ပတ်ထရိုဗစ် ကို အငှားချထားရာကနေ ချယ်ဆီး အသင်းထံ ပြန်ခေါ်မလား

ပတ်ထရိုဗစ် ဆိုတဲ့ ဆားဗီးယား လူငယ် ဂိုးသမားလေးက ချယ်ဆီး အသင်းရဲ့ အနာဂတ် plan အတွက် လူငယ်ကစားသမားကောင်းတွေ စုဆောင်းတဲ့အချိန် မေဂျာလိဂ် ကနေတဆင့် ချယ်ဆီး အသင်းကို ရောက်ရှိလာခဲ့ပါတယ်။ အစတုန်းကတော့ ပတ်ထရိုဗစ်က ဘယ်လို ကစားသမားမျိုးလည်း ၊ ပတ်ထရိုဗစ် ဘယ်လောက်ကောင်းလည်းဆိုတာ သိတဲ့လူ မရှိသလောက်ပါပဲ ။ ပတ်ထရိုဗစ် ဂိုးဖမ်းတာကို ဘယ်သူမှကောင်းကောင်းမကြည့်ခဲ့ဖူးလို့လေ ။ ချယ်ဆီး အသင်းကို ရောက်ရောက်ချင်း အချိန်တွေမှာတော့ အရန်ခုံတန်းမှာ ထိုင်ခဲ့ရတာပေါ့ ။ ဒါပေမယ့် တစ်ဖြေးဖြေးနဲ့ ရာသီဝက်လောက်မှာ ချယ်ဆီး အသင်း ဂိုးသမား ရောဘက် ဆန်းချက်ရဲ့ စွမ်းဆောင်ရည်တွေ ကျဆင်းလာတဲ့ အပြင် ၊ ယုံကြည်မှုပါပျောက်ဆုံးပြီး တစ်ဦးချင်း အမှားတွေ ဆက်တိုက်ပြုလုပ်နေတဲ့ ရောဘက် ဆန်းချက်ရဲ့ နေရာမှာ နည်းပြ ပိုချက်တီနို က လူငယ်ဂိုးသမားလေး ပက်ထရိုဗစ်ကို ယုံယုံကြည်ကြည်နဲ့ နေရာပေးခဲ့တယ်။
ပတ်ထရိုဗစ်က နည်းပြ ပိုချက်တီနိုရဲ့ ယုံကြည်မှုကို ဘယ်တုန်းကမှ အလွဲသုံးစား မလုပ်ခဲ့ပါဘူး။ ပွဲထွက်ခွင့် အခွင့်အရေး ရတဲ့ အချိန်မှာလည်း အကောင်းဆုံးကြိုးစားပြီး ချယ်ဆီး အသင်းရဲ့ ဂိုးပေါက်ကို ကာကွယ်ခဲ့တယ် ။ ချယ်ဆီး အသင်းရဲ့ ပရိတ်သတ်တွေ စိတ်ထဲမှာ ရောဘက်ဆန်းချက်ထက် ပတ်ထရိုဗစ် ဖမ်းတဲ့ ချယ်ဆီး အသင်းရဲ့ ဂိုးပေါက်က ပိုလုံခြုံတယ်လို့ ခံစားလာရတယ်။ ပတ်ထရိုဗစ်က ချယ်ဆီး အသင်းကို သူ့ရဲ့ အကောင်းဆုံးလက်စွမ်းတွေနဲ့ ရှံးမယ့်ပွဲတွေ ၊ အမှတ်လျော့မယ့် အနေအထားတွေကနေ အကြိမ်ကြိမ် ကယ်တင်နိုင်ခဲ့တယ်။ တဖြည်းဖြည်းနဲ့ ပတ်ထရိုဗစ်က ချယ်ဆီးပရိတ်သတ်တွေရဲ့အချစ်တော်ဂိုးသမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ပတ်ထရိုဗစ် ပြသခဲ့တဲ့ လက်စွမ်းတွေကြောင့် နောက်ရာသီ ချယ်ဆီး အသင်းမှာ နေရာတစ်နေရာ အပိုင်စားရရှိမယ်လို့ ထင်ကြပေမယ့် နောက်ရာသီ Filip Jörgensen ကိုခေါ်ယူပြီး ပတ်ထရိုဗစ်ကိုတော့ ချယ်ဆီးရဲ့ မိတ်ဖက် အသင်းဖြစ်တဲ့ Strasbourg အသင်းကို အငှားချခဲ့တယ်။ ဒါပေမယ့် ချယ်ဆီးနည်းပြ မာရက်စကာရဲ့ စိတ်ကြိုက် ဂိုးသမားတွေဖြစ်ကြတဲ့ ဆန်းချက်နဲ့ဂျော်ဂဆန် နှစ်ယောက်လုံးက တစ်ဦးချင်း အမှားတွေ အတော်လေးကို များပြီး မပေးသင့်တဲ့ ဂိုးတွေ ကို အမြဲလိုလိုပေးနေရတဲ့အချိန်မှာ တဖက်က ပတ်ထရိုဗစ်က တော့ ကမ္ဘာ့အဆင့်လက်စွမ်းတွေကို Strasbourg အသင်းမှာဆက်တိုက်ပြသနေပြီး လိဂ်ဂူးဝမ်းရဲ့ ကာကွယ်မှု အများဆုံး နဲ့ အကောင်းဆုံး ဂိုးသမား စာရင်းမှာ ပတ်ထရိုဗစ်က Donnarummaလို ကစားသမားကို နောက်ကောက်ချပြီး ထိပ်ဆုံးကဦးဆောင်နေတာပဲဖြစ်ပါတယ်။ ပတ်ထရိုဗစ် ကနောက်ဆုံး ကစားခဲ့တဲ့ ၈ ပွဲမှာ ၃ ဂိုးသာ ဂိုးအဖြစ် ခွင့်ပြုခဲ့ရပြီး Clean Sheets ( ၆ ) ပွဲအထိ ရရှိထားတာပဲဖြစ်ပါတယ်။မော်ဒန်ဘောလုံးလောကမှာ အရေးပါတဲ့ ball-playing ပိုင်းမှာလည်းတော်တော်လေးကို တိုးတက်ကောင်းမွန်လာတာကိုလည်းတွေ့ရပါတယ်။
ဒီလိုလက်စွမ်းကောင်းတွေဆက်တိုက်ပြနေတဲ့ ပတ်ထရိုဗစ်ကို ဂိုးသမားရဲ့ တစ်ဦးချင်း အမှားတွေကြောင့် ပေးဂိုးတွေ အမြဲလိုလို ခွင့်ပြုနေရတဲ့ ချယ်ဆီး အသင်းအနေနဲ့ အငှားကနေ ပြန်လည်ခေါ်ယူပြီး ချယ်ဆီး အသင်းရဲ့ဂိုးပေါက်ကာကွယ်တဲ့နေရာကိုအပိုင်စားပေးသွားမလားဆိုတာကတော့ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ ပရိတ်သတ်တွေရော ဘယ်လိုထင်လဲ လက်စွမ်းကောင်းတွေပြသနေတဲ့ ပတ်ထရိုဗစ်ကို ချယ်ဆီး အသင်းနောက်ထပ်အခွင့်အရေး တစ်ကြိမ် ထပ်ပေးသွားမလား ပရိတ်သတ်တွေရဲ့ အမြင်ကို ကောမန့်မှာ ဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီး တင်ရှိပါတယ်။
#mmmedia
#djordjepetrovic
#Serbian
#goalkeeper
#chelsea
LATEST NEWS



Today I would like to tell you about the 10 most valuable full-back players in the world of football.

Today I would like to tell you about the best attacking duo Chelsea have ever had.