ပရီးမီးယားလိဂ် ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ချန်ပီယံလိဂ် ဝင်ခွင့်တိုက်ပွဲ

Admin
6d ago
Sport Articles
ပရီးမီးယားလိဂ် ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ချန်ပီယံလိဂ် ဝင်ခွင့်တိုက်ပွဲ

တဖြည်းဖြည်း နဲ့ 2024-25 ဘောလုံးရာသီ ပြီးဆုံးဖို့ အချိန်က တဖြည်းဖြည်းနဲ့ နီးစပ်လာခဲ့ပါပြီ ။ ဒါပေမယ့် ဒီနှစ်ဘောလုံး ရာသီမှာ ပရီးမီးယားလိဂ် က အရင်နှစ် ဘောလုံးရာသီတွေထက် ပိုမို ရင်ခုန်စိတ်ဝင်စားဖွယ်ကောင်းတယ်။ ပရိတ်သတ်တွေ ပိုမို စိတ်လှုပ်ရှားစေတဲ့ အချက်တစ်ချက်ကလည်း ရှိနေပြန်တာကို ။ အရင်နှစ်ဘောလုံးရာသီတွေကဆိုဘောလုံးပရိတ်သတ်တော်တော်များများက ဘယ်အသင်းက ချန်ပီယံဖြစ်မလဲ ၊ ဘယ်အသင်းတွေကရော တန်းဆင်းသွားမလဲ ၊ ဘယ်အသင်းတွေကရော ပရီးမီးယားလိဂ်ကို တန်းတက်လာမလဲ ၊ အဲ့လောက်ပဲ စိတ်ဝင် တစားစောင့်ကြည့်ခဲ့ကြတယ်။ ဒါပေမယ့် ဒီနှစ်ဘောလုံးရာသီမှာတော့ ဆုဖလားသိမ်းပိုက်မယ့် အသင်းတွေ ၊ တန်းဆင်းမယ့် အသင်းတွေ ၊ တန်းတက်လာမယ့် အသင်းတွေထက် ဘောလုံးပရိတ်သတ်တော်တော်များများက ပရီးမီးယားလိဂ် ဘယ်အသင်းတွေက ချန်ပီယံလိဂ် ဝင်ခွင့်ရရှိသွားမလဲဆိုတာ ပိုမို စိတ်ဝင်တစား စောင့်ကြည့်လာခဲ့ကြတယ်။


ဒီနှစ် ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ပရီးမီးယားလိဂ် က ၅ သင်းအထိ ရရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ် ချန်ပီယံလိဂ် ဝင်ခွင့်အတွက် လီပါပူး အသင်းနဲ့ အာဆင်နယ် အသင်း နှစ်သင်းကသာ အာမခံချက် အပြည့်အဝ ရရှိထားတာပဲဖြစ်ပါတယ်။ ကျန်တဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ၃ နေရာ အတွက် အသင်း ၅ သင်း က ယှဥ်ပြိုင်နေရတာပဲဖြစ်ပါတယ်။ တစ်သင်းနဲ့ တစ်သင်းက အမှတ်ကွာဟချက်ကလဲ တစ်မှတ်နှစ်မှတ်သာ ကွာဟခဲ့တာကြောင့် တစ်သင်းမှားတာနဲ့ ကျန်တဲ့ အသင်းတွေက အလွယ်လေးကျော်တက်သွားမှာပဲဖြစ်ပါတယ်။ ကစားဖို့အတွက် လက်ကျန် ၅ ပွဲသာ ကျန်တော့ပေမယ့် ချန်ပီယံလိဂ် ဝင်ခွင့်တိုက်ပွဲက တစ်စထက်တစ်စ ပိုမို ပြင်းထန်လာခဲ့တာပဲဖြစ်ပါတယ်။ အခု ချန်ပီယံလိဂ်ဝင်ခွင့် အတွက် တိုက်ပွဲဝင်နေတဲ့ အသင်း ၅ သင်းထဲမှာ ၄ သင်းက ဘောလုံးရာသီ မစခင် အချိန်ထဲက ချန်ပီယံလိဂ် ဝင်ခွင့်အတွက် မျှော်လင့်ရင်းတိုက်ပွဲဝင်ခဲ့တာဖြစ်ပေမယ့် ကျန်တဲ့ တစ်သင်းကတော့ မမျှော်လင့်ပဲ ချန်ပီယံလိဂ် ဝင်ခွင့်နေရာကို ရောက်ရှိလာခဲ့ပြီး နောက်ဆုံးအချိန်ထိ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် တိုက်ပွဲဝင်နေတာပဲဖြစ်ပါတယ်။ လက်ကျန်ပွဲစဥ်တွေအရ ၊ အဆင့်ဇယားရပ်တည်မှု အရ ၊ စုဆောင်းမိထားတဲ့ ရမှတ်တွေ အရ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့အတွက် အားသာနေတဲ့ အသင်းတွေရှိသလို ၊ အားနည်းနေတဲ့ အသင်းတွေလဲ ရှိပါတယ်။


ချန်ပီယံလိဂ် ဝင်ခွင့်အတွက် တိုက်ပွဲဝင်နေတဲ့ အသင်း ၅ သင်းထဲမှာ မန်စီးတီး အသင်းက လက်ကျန်ပွဲစဥ်တွေက မန်စီးတီး အသင်းရဲ့ လူစာရင်း ၊ လက်ရှိပြသနေတဲ့ ခြေစွမ်း ၊ ပွဲတစ်ပွဲကို ဘယ်လိုအနိုင်ယူရမလဲ သိတဲ့ နည်းပြကြီး ဂွာဒီယိုလာ ကို ပိုင်ဆိုင်ထားမှုတွေကြောင့် ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အားသာချက်တွေအများကြီး ရှိနေတာပဲဖြစ်ပါတယ်။ နော်တင်ဟမ်ဖောရက် က ရာသီအစထဲက ချန်ပီယံလိဂ် ဝင်ခွင့်ကို ဦးတည်ပြီး တိုက်ပွဲဝင်ခဲ့တာမျိုးမဟုတ်ပဲ တစ်ရာသီလုံးမှာ ဘယ်သူမှမထင်မှတ်လောက်အောင် ကောင်းတဲ့ ခြေစွမ်းတွေကြောင့် ချန်ပီယံလိဂ် ဝင်ခွင့်တိုက်ပွဲထဲ ပါဝင်လာတာဖြစ်ပါတယ်။ နော်တင်ဟမ်ဖောရက်က လက်ကျန်ပွဲစဥ်တွေက အရမ်းခက်ခဲတဲ့ ပွဲစဥ်တွေမဟုတ်ပေမယ့် အခုနော်တင်ဟမ်က ရာသီအစတုန်းကလို အရမ်းကောင်းနေတဲ့နော်တင်ဟမ်ဖောရက်မဟုတ်တော့ပါဘူး။ အက်စတွန်ဗီလာ နဲ့ နယူးကာဆယ် ယူနိုက်တက် အသင်းတွေကတော့ လက်ကျန်ပွဲစဥ်တွေက ခက်ခဲတဲ့ ပွဲစဥ်တွေဖြစ်ပေမယ့် ပရီးမီးယားလိဂ် အတွက် ဘားမှမျှော်လင့်လို့မရတော့တဲ့ အသင်းတွေတော်တော်များများနဲ့ ရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။


ချယ်ဆီး အသင်းအနေနဲကတော့ လက်ကျန်ပွဲစဥ်တွေက ခက်ခဲတဲ့ ပွဲစဥ်တွေကိုသာ ရင်ဆိုင်ရမှာဖြစ်ပြီး လက်ကျန်ပွဲစဥ်တွေမှာ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် တိုက်ပွဲဝင်နေတဲ့ နယူးကာဆယ် ၊ နော်တင်ဟမ်တို့နဲ့ ရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။ ချန်ပီယံလိဂ် ဝင်ခွင့်အတွက်က ဘားမှကြိုပြောလို့မရသေးပဲ နောက်ဆုံးအကြိမ်ထိ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ ပရိတ်သတ်တွေရော ဘယ်လိုထင်လဲ ဘယ်အသင်းတွေက ချန်ပီယံလိဂ် ဝင်ခွင်ရရှိသွားမလဲ ။ ပရိတ်သတ်တွေရဲ့ အမြင်ကို ကောမန့်မှာ ဝင်ရောက်ဆွေးနွေးပေးသွားကြပါအုံး။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။

#mmmedia

#chelsea

#premierleague

#championsleague

#liverpool

#tottenhamhotspur

#newcastle

#arsenal

Leave a reply