2009-2010 ရာသီ ရွှေဖိနပ်ဆုကို ခက်ခက်ခဲခဲ သိမ်းပိုက်ပြသွားတဲ့ အာဖရိက ဂိုးသွင်းစက်

ချယ်ဆီး ပရိတ်သတ်တွေ ရဲ့ အချစ်တော်တွေ အကြောင်းပြောရင် ဒီဒီယာ ဒရော့ဘာ ကို ချန်ထားခဲ့လို့မရပါဘူး။ ချယ်ဆီး အသင်းကို ပိုင်ရှင်အသစ် ဖြစ်တဲ့ ရိုမန် လက်ထပ်မှာ ဟိုးအောက်ခြေကနေ အစအဆုံး ပြင်ဆင်မှုတွေ ပြောင်းလဲမှုတွေကို ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်မှာ ဒရော့ဘာကို နည်းပြကြီး မော်ရင်ဟိုက ကြိုက်နှစ်သက်ခဲ့တာကကြောင့်မာဆေး အသင်းကနေ ပြောင်းရွှေ့ကြေး ၂၄ သန်းနဲ့ခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။ ဒရော့ဘာ က ချယ်ဆီး အသင်းရဲ့ အကောင်းဆုံးအချိန်တွေမှာ အကောင်းဆုံးပေးဆပ် ကစားခဲ့ပြီး ပြိုင်ဘက်ခံစစ်တွေကြောက်ရတဲ့ ဒေါင်ဒေါင်မြည်တိုက်စစ် ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။ ချယ်ဆီး အသင်း က တိုက်စစ်မှူး လိုအပ်တဲ့ ပြသာနာ တက်နေတာ အချိန်တော်တော်လေးကြာခဲ့ပါပြီ။ ချယ်ဆီး အသင်းက အသင်းရဲ့ အဓိကအားထားရတဲ့ ဒရော့ဘာလို တိုက်စစ်မှူးမျိူး အသင်းကထွက်ခွာသွားပြီးကတည်းက သူ့လို ပြိုင်ဘက်ခံစစ်တွေနဲ့ တွန်းတွန်းတိုက်တိုက် ကစားပြီး ၊ ဂိုးတွေ တဒိုင်းဒိုင်းသွင်းနိုင်တဲ့ တိုက်စစ်မှူးဆိုလို့ ဒီရေကို ကော်စတာ တစ်ယောက်လောက်သာ ရှိခဲ့တာဖြစ်ပါတယ်။
ချယ်ဆီး အသင်းက ဒရော့ဘာ အသင်းကထွက်ခွာသွားပြီးကတည်းက ပြောင်းရွှေ့ကြေး အမြောက်အများ အသုံးပြုပြီး အသင်းရဲ့ အကယ်ဒမီ ကစားသမားတွေနဲ့ရော နာမည်ကြီးတိုက်စစ်ကစားသမားတွေနဲ့ရော အကြိမ်ကြိမ် အစားထိုးခဲ့ပေ့မယ် အဆင်မပြေခဲ့ပါတယ်။ ဒရော့ဘာ က ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ယောက်ဖြစ်တယ်ဆိုတာကို မဖြစ်နိုင်တဲ့ အခြေအနေတွေကနေ အကြိမ်ကြိမ် သက်သေပြနိုင်ခဲ့ပြီးပြီပဲဖြစ်ပါတယ်။အသင်းလိုအပ် နေချိန် ကျဥ်းထဲ ကြပ်ထဲ ရောက်နေတဲ့ အချိန်တွေဆို ဒရော့ဘာ က အရမ်းအားကိုရတဲ့ ကစားသမားတစ်ယောက်ဖြစ်တယ်ဆို တာ ဘိုင်ယန်မြူးနစ် အသင်း နဲ့ ချန်ပီယံလိဂ် ဖိုင်နယ်ပွဲစဥ်က ဥပမာတစ်ခုပါပဲ။ ၂၀၀၉-၁၀ ဘောလုံးရာသီမှာ ဒရော့ဘာက ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို မယုံနိုင်စရာ ကောင်းအောင် သိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။
အဲ့ရာသီ က ဒရော့ဘာအတွက် အရမ်းကို အဆင်ပြေချောမွေ့ ခဲ့တဲ့ ရာသီတစ်ခုတော့ မဟုတ်ခဲ့ပါဘူး။ အဲ့ရာသီ ဒရော့ဘာ က ပွဲကစားချိန် တော်တော်များများကို ဆုံးရှုံးခဲ့ရတာပဲဖြစ်ပါတယ်။ ဒရော့ဘာက ငှက်ဖျားရောဂါကြောင့် ၃ ပတ် အထိ အနားယူခဲ့ရပြီး အာဖရိကပြိုင်ပွဲကြောင့်လည်း ချယ်ဆီး အသင်းရဲ့ ပွဲစဥ်တွေနဲ့ တစ်လတိတိ အနားယူခဲ့ရတာပဲဖြစ်ပါတယ်။ အဲ့တာအပြင် ချယ်ဆီးအသင်းရဲ့ ပင်နယ်တီ ဒိုင်ခံ ကန်သွင်းတဲ့ ကစားသမားကလည်း ဒရော့ဘာမဟုတ်ခဲ့ပါဘူး။ ချယ်ဆီး အသင်းရဲ့ အဓိက ပင်နယ်တီ ကန်သွင်းတဲ့ ကစားသမား က လမ်းပတ် ဖြစ်ပြီး ချယ်ဆီး အသင်းရရှိတဲ့ ပင်နယ်တီတိုင်းကို ကန်သွင်းပြီး ရာသီပိတ် ဝီဂန် နဲ့ပွဲစဥ်က တစ်လုံးတည်းသော ပင်နယ်တီကို သာ ဒရော့ဘာ ကန်သွင်းခဲ့ရတာပဲဖြစ်ပါတယ်။ ဒီလောက် ပွဲကစားချိန်တွေနည်းပါးလိုက် ၊ နိုင်ငံပွဲတွေကြောင့် တစ်လ လောက်အနားယူရလိုက် ဖြစ်နေတာတောင် ဒရော့ဘာက နောက်ဆုံးမှာ အနီးဆုံး ပြိုင်ဘက် ကစားသမားဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် အသင်းက ဝိန်းရွန်းနီထက် ၃ ဂိုးအသာ တစ်ရာသီလုံးမှာ ၂၉ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ၂၀၀၉-၂၀၁၀ ရဲ့ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကိုသိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။
ဟုတ်ကဲ့ပါ အခုတင်ဆက်ပေးသွားတာကတော့ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှုးတွေ ထဲကတစ်ယောက်ဖြစ်တဲ့ ဒီဒီယာ ဒရော့ဘာ တစ်ယောက် ၂၀၀၉-၁၀ ရာသီ ပွဲကစားခွင့်တွေ နည်းပါးနေတဲ့ကြားက ရွှေဖိနပ်ဆုကို ခက်ခက်ခဲခဲ သိမ်းပိုက်နိုင်ခဲ့တဲ့ အကြောင်းပဲဖြစ်ပါတယ်။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#chelsea
#DidierDrogba
#footballer
#Africa
#striker
LATEST NEWS


Today I would like to tell you about the 10 most valuable full-back players in the world of football.

Today I would like to tell you about the best attacking duo Chelsea have ever had.
.png)