အာနေးစလော့ တစ်ယောက် ပထမဆုံးရာသီမှာ ဆုဖလားဘယ်နှစ်လုံး သိမ်းပိုက်နိုင်သွားမှာလည်း

ဘောလုံးရာသီတစ်ခု ကုန်ခါနီးမှာ ဘောလုံးပရိတ်သတ်တိုင်း အံဩရစေမယ့် ကိစ္စတစ်ခုဖြစ်သွားခဲ့ပြီး ပွဲဆူခဲ့ကြပါတယ်။ အဲ့ဒီ ကိစ္စကတော့ လီပါပူး အသင်းရဲ့ ဖခင်ကြီး ၊ ကမ္ဘာ့အကောင်းဆုံး နည်းပြတွေထဲကတစ်ယောက်ဖြစ်တဲ့ ယာဂန် ကလော့ က လီပါပူး အသင်းနည်းပြ ရာထူးကနေ အနားယူမယ့် အကြောင်းဖွင့်ဟ ခဲ့တာပဲဖြစ်ပါတယ်။ ယာဂန် ကလော့က လီပါပူး အသင်းကို ဟိုးအောက်ခြေကနေ စပြီး တစ်ခုချင်းဆီပြုပြင်ပေးကာ ကမ္ဘာ့အကောင်းဆုံး အသင်းတစ်သင်းဖြစ်အောင် လုပ်ပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ လီပါပူး အသင်း ကဆုဖလားတွေနဲ့ ဝေးကွာနေတဲ့ အသင်းတစ်သင်းဖြစ်ပြီး လီပါပူး ပရိတ်သတ်တွေ ဆာလောင်နေတဲ့ ဆုဖလားတွေကို ကိုင်မြှောက်နိုင်အောင် လမ်းဖောက်ပေးနိုင်ခဲ့တဲ့ လူကတော့ နည်းပြကြီး ယာဂန် ကလော့ပဲဖြစ်ပါတယ်။
ယာဂန်ကလော့ က လီပါပူး အသင်းကို အချိန်ယူပြီး တဖြည်းဖြည်းချင်း ပြုပြင်ပြောင်းလဲခဲ့တာပဲဖြစ်ပါတယ်။ ယာဂန် ကလော့ နဲ့ နှုတ်ဆက်လမ်းခွဲပြီး တဲ့အချိန် လီပါပူး အသင်းရဲ့ နည်းပြရာထူးနေရာအတွက် ဘယ်သူတာဝန်ယူမလဲ ဆိုတာကို လူတိုင်းကစောင့်ကြည့်ခဲ့တာပဲဖြစ်ပါတယ်။ နောက်ဆုံးမှာ လီးပါပူး အသင်းရဲ့ နည်းပြဖြစ်လာတဲ့ သူကတော့ အားလုံးမထင်မှတ်ထားလောက်တဲ့ psvနည်းပြ အာနေးစလော့ ပဲဖြစ်ပါတယ်။ အာနေး စလော့ကို နည်းပြရာထူးခန့်အပ်လိုက်တာကြောင့် ဝေဖန်သံ အချို့ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။ အာနေး စလော့ က နယ်သာလန် လူမျိူးနည်းပြတစ်ဦးဖြစ်ပြီး နယ်သာလန် ဘောလုံး အတွေးအခေါ် ၊ အယူအဆတွေက ပရီးမီးယားလိဂ်မှာ အသုံးမဝင်ဘူး ၊ အံမဝင်ဘူးဆိုတာကို တန်ဟက် ၊ လူဝှစ် ဗန်ဟားတို့က သက်သေပြခဲ့တာကြောင့်လည်း ပရိတ်သတ် အချို့က အာနေးစလော့ကို လိုလိုလားလားမရှိခဲ့တာပဲဖြစ်ပါတယ်။ဒါပေမယ့် အာနေး စလော့ က အချိန်တိုလေးတစ်ခု အတွင်းမှာပဲ သူ့ရဲ့ အကောင်းဆုံးအရည်အချင်းတွေကို ပြသနိုင်ခဲ့ပြီး ဝေဖန်သံအချို့ကို ရပ်တန့်အောင်လုပ်နိုင်ခဲ့ပါတယ်။
အာနေးစလော့ က ကလော့ ချပေးခဲ့တဲ့ ကစားပုံ ၊ Formation အပေါ်မှာပဲ Upgrade လုပ်ပြီး ပိုကောင်းမွန်တဲ့ အသင်းတစ်သင်းဖြစ်အောင် အကောင်းဆုံးလုပ်ပြနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ကလော့ က အသင်းကို တဖြည်းဖြည်းချင်းတည်ဆောက်ပြီး မန်စီတီး အသင်းနဲ့ ရင်ဘောင်တန်းနိုင်ခဲ့တာပဲဖြစ်ပါတယ်။ အဲ့လို အခြေခိုင်အောင်တည်ဆောက်ထားတဲ့ ယာဂန် ကလော့ရဲ့ လီပါပူး အသင်းကို အာနေး စလော့ က အရင်ကထက်ပိုမိုကောင်းမွန်တဲ့ အသင်းတစ်သင်းဖြစ်အောင်နဲ့ သူလိုချင်တဲ့ ကစားပုံစံရောက်အောင်လည်း အကောင်းဆုံး ခေါ်ဆောင်နိုင်ခဲ့တဲ့ နည်းပြတစ်ယောက်လည်းဖြစ်ပါတယ်။ အာနေးစလော့ ရဲ့ လီပါပူး အသင်းက ဒီရာသီမှာ အကောင်းဆုံးဘောလုံးအသင်းတစ်သင်းဖြစ်နေပြီးပရီးမီးယားလိဂ်မှာလည်း ၂၈ ပွဲကစားပြီး တစ်ပွဲသာရှုံးနိုင်ထားတာပဲဖြစ်ပါတယ်။ အခုအချိန် လီပါပူး အသင်းက ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ဒုတိယနေရာက အာဆင်နယ် အသင်းနဲ့ တစ်ပွဲသာ ၁၃ မှတ် အထိဖြတ်ထားနိုင်တာကြောင့် ဒီရာသီ ပရီးမီးယာလိဂ်ဖလားကို အာနေးစလော့ရဲ့ လီပါပူးအသင်း ကိုင်မြှောက်နိုင်ဖို့က လက်တစ်ကမ်း အလိုပဲ ရှိတော့တာဖြစ်ပါတယ်။
EFL Cup မှာလည်း ဖိုင်နယ်အထိ တက်လှမ်းနိုင်ခဲ့ပြီး ဖိုင်နယ်မှာတော့ နယူးကာဆယ် အသင်းနဲ့ ယှဥ်ပြိုင်ရမှာပဲဖြစ်ပါတယ်။ ချန်ပီယံလိဂ် မှာလဲ ၁၆ သင်းရှုံးထွက် အဆင့်ကို ရောက်ရှိနေပြီး PSG အသင်းနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။ အခုအချိန် လီပါပူး အသင်းရဲ့ ခြေစွမ်းက ဖလားအားလုံးကို သိမ်းပိုက်နိုင်တဲ့ အနေအထားတစ်ခုမှာ ရှိနေခဲ့တာပဲဖြစ်ပါတယ်။ ဒီရာသီ အာနေး စလော့ရဲ့ လီပါပူး အသင်းက ဆုဖလားဘယ်နှစလုံးထိ သိမ်းပိုက်သွားနိုင်မယ်လို့ ထင်လဲ ပရိတ်သတ်တွေရဲ့ အမြင်ကို ကော့မန့်မှာ ဝင်ရောက်ဆွေးနွေးပေးသွားကြပါအုံး။အဆုံးထိဝင်ရောက်ကြည့်ရှုပေးတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#EFLCup
#Arneslot
#JürgenKlopp
#Liverpool
#coach
LATEST NEWS


Today I would like to tell you about the 10 most valuable full-back players in the world of football.

Today I would like to tell you about the best attacking duo Chelsea have ever had.
.png)