ဒီနှစ်အတွက် ဘောလွန်းဒီအော ဆုက သေချာပေါက် Vinicius အတွက်ပဲလား

Admin
2mos ago
Sport Articles
ဒီနှစ်အတွက် ဘောလွန်းဒီအော ဆုက သေချာပေါက် Vinicius အတွက်ပဲလား

ရီးရဲလ် မက်ဒရစ် အသင်းရဲ့ အဓိက အားထားရတဲ့ ကစားသမား ၊ အသက်အရွယ်နဲ့ မလိုက်အောင် ကောင်းမွန်တဲ့ ခြေစွမ်းတွေကို ပြသနိုင်ခဲ့တဲ့ ကစားသမား တစ်ယောက် ၊ ဝေဖန်ခဲ့တဲ့ လူတွေကို မှားကြောင်း အကောင်းဆုံးသက်သေပြနိုင်ခဲ့ပြီး ဝေဖန်သံတွေကိုရပ်တန့်နိုင်ခဲ့တဲ့ ကစားသမား တစ်ယောက် ၊ ဘရာဇီး အသင်းရဲ့ နေမာပြီးနောက် မျှော်လင့်ချင်စရာ အကောင်းဆုံး ကစားသမား အဲ့ဒီ ကစားသမား ကတော့ ဥရောပ အောင်မြင်မှု အများဆုံး ရရှိထားပြီး ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံး ကစားသမား တစ်ဦးဖြစ်တဲ့ ဗီနီးရှပ် ဂျူနီယာပဲဖြစ်ပါတယ်။ ဗီနီးရှပ်က သူ့ရဲ့ လျင်မြန်တဲ့ ပြေးနှုန်း ၊ တစ်ဦးချင်းကျော်ဖြတ်တဲ့ နေရာမှာ ကောင်းမွန်မှု နဲ့ အသင်းလိုအပ်ရင်လိုအပ် သလို အသင်းကို ထမ်းတင်နိုင်စွမ်းတွေကြောင့် ကျော်ကြားတဲ့ ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။ဗီနီးရှပ် ကို ၂၀၀၀ ခုနှစ် ဇူလိုင် ၁၂ ရက်နေ့တွင် ဘရာဇီးလ်နိုင်ငံ၊ ဆာအိုဂွန်ဇာလိုမြို့တွင် မွေးဖွားခဲ့တာပဲဖြစ်ပါတယ်သည်။ ငယ်စဥ်ကဘရာဇီးနိုင်ငံချာ့နေးဖီလ်အော်ရီဂျင်ဖီထောရာဘောလုံးကျောင်းတွင် တက်ရောက်ခဲ့ပြီး၊ ၁၁ နှစ်အရွယ်တွင် ဖလမင်ဂိုအသင်းထဲသို့ ဝင်ရောက်ကစားခဲ့သည်။၁၆ နှစ်အရွယ်တွင် ဖလမင်ဂိုအသင်းကြီးသို့ တိုးမြှင့်ခြင်းခံခဲ့ရပြီး၊ ၂၀၁၇ ခုနှစ်တွင် ပထမဆုံးပွဲစဉ်ကို ကစားခဲ့သည်။

၂၀၁၇ Copa Libertadores ပြိုင်ပွဲတွင် အပါအဝင် သူ့ရဲ့ အလွန်ကောင်းမွန်တဲ့ ကစားပုံနဲ့ အရည်အချင်းတွေကြောင့် ဥရောပ အသင်းတော်တော်များများ ရဲ့ စိတ်ဝင်တစားစောင့်ကြည့်ခြင်းကိုခံခဲ့ရတာပဲဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ဥရောပ အသင်းကြီး တစ်သင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းက အသက် ၁၇ နှစ် သာရှိသေးတဲ့ ချာတိတ်လေးကို ပြောင်းရွှေ့ကြေး ၄၅ သန်းဖြင့်ခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။ ဘရာဇီး ဘောလုံးသမိုင်းတစ်လျောက်မှာ နေမာပြီးနောက် ဒုတိယ ဈေးအကြီးဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။ ၂၀၁၈-၁၉ ဘောလုံးရာသီမှာ ဗီနီးရှပ် က ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ပွဲစဥ်တွေမှာ ပါဝင်လာခဲ့ပြီး သူရဲ့ ခြေစွမ်းတွေကြောင့် လူအများရဲ့ ဝေဖန်ခြင်းကိုခံခဲ့ရတာလည်းဖြစ်ပါတယ်။ လွယ်လွယ်နဲ့ အရှုံးမပေးတက်တဲ့ ဗီနီးရှပ် ကတော့ ဝေဖန်သံတွေကို အံတုပြီး အကောင်းဆုံးကြိုးစားခဲ့တာကြောင့် တစ်နေ့ထက်တစ်နေ့ ပိုမို ကောင်းမွန်လာခဲ့ပြီး တဖြည်းဖြည်းနဲ့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ မရှိမဖြစ် အဓိက အားထားရတဲ့ ကစားသမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။

ဗီနီးရှပ် က ဘောလုံးရာသီ တစ်ရာသီထက် တစ်ရာသီ သိသိသာသာ တိုးတက်ကောင်းမွန်လာခဲ့ပြီး ရီးရဲလ်မက်ဒရစ် အသင်းနဲ့လည်း ဆုဖလားပေါင်းများစွာကို သိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ၂၀၂၁ - ၂၀၂၂ ဘောလုံးရာသီမှာ က ဗီနီးရှပ် ရဲ့ အကောင်းဆုံးရာသီတွေထဲက တစ်ခုဖြစ်ပြီး ဘောလွန်းဒီအော ဆုတွင် ထိပ်ဆုံး ၅ ဦးထဲမှာ ပါဝင်လာခဲ့တာပဲဖြစ်ပါတယ်။ ဗီနီးရှပ်က ရီးရဲလ် အသင်းကို ရောက်ရှိခဲ့တဲ့ အချိန်ကစပြီး အသင်းနဲ့အတူ လာလီဂါ ဖလား ၃ကြိမ် ၊ Copa del Rey ၁ကြိမ် ၊ Supercopa de Espana ၃ ကြိမ် ၊ ချန်ပီယံလိဂ် ၂ ကြိမ် ၊ UEFA Super Cup ၂ ကြိမ် ၊ FIFA Club World Cup ၂ ကြိမ် ၊ FIFA Intercontinental Cup ၁ ကြိမ် စတဲ့ ဆုဖလားတွေကို သိမ်းပိုက်ရာမှာ အဓိက ခြေစွမ်းပြသနိုင်ခဲ့ပြီး ရီးရဲလ် အသင်းရဲ့ အရေးပါတဲ့ အခန်း ကဏ္ဍမှာ ပါဝင်ပတ်သတ်ခဲ့တဲ့ ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်မှာ ဗီနီးရှပ် က အကောင်းဆုံးခြေစွမ်းတွေနဲ့ အတူ ချန်ပီယံလိဂ် ဖိုင်နယ်မှာ ပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။ လာလီဂါ ရဲ့ အကောင်းဆုံး ကစားသမားတစ်ဦးလည်းဖြစ်ခဲ့ပြီး လာလီဂါ မှာ အသင်းကြီးတွေနဲ့တွေတိုင်း အထူးခြေစွမ်းပြသနိုင်ခဲ့သလို ချန်ပီယံလိဂ် knockout game ပွဲစဥ်တွေမှာဆို ဗီနီးရှပ် ရဲ့ ‌ခြေစွမ်းက အလွန်ကောင်းမွန်နေခဲ့တာပဲဖြစ်ပါတယ်။ ၂၀၂၄ ဘောလွန်းဒီအော အတွက် ဗီနီးရှပ် ဂျူနီယာ က ရေပန်းစားခဲ့ပေမယ့် နောက်ဆုံးမှာတော့ စပိန်အသင်းနဲ့ရော မန်စီးတီး အသင်းနဲ့ပါ ဆုဖလားအောင်မြင်မှုတွေကိုသိမ်းပိုက်နိုင်ခဲ့တဲ့ ရိုဒရီ ကသာ ရရှိခဲ့တာပဲဖြစ်ပါတယ်။ အခု ၂၀၂၅ ဘောလုံးရာသီမှာ လည်း အမ်ဘာဘေ က ရီးရဲလ် အသင်းကိုရောက်ရှိပြီးနောက် တစ်ချိန် က ရီးရဲလ် အသင်းရဲ့ အကောင်းဆုံးတိုက်စစ်အတွဲဖြစ်တဲ့ BBC တိုက်စစ်ကို ပြန်လည်မြင်ယောင်နိုင်မယ့် အမ်ဘာဘေ ၊ ဗီနီးရှပ် ၊ ရိုဒရီကို တို့ရဲ့ တိုက်စစ်အတွဲ ကို ဖွဲ့စည်းနိုင်ခဲ့ပြီး ဗီနီးရှပ် တစ်ယောက် ပိုမိုကောင်းမွန်တဲ့ ခြေစွမ်းတွေကို ပြသနိုင်ခဲ့တာပဲဖြစ်ပါတယ်။ Vinicius က သူရဲ့ အကောင်းဆုံးခြေစွမ်းတွေကို ဆက်တိုက်ပြသနေသာကြောင့် ဒီနှစ်တွက် ဘောလွန်ဒီအော ဆုက သေချာပေါက် Vinicius အတွက်ပဲလား ပရိတ်သတ်တွေရော ဘယ်လိုထင် လဲ ပရိတ်သတ်တွေရဲ့ အမြင်ကို Comment မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါအုံး။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူး အများကြီးတင်ရှိပါတယ်။

#mmmedia

#BallondOr

#Vinicius

#realmadrid

#attacking

Leave a reply