ဒင်းန်ဟောက်ဆန် ရဲ့ နောက်ထပ်ခြေလှမ်းအသစ်က ဘယ်အသင်းဖြစ်သွားမလဲ

ဒင်းန်ဟောက်ဆန် ဆိုတဲ့ နာမည်ကို ဒီနှစ်ဘောလုံးရာသီမှာ ကျယ်ကျယ်ပြန့်ပြန့်ကြားနေရတယ်။ ဒင်းန်ဟောက်ဆန် က ကမ္ဘာ့အဆင့်ခြေစွမ်းတွေကို ဘုန်းမောက်အသင်းမှာ ပွဲတိုင်းလိုလို ပြသနေပြီး အသင်းကို အများကြီးထမ်းတင်နေတဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။ ဒင်းန်ဟောက်ဆန် က ဒီနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ် ရဲ့ အတောက်ပဆုံး လူငယ်ကြယ်ပွင့်တွေထဲက တစ်ယောက်ပဲဖြစ်ပါတယ်။ ဒင်းန် ဟောက်ဆန်က အရပ်မြင့်မားတဲ့ ကစားသမား တစ်ဦးဖြစ်ပြီး သူရဲ့ ပေါ့ပါးသွက်လက် တဲ့ ကစားဟန်က အနုပညာမြောက်ပြီး ကြည့်ရှုတဲ့လူတိုင်းရဲ့ စိတ်အာရုံကို ဖမ်းစားနိုင်တယ်။ ပရီးမီးယားလိဂ် လိုမျိုး ကြံ့ခိုင်မှု အသားပေးကစားတဲ့ လိဂ်မျိုးမှာ သူ့ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်း တည်ဆောက်ပုံနဲ့ အကောင်းဆုံးကစားနိုင်တာကို ကြည့်ရင် အခြားလိဂ်တွေမှာ ရော အခုလိုကောင်းကောင်း ကစားနိုင်ပါ့မလားဆိုတဲ့ မေးခွန်းတွေ မေးစရာမလိုပါတော့ပါဘူး။
ပရီးမီးယားလိဂ်လို ကြံ့ခိုင်မှု အသားပေးကစားတဲ့ လိဂ်မှာ ကောင်းကောင်းကစားနိုင်ရင် အခြားလိဂ်တွေကို ထည့်စဉ်းစားစရာကို မလိုပါဘူး။ အဲ့တာကြောင့်ပဲ ဒင်းန်ဟောက်ဆန် ကို ပရီးနီးယားလိဂ် အသင်းတွေအပြင် ရီးရဲလ်မက်ဒရစ် ၊ ဘာယန်မြူးနစ် အသင်းတွေကပါ ခေါ်ယူချင်နေတာပဲဖြစ်ပါတယ်။ ဒင်းန်ဟောက်ဆန်က ဂျူဗင်ဒက် အသင်းကနေ စတင်ပေါ်ထွက်လာခဲ့ပြီး ရိုးမား အသင်းကို အငှားသွားရောက်ကတည်းက သူ့ရဲ့ အကောင်းဆုံးပုံစံတွေနဲ့ အသင်းတိုင်းနီးပါးကို မျက်စိကျအောင်စွမ်းဆောင်နိုင်ခဲ့တယ်။ ဘုန်းမောက် အသင်းရဲ့ အစပိုင်းပွဲစဥ်တွေမှာတော့ ဒင်းန်ဟောက်ဆန် က ပွဲထွက်ခွင့်သေသေချာချာ မရရှိခဲ့ပါဘူး။ ဒီဇင်ဘာလ အစလောက်တုန်းကမှ ဘုန်းမောက်အသင်းရဲ့ အဓိက အားထားရတဲ့ ကစားသမားလည်းဖြစ် အသင်းခေါင်းဆောင်လည်းဖြစ်တဲ့ မာကို ဆန်နစီ ဒဏ်ရာရရှိသွားတဲ့ အချိန်မှသာ ပွဲထွက်ခွင့် သေသေချာချာလေး ရရှိခဲ့တာပဲဖြစ်ပါတယ်။ ပွဲထွက်ခွင့် ရရှိတဲ့ အချိန်တိုလေးအတွင်းမှာပဲ သူပြသနေတဲ့ခြေစွမ်းတွေကြောင့် ပရီးမီးယားလိဂ် ရဲ့ အတောက်ပဆုံး လူငယ်ကြယ်ပွင့်တစ်ယောက်ဖြစ်လာခဲ့ပြီး စပိန်လက်ရွေးစင် အသင်းမှာလည်း ရွေးချယ်ခံခဲ့ရတယ်။ ဒင်းန်ဟောက်ဆန် က လက်ရွေးစင် အသင်းမှာလည်း ခြေစွမ်းကောင်းတွေကို ဆက်တိုက်ပြသနိုင်ခဲ့တာကြောင့် ဥရောပအသင်းကြီး တော်တော်များများကို စိတ်ဝင်စားလာခဲ့ကြတာပဲဖြစ်ပါတယ်။
ဒင်းန်ဟောက်ဆန် ကို လီပါပူး ၊ အာဆင်နယ် ၊ ချယ်ဆီး အသင်းတွေက အဓိက ပစ်မှတ်ထားနေကြပြီး နယူးကာဆယ် ၊ ဘာယန်မြူးနစ် နဲ့ ရီးရဲလ်မက်ဒရစ် အသင်းတွေရဲ့ စိတ်ဝင်စားနေတဲ့ ကစားသမားစာရင်းထဲမှာလည်း ပါဝင်နေတာပဲဖြစ်ပါတယ်။ ဒင်းန်ဟောက်ဆန် ကို ခေါ်ယူချင်တဲ့ အသင်းက စာချုပ်ဖြတ်သိမ်းကြေး အဖြစ် ပေါင်သန်း ၅၀ ပေးချေရမှာဖြစ်ပြီး ဒင်းန်ဟောက်ဆန် အခုလက်ရှိပြသနေတဲ့ ခြေစွမ်းနဲ့ ယှဥ်ရင် စာချုပ်ဖြတ်သိမ်းကြေးက ဘားမှ မပြောပလောက်တဲ့ ပမာဏပဲ ဖြစ်ပါတယ်။ နောက်ရာသီ ဒင်းဟောက်ဆန် တစ်ယောက် ဘယ်အသင်းကို ရောက်ရှိသွားမလဲဆိုတာကတော့ စိတ်ဝင်စားစရာကောင်းနေပါပြီ ။ ပရိတ်သတ်တွေရော ဘယ်လိုထင်လဲ ၊ ဒင်းန်ဟောက်ဆန် တစ်ယောက် နောက်ရာသီကြရင် ဘယ်အသင်းကို ရောက်ရှိသွားမလဲ။ ပရိတ်သတ်တွေရဲ့ အမြင်ကို ကောမန့်မှာ ဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#deanhodgson
#bournemouh
#premierleague
#footballer
LATEST NEWS


Today I would like to tell you about the 10 most valuable full-back players in the world of football.

Today I would like to tell you about the best attacking duo Chelsea have ever had.
.png)