ကမ္ဘာ့သက်တမ်း အရှည်ဆုံး ကလပ် အသင်း ၅ သင်း

Admin
1w ago
Sport Articles
ကမ္ဘာ့သက်တမ်း အရှည်ဆုံး ကလပ် အသင်း ၅ သင်း

ဘောလုံး အားကစားဆိုတာ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး နဲ့ စိတ်ဝင်စားမှု အပြည့်အဝ ရရှိထားတဲ့ အားကစားတစ်ခုဖြစ်ပါတယ်။ ဘောလုံး အသင်းတစ်သင်း ရေရှည် ရပ်တည်ဖို့ဆိုတာ ထင်သလောက်လွယ်ကူတဲ့ ကိစ္စတော့မဟုတ်ပါဘူး။ အခုခေတ် နာမည်ကြီးပြီး ဆုဖလားတွေကို စိန်ခေါ်နေတဲ့ ကလပ်အသင်းတွေက ဟိုးအရင်ခေတ်တွေထဲက အောင်မြင်ခဲ့တဲ့ ကလပ် အသင်းတွေ မဟုတ်ကြပါဘူး။ ဒီလိုပဲ ဟိုးအရင်ခေတ်တွေမှာ ဆုဖလားတွေကို သိမ်းပိုက်နိုင်ပြီး အောင်မြင်ခဲ့တဲ့ အသင်းတွေကလည်း အခုချိန်မှာ လူမသိသူမသိ အသင်းသေးတွေဖြစ်သွားတဲ့ အသင်းတွေကလည်း မနည်းပါဘူး။ ဒီနေ့တင်ဆက်ပေးသွားမှာကတော့ ကမ္ဘာ့သက်တမ်းအရှည်ဆုံး ကလပ်အသင်း ၅ သင်း အကြောင်းပဲဖြစ်ပါတယ်။

၁. Sheffifeld Fc

ရှက်ဖီး အသင်းကတော့ ၁၈၅၇ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တဲ့ အသင်းတစ်သင်းဖြစ်ပြီး ကမ္ဘာ့ ပထမဆုံးတည်ထောင်ခဲ့တဲ့ ကလပ် အသင်းတစ်သင်းလည်းဖြစ်ပါတယ်။ ရှက်ဖီး အသင်းကို အင်္ဂလန်နိုင်ငံ ရှက်ဖီးမြို့မှာ စတင်တည်ထောင်ခဲ့တာပဲဖြစ်ပါတယ်။ ရှက်ဖီး rule လို့ခေါ်တဲ့ ဘောလုံးစည်းမျဥ်းများကို ဖန်တီးခဲ့ပြီး လက်ရှိဘောလုံးလောကမှာ အသုံးပြုနေတဲ့ စည်းမျဥ်းတွေရဲ့ အခြေခံ အုတ်မြစ်လည်းဖြစ်ပါတယ်။ ရှက်ဖီး အသင်းက အခုလက်ရှိမှာတော့ အလားအလာ ရှိတဲ့ လူငယ်ကစားသမားတွေနဲ့ အတူ Northern Premier League Division One East မှာ ကစားနေတာပဲဖြစ်ပါတယ်။


၂. Hallam fc

Hallam fc အသင်းကို တော့ ကမ္ဘာ့ပထမဆုံးကလပ် အသင်းဖြစ်တဲ့ ရှက်ဖီး အသင်းတည်ထောင်ပြီး ၃ နှစ်အကြာမှာ တည်ထောင်ခဲ့တာပဲဖြစ်ပါတယ်။ Hallam fc ကို ၁၈၆၀ ခုနှစ် အင်္ဂလန်နိုင်ငံ ရှက်ဖီးမြို့မှာ စတင်တည်ထောင်ခဲ့တာပဲဖြစ်ပါတယ်။ Hallam အသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ Sandygate ဆိုတဲ့ ကွင်းကတော့ ကမ္ဘာ့သက်တမ်း အရှည်ကြာဆုံးသော ဘောလုံးကွင်းတစ်ကွင်းလည်းဖြစ်ပါတယ်။ Hallam အသင်းက အခုလက်ရှိ အင်္ဂလန် ရဲ့ Northern Counties East League Premier Division မှာ ပါဝင်ကစားနေတာပဲဖြစ်ပါတယ်။


၃. Notts County Fc

၁၈၈၈ ခုနှစ် Football League တည်ထောင်တဲ့ အသင်း ၁၂ သင်းထဲမှာ ပါဝင်ခဲ့တဲ့ Notts County အသင်းက ကမ္ဘာ့သက်တမ်းအရှည်ကြာဆုံးသော တတိယအသင်းပဲဖြစ်ပါတယ်။ Notts County Fc ကို ၁၈၆၂ ခုနှစ် အင်္ဂလန် နိုင်ငံ နော်တင်ဟမ် မြို့မှာ စတင်တည်ထောင်ခဲ့တာပဲဖြစ်ပါတယ်။ 1894 ခုနှစ်မှာ FA Cup ကိုဆွတ်ခူးနိုင်ခဲ့ပြီး Notts County Fc က အဲ့ချိန်တုန်းက Second Division မှာ ကစားနေတဲ့ အသင်းတစ်သင်းလည်းဖြစ်ပါတယ်။ Second Division ကနေ FA ဖလားကို သိမ်းပိုက်နိုင်ခဲ့တဲ့ ပထမဆုံး အသင်းတစ်သင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။


၄. Stoke City Fc

စတုတ်စီးတီး အသင်းကတော့ ပရိတ်သတ်တွေနဲ့ စိမ်းတဲ့ အသင်းတစ်သင်းတော့မဟုတ်ပါဘူး။ စတုတ်စီးတီး အသင်းကိုတော့ ၁၈၆၃ ခုနှစ် အင်္ဂလန်နိုင်ငံ Staffordshire ပြည်နယ်ရှိ Stoke-on-trent မြို့မှာ စတင်တည်ထောင်ခဲ့တာပဲဖြစ်ပါတယ်။ အသင်းစတင် တည်ထောင်တဲ့ အချိန်မှာ အသင်းရဲ့ နာမည် Stoke City Fc မဟုတ်ခဲ့ပါဘူး ။ 1863 ခုနှစ်မှာ Stoke Ramblers ဆိုတဲ့ နာမည်နဲ့ စတင်တည်ထောင်ခဲ့ပြီး 1925 ရောက်မှသာ Stoke City Fc လို့ပြောင်းလဲခဲ့တာပဲဖြစ်ပါတယ်။


၅. Cray Wanderers FC

Cray Wanderers FC ကို ၁၈၆၀ ခုနှစ်မှာ အင်္ဂလန် နိုင်ငံ လန်ဒန်မြို့မှာ စတင်တည်ထောင်ခဲ့တာပဲဖြစ်ပြီး လန်ဒန်မြို့ရဲ့ အကြီးဆုံးနဲ့ အစောဆုံး ကလပ် အသင်းတစ်သင်းဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ဒုတိယ အကြီးဆုံး association football club လည်းဖြစ်ပါတယ်။ Cray Wanderers FC အသင်း က အခုလက်ရှိမှာတော့ အင်္ဂလန် ရဲ့ Isthmian League Premier Division မှာ ကစားနေတာပဲဖြစ်ပါတယ်။

ဟုတ်ကဲ့ပါ အခုတင်ဆက်ပေးသွားတာကတော့ ကမ္ဘာ့သက်တမ်း အရှည်ဆုံး ကလပ် အသင်း ၅ သင်း အကြောင်းပဲဖြစ်ပါတယ်။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီး တင်ရှိပါတယ်။

#mmmedia

#club

#sheffifeldfc

#hallamfc

#nottscountyfc

#stokecityfc

#craywanderersfc

Leave a reply