားဘောလုံးသမားဆု နှင့် 𝐓𝐫𝐨𝐩𝐡𝐞𝐞𝐬 𝐔𝐍𝐅𝐏 တို့ကိုလည်း နှစ်ကြိမ်တိုင်တိုင် လည်းရရှိခဲ့ပါတယ်။
#k9mmmedia
#Chelsea
#ngolokante
LATEST NEWS


Today I would like to tell you about the 10 most valuable full-back players in the world of football.

Today I would like to tell you about the best attacking duo Chelsea have ever had.
.png)