မြန်မာ့လက်ရွေးစင်အသင်းနဲ့ ရန်ကုန်ယူနိုက်တက် အသင်းရဲ့ အားအထားရဆုံးကစားသမား တစ်ဦး ဖြစ်ခဲ့သူ ဒေးဗစ်ထန်း

ဒေးဗစ်ထန်းလို့ ပြောလိုက်တာနဲ့ လူကောင်သေးသေးလေးနဲ့ ကွင်းတစ်ကွင်းလုံးကို မမောနိုင်မပန်းနိုင် မခိုမကပ် ပြေးလွှားကစားတက်တဲ့ ကစားသမား တစ်ယောက်ဖြစ်တယ်ဆိုတာ တကူးတက ကြီး ပြောပြနေစရာ လိုမယ်မထင်ပါဘူး။ ဒစ်ဗစ်ထန်းက မြန်မာနေရှင်နယ်လိဂ်ရဲ့ အအောင်မြင်ဆုံး ကစားသမား တစ်ဦးဖြစ်တဲ့အပြင် မြန်မာနိုင်ငံ ကိုယ်စားပြု အသင်းအတွက် လဲ မရှိမဖြစ် ဝါရင့်ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။ ဒေးဗစ်ထန်း က သူရဲ့ အားသာချက်ဖြစ်တဲ့ လျင်မြန်မှုတွေ တိကျမှုတွေ မမောနိုင်မပန်းနိုင် အင်တိုက်အားတိုက် ကစားနိုင်မှုတွေကြောင့် အသင်းရဲ့ နောက်တန်း ၊ အလယ်တန်း အပြင် တောင်ပံ ဘယ်နေရာမှာ မဆို အကောင်းဆုံး ကစားနိုင်တဲ့ ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။
ဒေးဗစ်ထန်းက ပရိတ်သတ် အချစ်တော် ကစားသမား တစ်ယောက်ဖြစ်တဲ့ အပြင် သူ့ရဲ့ ဘယ်နေရာမှာ မဆို ကစားနိုင်တဲ့ အခြေအနေတွေကြောင့် နည်းပြတိုင်း လိုချင်တဲ့ ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။ ဒေးဗစ်ထန်းက ၁၆နှစ်ကြာ မြန်မာနေရှင်နယ်လိဂ်မှာ အကောင်းဆုံးပေးဆပ် ကစားနေတာ ဖြစ်ပြီး သူ့ရဲ့ ကစားသမား ဘဝ အစကိုတော့ ရန်ကုန်ယူနိုက်တက် အသင်း ဖြစ်မလာခင် အဲပုဂံ အသင်းမှာ ကတည်းက စတင်ကစားလာခဲ့တာပဲဖြစ်ပါတယ်။ ဒေးဗစ်ထန်း က ရန်ကုန်ယူနိုက်အသင်းမှာ ၉ နှစ်ကြာ ကစားခဲ့ပြီးနောက် ရှမ်းယူနိုက် အသင်းကို ပြောင်းရွှေ့သွားခဲ့တာပဲဖြစ်ပါတယ်။ရှမ်းယူနိုက် အသင်းမှာ ၂ ရာသီကြာ ကစားခဲ့ပြီး ဒုတိအကြိမ် အိမ်ပြန်ခရီး အဖြစ် ရန်ကုန်ယူနိုက်တက် အသင်းကို ပြန်လည်ပြောင်းရွှေ့လာခဲ့တာပဲဖြစ်ပါတယ်။ဒေးဗစ်ထန်း က ကစားသမား ဘဝ အစထဲကနေ အခုချိန်ထိ သူ့ရဲ့ ကောင်းမွန်တဲ့ခြေစွမ်းတွေကို တသမတ် ထဲဖြစ်အောင် ထိန်းထားနိုင်တာကလည်း အင်မတန် ချီးကျူးရမယ့် ကိစ္စ တစ်ခုဖြစ်ပါတယ်။ သူ့ရဲ့ အားနည်းချက်ဖြစ်တဲ့ လူကောင်သေးတာကို သူ့ရဲ့ အားနည်းချက်လို့မမြင်ရအောင် ကစားအားကို လိုတာထက်ပိုထုတ်သုံးပြီးကစားတယ် ။
အခြားကစားသမားတွေထက် ပိုမိုကြိုးစားတယ်။ အဲ့တာတွေကြောင့်ပဲ ဒေးဗစ်ထန်းကို အဆုတ်နှစ်ခုနဲ့ ကစားသမားလို့ ပရိတ်သတ်တော်တော်များများက တင်စားခေါ်ဝေါ်ခဲ့ကြတာပဲဖြစ်ပါတယ်။ဒေးဗစ်ထန်းက ကစားတဲ့နေရာမှာ မခိုမကပ်ကစားတာတွေ ၊ ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့်အဝ ရှိတာတွေ ၊ စီနီယာ ကစားသမား ပီပီ စွန့်လွှတ်အနစ်နာခံတာတွေ ၊ စည်းကမ်းပိုင်းမှာ အရမ်းကောင်းမွန်တာတွေက အခုခေတ် လူငယ် ကစားသမားတွေ အတွက်တော့ အတုယူစရာ အကောင်းဆုံး ကစားကစားဖြစ်စေတဲ့ အချက်တွေပဲဖြစ်ပါတယ်။ ဒေးဗစ်ထန်း က တစ်ချိန်တုန်းက နည်းပြ က Fullback နေရာမှာ ကစားဖို့ပြောတဲ့အချိန် Fullback ဆိုတဲ့ အဓိပ္ပာယ်ကိုတောင် မသိတဲ့ ဒေးဗစ်ထန်းက ဘယ်နေရာထားထား သူအကောင်းဆုံးလုပ်နိုင်ပါတယ်ဆိုတဲ့ စိတ် နဲ့ Fullback မှာ အကောင်းဆုံးပေးဆပ်ကစားပြီး မြန်မာပရိသတ်တွေရဲ့ အသဲနှလုံးကို အပိုင်သိမ်းယူသွားခဲ့တာ အချိန်တစ်ခုတော့ ကြာခဲ့ပြီပဲဖြစ်ပါတယ်။
ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိရမယ်၊ အကောင်းဆုံးလည်း ပေးဆပ်ပြီး ကြိုးစားမယ်ဆိုရင် မဖြစ်နိုင်တဲ့ အရာ မရှိဖူးဆိုတာကို ဒေးဗစ်ထန်းက ကောင်းကောင်းကြီး သက်သေပြသွားခဲ့တာပဲဖြစ်ပါတယ်။ မြန်မာဘောလုံးလောကမှာ ဒေးဗစ်ထန်းလို ကစားသမားမျိုး နောက်တစ်ယောက်ထပ်ပေါ်ဖို့ မလွယ်ကူပါဘူး။ ဟုတ်ကဲ့ပါ အခုတင်ဆက်ပေးသွားတာတော့ မြန်မာ ပရိတ်သတ်တွေရဲ့ အချစ်တော်ကစားသမား တစ်ဦးဖြစ်တဲ့ ဒေးဗစ်ထန်း အကြောင်းပဲဖြစ်ပါတယ်။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#DavidHtan
#Myanmar
#YangonUnited
LATEST NEWS



Today I would like to tell you about the 10 most valuable full-back players in the world of football.

Today I would like to tell you about the best attacking duo Chelsea have ever had.