ကစားသမားတွေရဲ့ OUT OF POSITION နဲ့ အဆင်မပြေဖြစ်နေခဲ့တဲ့ ချယ်ဆီး အသင်း

ဒီနှစ်ဘောလုံး ရာသီ အစမှာ နည်းပြအသစ် အန်ဇို မာရက်စကာ နဲ့ ချယ်ဆီး အသင်းက မယုံကြည်နိုင်စရာ ကောင်းလောက်အောင် အကောင်းဆုံးပုံစံတွေပြသနိုင်ခဲ့ပြီး နိုင်ပွဲတွေကို ဆက်တိုက်ရှာဖွေနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမယ့် ရာသီ ဝက်လောက်က စပြီး ချယ်ဆီး အသင်းရဲ့ အခြေအနေနဲ့ ရလဒ်တွေက အကျပိုင်းကို ရောက်ရှိသွားခဲ့တာပဲဖြစ်ပါတယ်။ ရာသီဝက်လောက် စပြီး ချယ်ဆီး အသင်းရဲ့ ရလဒ်တွေက ဆက်တိုက်ဆိုးဝါးနေပြီး နိုင်ပွဲတွေလည်းတော်တော်လေး ပျောက်ဆုံးခဲ့တာပဲဖြစ်ပါတယ်။ အခြေအနေတွေဆိုးဝါးနေရတဲ့ ကြားထဲ တိုက်စစ်ကစားသမား နီကိုလက် ဂျက်ဆင် ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ အပြင် လူငယ်တိုက်စစ် ကစားသမားလေး ဂီရူး အနေနဲ့ ကလည်း ဒဏ်ရာရရှိခဲ့တာကြောင့် တိုက်စစ်မှူးနေရာ အတွက် ကစားသမား တစ်ဦးကို အသုံးပြုရတော့မှာပဲဖြစ်ပါတယ်။
အန်ဇိုမာရက်စကာက တိုက်စစ်နေရာအတွက် နက်တို ကို အသုံးပြုခဲ့ပြီး နက်တိုရဲ့ လျင်မြန်မှုနဲ့ အသင်းအတွက် နေရာလွတ်တွေအများကြီး ရှာဖွေခိုင်းခဲ့တာပဲဖြစ်ပါတယ်။ တိုက်စစ်မှူး တစ်ယောက်က ဂိုးမသွင်းနိုင်ပဲ နေရာလွတ်ရှာပေးရုံနဲ့ အဆင်မပြေမပါဘူး။ အန်ကူကူ ကလည်း သူ့ရဲ့ စိတ်ကြိုက်နေရာမှာ မကစားရပဲ ဘယ်တောင်ပံ နေရာမှာ ထွက်ကစားနေရတဲ့ အပြင် ဆန်ချိုကလည်း ညာတောင်ပံ ထွက်ကစားနေရတာပဲဖြစ်ပါတယ်။ ဒီအချက်တွေကြောင့် ချယ်ဆီး အသင်းရဲ့ တိုက်စစ် ကစားသမားတိုင်းနီးပါးက OUT OF POSITION တွေဖြစ်နေကြပြီး သူတို့ အားသန်တဲ့ နေရာတွေမှာ မကစားရတာကြောင့် ထိုက်သင့်တဲ့ ခြေစွမ်းမျိုးကို မပြသနိုင်တာတွေကလည်း အသင်းအတွက် နိုင်ပွဲရဖို့ ရုန်းကန်ရတဲ့ အချက်တစ်ချက်ပဲဖြစ်ပါတယ်။ နောက်ပြီး ချယ်ဆီး အသင်းရဲ့ နောက်တန်း ကစားသမား ၄ ယောက်မှာ ပုံမှန်နေရာမှာ ပွဲထွက်ခွင့် ပုံမှန်ရရှိနေတာက ကူကူရယ်လာ တစ်ယောက်လောက်သာရှိပြီး ဗဟို ခံစစ် ၂ နေရာနဲ့ RB နေရာ အတွက် ဘယ်ကစားသမားက ဦးစားပေး ကစားသမား လည်းဆိုတာကို အခုချိန်ထိ သဲသဲကွဲကွဲ မမြင်တွေ့ရသေးတာပဲဖြစ်ပါတယ်။
ဘောလုံးရာသီ တစ်ရာသီ ကုန်တော့မှာ ဖြစ်ပေမယ့် ချယ်ဆီး အသင်းရဲ့ နောက်တန်း တစ်ကျောလုံးက အပြောင်းအလဲတွေ အမျာကြီး ဖြစ်နေပြီး အတည်တကျ ရှိတဲ့ Line up ကစားသမားကို အခုချိန်ထိ မတွေ့ရသေးတာပဲဖြစ်ပါတယ်။ ချယ်ဆီး အသင်း ခံစစ် ကစားသမားတွေဖြစ်ကြတဲ့ ဘက်တီယာရှိုင်း ၊ ကိုဝဲ ၊ တိုဆင် ၊ ဖိုဖားနား ၊ တိုဆင် ၊ ရီစီ ဂျိမ်း စတဲ့ ကစားသမားတွေက သူတို့အားသန်တဲ့ နေရာတွေမှာအမြဲတမ်းလိုလို ကစားနေရတာမျိုးမဟုတ်ပဲ သူတို့ကစားနေကြ မဟုတ်တဲ့ နေရာတွေမှာပဲ ကစားခဲ့ရတာပဲဖြစ်ပါတယ်။ ရီစီ ဂျိမ်း အနေနဲ့ကလည်း သူ့ရဲ့ world class ခြေစွမ်းမျိုးကို ပြနိုင်တဲ့ Rb နေရာမှာ မကစားရပဲ ကွင်းလယ် အဖျက်သဘောမျိုးနဲ့သာ ဝင်ရောက်ကစားရတာကြောင့် ပုံမှန်ခြေစွမ်းမျိုးကို မပြသနိုင်တာပဲဖြစ်ပါတယ်။
အခုရာသီ ချယ်ဆီး အသင်းမှာ ပုံမှန် ပွဲထွက်ခွင့်တစ်နေရာ အတွက် အဓိက ကစားသမား ၁၁ ယောက်ကို အခုချိန်ထိ တိတိကျကျ မသိရသေးပဲ ကစားသမားတော်တော်များများကလည်း Out Of Position တွေမှာ ကစားကြရတာပဲဖြစ်ပါတယ်။ ပရိတ်သတ်တွေရော ဘယ်လိုထင်လဲ ချယ်ဆီး အသင်း အဆင်မပြေပဲ ရလဒ်တွေဆိုးဝါးနေတာက ကစားသမားတွေ out of position တွေမှာ ကစားနေရာတာကြောင့် ဖြစ်နိုင်လား။ ပရိတ်သတ်တွေရော ဘယ်လိုထင်လည်း ။ ပရိတ်သတ်တွေရဲ့ အမြင်ကို ကောမန့်မှာ ဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး။အဆုံးထိတင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီး တင်ရှိပါတယ်။
#mmmedia
#chelsea
#enzomaresca
#nicolasjackson
#marcguiu
#coach
LATEST NEWS


Today I would like to tell you about the 10 most valuable full-back players in the world of football.

Today I would like to tell you about the best attacking duo Chelsea have ever had.
.png)