ဂျာမနီနဲ့ ဘိုင်ယန်မြူးနစ် အသင်းရဲ့ အစားထိုးမရနိုင်တဲ့ ဂန္ထဝင်ကြီး ဘက်ကင်ဘောင်ဝါ

ဖရန့် ဘက်ကင်ဘောင်ဝါ သို့မဟုတ် ဒါကိုင်ဇာဆိုတဲ့ နာမည်ဟာ ဘောလုံးသမိုင်းမှာ ထာဝရရေး ထွင်းပြီးသားနာမည်ဆိုတာကို အထူးမိတ်ဆက်ပေးနေဖို့ လိုမယ်မထင်ပါဘူး။ ဒါကိုင်ဇာဆိုတဲ့ အဓိပ္ပါယ်က အင်ပါယာအရှင် နောက်တနည်း ဘုရင်ကြီးလို့ ဆိုလိုတာပါ။ အဲဒီလောက်အထိ ဂျာမန် တွေက သူ့ကို လေးစားခဲ့ကြပါတယ်။ ကမ္ဘာ့ဖလားရော၊ ယူရိုဖလားရော၊ ဘောလွန်းဒီအောဆုကိုပါ သိမ်းပိုက်ရယူနိုင်ခဲ့တဲ့ ကစားသမား ၉ ဦးသာ သမိုင်းတလျှောက်ရှိပြီး သူက အဲဒီထဲက တယောက် ဖြစ်ပါတယ်။ ကွင်းလယ်ကစားသမားအနေနဲ့ ကစားသမားဘဝစတင်ခဲ့တာဖြစ်ပေမဲ့ သူ့နာမည်တခု ကိုတည်ဆောက်နိုင်ခဲ့တာကတော့ ဗဟိုခံစစ်မှူးနေရာမှာဖြစ်ပါတယ်။ လစ်ဘရိုဆိုတဲ့ ကစားဟန်ကို သူ တီထွင်ခဲ့တာလို့ ဆိုကြတာတောင်ရှိပါတယ်။
လစ်ဘရိုဆိုတာကတော့ လွတ်လပ်စွာကစားတဲ့ နောက်ခံလူတဦးရဲ့ ကစားဟန်ကို ဆိုလိုတာလို့ အကြမ်းဖျဉ်းယူဆလို့ရပါတယ်။ နောက်တန်းခံစစ်လိုင်းနဲ့ ဂိုးသမားရဲ့ ကြားမှာ ပါးပါးနပ်နပ်နေရာ ယူပြီး တစ်ဘက် ဘောလုံးတွေကို ရှင်းထုတ်၊ ဖျက်ထုတ်သလို၊ ဂိုးသမားနဲ့ နောက်တန်း၊ အလယ် တန်းတွေအကြား ဘောလုံးကို လက်ခံပြီး ချိတ်ဆက်လည်းပေးပါတယ်။ အဲဒီအပြင်ကိုမှ တဖက် အသင်းရဲ့ တိုက်စစ်ကို တားဆီးလိုက်နိုင်ပြီဆိုတာနဲ့ ကိုယ့်တိုက်စစ်မှာ အသင့်နေရာယူထားတဲ့ ကစားသမားတွေဆီကို တိုက်ရိုက်လှမ်းကန်တင်ပေးပြီး ချက်ချင်းတိုက်စစ်ပြန်စနိုင်အောင်လည်း လစ်ဘရိုကစားသမားက အကွက်ဆင်၊ ချိတ်ဆက်ပေးတတ်ပါတယ်။ ဒီနေ့ခေတ်ခေါ်ကြတဲ့ 𝐁𝐚𝐥𝐥-𝐩𝐥𝐚𝐲𝐢𝐧𝐠 ခံစစ်ကစားသမားတွေနဲ့ တချို့သော အချက်တွေမှာ ဆင်ပါတယ်။ အဝေးဘောတိတိကျကျ ပေးနိုင်ဖို့ လိုအပ်တဲ့ ကစားသမားပါ။ ကိုယ်ဘက်က ဘောလုံးကိုင်ထားတဲ့အခါ ကွင်းလယ်အထိ ချိတ် ဆက်ပြီး ကစားကွက်ထဲ ဝင်ပါတတ်ပါသေးတယ်။ တန်ပြန်တိုက်စစ်တွေမှာ ဘောလုံးကို သူကိုယ်တိုင် တိုက်ရိုက်ဆွဲတက်သွားတာမျိုး၊ ဂိုးရှေ့ထိရောက်အောင် ဆွဲပြေးသွားတာမျိုးတွေ လုပ်နိုင်တဲ့ အထိကို လစ်ဘရိုကစားသမားတွေကို လွတ်လပ်ခွင့်ပေးထားတာပါ။ ဒါကလည်း သူတို့အစွမ်းအစကို ယုံကြည်တဲ့အတွက် နည်းပြက တာဝန်ပေးထားတာဖြစ်ပါတယ်။
ဖရန့် ဘက်ကင်ဘောင်ဝါဟာ တိကျသပ်ရပ်တဲ့ ရှင်းထုတ်ပုံတွေ၊ သွယ်လျတဲ့တည်ဆောက်ပုံရှိပေမဲ့ ကြံ့ခိုင်မှုအားကောင်းတာနဲ့ ဘောလုံးယှဉ်လုတဲ့နေရာမှာ ပညာသားပါပါ လုယူနိုင်တာတွေ၊ ဘော လုံးအမြင်ကောင်းမွန်ပြီး တော်ရုံကွင်းလယ်အထိုင်ကစားသမားတယောက်ထက် ပိုတိကျတဲ့အဝေး ဘောပေးပို့နိုင်စွမ်းရှိတာတွေ၊ ဘောလုံးအမြင်ကောင်းမွန်မှုမှာ ထိပ်တန်းအဆင့်ကွင်းလယ်လူတဦးလို စူးရှတာတွေကြောင့် နာမည်ကျော်တာဖြစ်ပါတယ်။ တဖက်တိုက်စစ်ကို တားပြီးတာနဲ့ ချက်ချင်းတန် ပြန်တိုက်စစ်စနိုင်ဖို့ တိတိကျကျပေးနိုင်သလို ဘောလုံးကို သက်တောင့်သက်သာ ကိုင်ထိန်းထားပြီး အတိုင်းအတာတခုအထိ ကိုယ်တိုင် သယ်ယူပေးသွားနိုင်တဲ့ကစာသမားမျိုးဖြစ်တာကြောင့်လည်း သူ့ ကို ပြိုင်ဘက်တွေကအစ လေးစားကြတာပါ။
ဘက်ကင်ဘောင်ဝါက ၁၉၀၆ မြူးနစ်အသင်းနဲ့ ဘိုင်ယန်မြူးနစ်အကယ်ဒမီတို့ဆီမှာ အဆင့်ဆင့် သင် ယူခဲ့ပြီး ဘိုင်ယန်မြူးနစ်မှာ ပွဲထွက်ခဲ့ကာ သူ့ကစားသမားဘဝကုန်လုနီးနီးထိ ဘိုင်ယန်မြူးနစ်မှာပဲ ကစားသွားခဲ့ပါတယ်။ ၁၉၇၇ ကျမှ နယူးယောက်ကော့စ်မို့အသင်းဆီကို စတင်ထွက်ခွါသွားခဲ့တာ ဖြစ်ပြီး ၁၉၆၄ ကနေ ၁၉၇၇ ၊၁၃ နှစ်ကျော် ဘိုင်ယန်မြူးနစ်အတွက် ကစားပေးသွားခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ဘွန်ဒက်လီဂါ ၄ ကြိမ်၊ ပိုကယ်ဖလား ၄ ကြိမ်၊ ဉရောပဖလား ၃ ကြိမ်၊ ဉရောပ 𝐂𝐮𝐩 𝐖𝐢𝐧𝐧𝐞𝐫𝐬’ 𝐂𝐮𝐩 ၁ ကြိမ်နဲ့ အင်တာကွန်တီနင်တယ်ဖလား ၁ ကြိမ်ရယူနိုင်ခဲ့ပါတယ်။ ၁၉၈၀ မှာ နယူးယောက်ကော့စ်မို့ကနေ ပြန်လာပြီး ဟမ်းဘတ်အသင်းမှာ ၁၉၈၂ အထိ ကစားခဲ့ပါ သေးတယ်။ သူပါဝင်တဲ့ ဟမ်းဘတ်အသင်းဟာ ၁၉၈၁-၈၂ ဘွန်ဒက်လီဂါချန်ပီယံဖြစ်လာခဲ့ပါတယ်။
အနောက်ဂျာမနီအသင်းကစားသမားတယောက်ဖြစ်ပြီး ကမ္ဘာဖလားကို ၁၉၇၄ မှာ ချန်ပီယံတစ်ကြိမ်ရယူဖူးသလို ၁၉၆၆ မှာ ဒုတိယနေရာတစ်ကြိမ်၊ ၁၉၇၀ မှာ တတိယနေရာတစ်ကြိမ် ရောက်ရှိဖူးပါတယ်။ ၁၉၇၂ ယူရိုမှာ ချန်ပီယံဖြစ်ခဲ့ပြီး ၁၉၇၆ ယူရိုမှာတော့ ဒုတိယပါ။ နည်းပြဘဝမှာ အနောက်ဂျာမနီအ တွက် ကမ္ဘာ့ဖလားတစ်ကြိမ် ထပ်ယူပြနိုင်သလို ဒုတိယနေရာကိုလည်း တစ်ကြိမ်ထပ်မံရောက်ရှိခဲ့ပါ သေးတယ်။ ဘိုင်ယန်မြူးနစ်နည်းပြဖြစ်ခဲ့စဉ်ကာလမှာလည်း ဘွန်ဒက်လီဂါတစ်ကြိမ်၊ ယူအီးအက်ဖ်အေ ဖလား (အခုချန်ပီယံလိဂ်) တကြိမ် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။ဘောလွန်းဒီအောကို ၁၉၇၂ မှာ တစ်ကြိမ်၊ ၁၉၇၆ မှာ တစ်ကြိမ် ရရှိခဲ့သူပါ။ နောက်ခံကစားသမားအဖြစ်နဲ့ ဘောလွန်းဒီအောရတဲ့ ရှားရှားပါးပါးကစားသမားတွေထဲက တယောက်ပါပဲ။
၁၉၇၂ တုန်းက ယူရိုပြိုင်ပွဲရဲ့ ကစားပုံက အခုလိုမဟုတ်သေးပါဘူး။ ခြေစစ်ပွဲတွေ ကစားရပြီး ခြေစစ် ပွဲအောင် ၄ သင်းပဲ နောက်ဆုံးအဆင့်ပြိုင်ပွဲမှာ ကစားကြရပါတယ်။ ၇၂ ယူရို အိမ်ရှင်က ဘယ်လ်ဂျီ ယံဖြစ်ပြီး အိမ်ရှင် ဘယ်လ်ဂျီယံ၊ ဆိုဗီယက်ယူနီယံ၊ အနောက်ဂျာမနီနဲ့ ဟန်ဂေရီတို့ ၄ သင်း နောက် ဆုံးအဆင့်ကို ရောက်ရှိလာခဲ့ကြကာ ဆီမီးဖိုင်နယ်အဆင့်ကို တစ်ခါတည်းတန်းကစားရတာဖြစ်ပါ တယ်။ ခြေစစ်ပွဲတွေအဖြစ်တော့ အုပ်စု ၈ ခုခွဲကာ ကစားခဲ့ကြပြီး တစ်အုပ်စုကို ၄ သင်းပါဝင်ပါတယ်။ ယူရို ၇၂ နောက်ဆုံးပြိုင်ပွဲမှာ ဝင်ရောက်နိုင်ဖို့ ၁၉၇၀ အောက်တိုဘာကတည်းက ဒီအုပ်စု ၈ ခုနဲ့ ခြေစစ်ပွဲတွေ ကစားနေရတာဖြစ်ပါတယ်။ အနောက်ဂျာမနီက ပိုလန်၊ တူရကီ၊ အယ်ဘေးနီးယားတို့ နဲ့တစ်အုပ်စုတည်းဖြစ်ပြီး အုပ်စုပထမနေရာရတဲ့အတွက် ကွာတားဖိုင်နယ်ကို တက်လာခဲ့ပါတယ်။ အုပ်စု ပထမတစ်သင်းတည်းသာ တက်ခွင့်ရတာပါ။ ခြေစစ်ပွဲကွာတားဖိုင်နယ်က အိမ်ကွင်းအဝေးကွင်းစနစ် နဲ့ ခွဲကာ နှစ်ကျော့ကစားရပြီး နိုင်တဲ့အသင်းသာ နောက်ဆုံးအဆင့်ကို ရောက်နိုင်ပါတယ်။ ကွာတား ဖိုင်နယ်မှာ အနောက်ဂျာမနီက အင်္ဂလန်ကို ပထမအကျော့ ၁-၃၊ ဒုတိယအကျော့ ၀-၀ နဲ့ နောက်ဆုံး အဆင့်ကို ရောက်လာခဲ့တာပါ။
ဆီမီးဖိုင်နယ်မှာ ဘယ်လ်ဂျီယံနဲ့တွေ့ဆုံခဲ့ပြီး ဂတ်မူလာရဲ့ ဂိုး ၂ ဂိုးနဲ့ ဖိုင်နယ်ရောက်ခဲ့သလို၊ ဖိုင်နယ် မှာလည်း ဆိုဗီယက်ကို ဂတ်မူလာရဲ့ ဂိုး ၂ ဂိုး၊ ဗင်မာရဲ့ ဂိုး ၁ ဂိုး ၃-၀ နဲ့ နိုင်ကာ ဗိုလ်စွဲနိုင်ခဲ့ပါတယ်။ ပွဲစဉ်တလျှောက်အသင်းရဲ့အရေးပါဆုံး ကစားသမားအဖြစ် ဘက်ကင်ဘောင်ဝါက ကစားပြသွားခဲ့ပြီး အသင်းခေါင်းဆောင်လည်း အသင်းခေါင်းဆောင်ပါ။ နောက်တန်းအပြင် တစ်သင်းလုံးကိုပါ ဉီးဆောင် ထိန်းကျောင်းကာ စွမ်းဆောင်ပြခဲ့တာကြောင့် ၁၉၇၂ ဘောလွန်းဒီအာကို ဘက်ကင်ဘောင်ဝါရရှိခဲ့ တာဖြစ်ကာ သူ့ရဲ့ လစ်ဘရိုကစားဟန်နဲ့အတူ ဂျာမနီရဲ့ အိုင်ကွန်ကစားသမားအဖြစ် ထာဝရရပ်တည် နေတော့မှာဖြစ်ပါတယ်။
"〰〰〰〰〰〰〰〰〰〰〰〰〰〰〰
𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"
#MMMedia
#franzbeckenbauer
#Germanplayer
LATEST NEWS



Today I would like to tell you about the 10 most valuable full-back players in the world of football.

Today I would like to tell you about the best attacking duo Chelsea have ever had.