လူမသိသူမသိ ရီရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ကစားဖူးတဲ့ ကစားသမားများ

ရီးရဲလ် မက်ဒရစ် အသင်းလို့ပြောလိုက်တာနဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေနဲ့ပဲ ဖွဲ့စည်းတည်ဆောက်ထားတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ ရီးရဲလ် မက်ဒရစ် အသင်းဆိုတာ ဥရောပမှာ အအောင်မြင်ဆုံးအသင်းတစ်သင်းဖြစ်တဲ့ အပြင် ရီးရဲလ်မက်ဒရစ် အသင်းမှာ ကစားရင် ဆုဖလားအာမခံချက် ရှိတာကြောင့်လည်း ကစားသမားတိုင်းရဲ့ အိမ်မက် အသင်းတစ်သင်းဖြစ်နေတာပဲဖြစ်ပါတယ်။ အဲ့တာအပြင် ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ပဲ့ကိုင်ရှင် ပီရက် ရဲ့ ကြယ်စင်စု စုမံကိန်းကြောင့်လည်း အသင်းမှာဆိုရင် ကမ္ဘာ့အကောင်းတက အကောင်းဆုံး ကစားသမားတွေ နဲ့ ကမ္ဘာ့တန်ကြေးမြင့် ကစားသမားပေါင်းများစွာ ရှိနေတာပဲဖြစ်ပါတယ်။ ရီးရဲလ် မက်ဒရစ် အသင်းကို ပြောင်းရွှေ့မယ်ဆိုရင် ဆုဖလားအာမခံချက် နဲ့ ကစားသမား ဘဝ နောက်တစ်ဆင့်မြင့်သွားတယ်လို့ ကစားသမားတိုင်းရဲ့ စိတ်မှာ အမြစ်တွယ်နေကြပြီး ရီးရဲလ်မက်ဒရစ် အသင်းကို ပြောင်းရွှေ့သွားတဲ့ ကစားသမားတိုင်းကလည်း ဒိတ်ဒိတ်ကြဲ ကစားသမားတွေပဲဖြစ်တာကြောင့် မသိတဲ့လူမရှိလောက်ပါဘူး။ ဒီနေ့ တင်ဆက်ပေးသွားမှာကတော့ ရီးရဲလ် မက်ဒရစ် အသင်းမှာ ကစားခဲ့တယ်ဆိုတာ လူတွေသိပ်မသိသေးတဲ့ နာမည်ကျော်ကစားသမားတွေထဲကမှ ကစားသမား ၅ ယောက်အကြောင်းပဲဖြစ်ပါတယ်။
၁. ဖာဗင်ဟို
လီပါပူး အသင်းမှာ ကမ္ဘာ့အဆင့်ခြေစွမ်းတွေနဲ့ အတူ ချန်ပီယံလိဂ် ဖလား အပြင် အခြား ဆုဖလားပေါင်းများစွာကို ဆွတ်ခူးနိုင်ခဲ့တဲ့ ဖာဗင်ဟိုကလည်း ရီးရဲလ် မက်ဒရစ် အသင်းမှာ ကစားခဲ့ဖူးတာပဲဖြစ်ပါတယ်။ ဖာဗင်ဟိုက လီပါပူး အသင်းမှာသာ အောင်မြင်တဲ့ ကစားသမား ဘဝကို ဖြတ်သန်းခဲ့ရပြီး လီပါပူး အသင်းမရောက်ခင်က သာမန်ကစားသမား တစ်ဦးသာဖြစ်ပါတယ်။ ဖာဗင်ဟို က ရီးရဲလ် မက်ဒရစ် အသင်းကို ၂၀၁၃ ခုနှစ်လောက် အငှားသွားရောက် ကစားခဲ့ဖူးတာပဲဖြစ်ပါတယ်။ ဒါပေမယ့် တစ်ပွဲသာ ကစားခဲ့ရပြီး မိုနာကို အသင်းကို ပြောင်းရွှေ့သွားခဲ့တာပဲဖြစ်ပါတယ်။
၂. ချီချာရီကို ဟာနန်ဒက်
မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဂန္ထဝင် နည်းပြကြီး ဖာဂူဆန် ရဲ့ ဝှက်ဖဲ ဖြစ်ခဲ့ပြီး အသင်းလိုအပ်ချိန်တိုင်းမှာ ဂိုးတွေသွင်းပေးပြီး မန်ချက်စတာယူနိုက်တက် အသင်းကို အကြိမ်ကြိမ် ကယ်တင်ပေးခဲ့တဲ့ . ချီချာရီကို ဟာနန်ဒက် က လည်း ရီးရဲလ် မက်ဒရစ် အသင်းမှာ ကစားခဲ့ဖူးတဲ့ ကစားသမား တစ်ယောက်ဖြစ်ပါတယ်။ ဟာနန်ဒက်ကလည်း နည်းပြကြီးဖာဂူဆန် အနားယူသွားတဲ့အချိန်မှာ မန်ချက်စတာယူနိုက်တက် အသင်းကနေ ထွက်ခွာခဲ့ပြီး ရီးရဲလ် မက်ဒရစ် အသင်းမှာ တစ်ရာသီ အငှားသွားရောက် ကစားခဲ့တာပဲဖြစ်ပါတယ် ။ ရီးရဲလ်မက်ဒရစ် အသင်းမှာ ၂၃ ပွဲကစားခဲ့ပြီး ၇ ဂိုးအထိ သွင်းယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဟာနန်ဒက်က လူစားဝင်ရင် ခြေစွမ်းပြသလောက် ပွဲထွက်ကစားသမား အနေနဲ့ဆိုရင် ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ အဲ့တာတွေကြောင့်ပဲ ရီးရဲလ်မှာ တစ်ရာသီ ကစားပြီး လေဗာကူဆန် အသင်းကို ပြောင်းရွှေ့သွားခဲ့တာပဲဖြစ်ပါတယ်။
၃. အဒီဘာရော
အဒီဘာရော ကလည်း ရီးရဲလ် မက်ဒရစ် အသင်းမှာ ကစားခဲ့ဖူးတဲ့ ကစားသမားတွေထဲကတစ်ယောက်ဖြစ်ပါတယ် ။ အဒီဘာရော ရီးရဲလ်မက်ဒရစ် အသင်းမှာ ကစားခဲ့ဖူးတာကိုတော့ လူတွေသိပ်သတိထားမိမှာ မဟုတ်ပါဘူး။ အဒီဘာရောက မန်စီးတီး အသင်းကနေ ၂၀၁၁ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ် အသင်းထံ တစ်ရာသီ အငှားသွားရောက်ကစားခဲ့တာပဲဖြစ်ပါတယ်။ မက်ဒရစ် အသင်းမှာ ၁၄ ပွဲ ကစားခဲ့ပြီး ၅ ဂိုးသွင်းယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။ အဒီဘာရောက သူ့ရဲ့ အကောင်းဆုံးပုံစံကို မက်ဒရစ် အသင်းမှာ မပြသနိုင်ခဲ့ပါဘူး။ အဲ့တာကြောင့် ရာသီကုန်မှာပဲ စပါး အသင်းကို နောက်တစ်ကြိမ် အငှားသွားရောက်ကစားခဲ့ရတာပဲဖြစ်ပါတယ်။
၄. အီတူး
ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ယောက်ဖြစ်ပြီး ဘာစီလိုနာ အသင်းရဲ့ legend ကစားသမားကြီး အီတူးကလည်း ရီးရဲလ်မက်ဒရစ် အသင်းမှာ ကစားခဲ့ဖူးတဲ့ ကစားသမား တစ်ဦးဖြစ်ပါတယ်။ အီတူးက ကစားသမား ဘဝကို ရီးရဲလ်မက်ဒရစ် အသင်းမှာ စတင်ခဲ့ပြီး ၁၉၉၇ ခုနှစ်ကနေ ၂၀၀၀ ခုနှစ်အထိ ၃နှစ်ကြာ ရီးရဲလ် အသင်းမှာ ရှိခဲ့ပေမယ့်လူငယ်တွေကို ယုံယုံ ကြည်ကြည် နဲ့ နေရာမပေးတက်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းကြောင့် ၃ ပွဲသာကစားခဲ့ရပြီး သွင်းဂိုးလည်း တစ်ဂိုးမှ မသွင်းယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။ အဲ့နောက် အီတူးက ရီးရဲလ်မက်ဒရစ် အသင်းကနေ အကြိမ်ကြိမ် အငှားထွက် ကစားခဲ့တာပဲဖြစ်ပါတယ်။
၅. ရောဘင်
နောက်ဆုံးတစ်ယောက်တော့ ကမ္ဘာ့အကောင်ဆုံး ကစားသမားတွေထဲက တစ်ယောက်ဖြစ်ပြီး သူရဲ့ကစားပုံ ရိုးရိုးလေးနဲ့ ပြိုင်ဘက် နောက်တန်းတွေနဲ့ ဂိုးသမားအတွက် အိမ်မက်ဆိုးဖြစ်ခဲ့တဲ့ ရောဘင်ပဲဖြစ်ပါတယ်။ ရောဘင်က ၂၀၀၇ ခုနှစ်မှာ ချယ်ဆီး အသင်းကနေ ရီးရဲလ် အသင်းကိုပြောင်းရွှေ့ခဲ့တာပဲဖြစ်ပါတယ်။ရီးရဲလ် မက်ဒရစ် အသင်းမှာ ၂၀၀၇ ခုနှစ်ကနေ ၂၀၀၉ ခုနှစ် အထိ ၂ ရာသီကြာ ကစားခဲ့ပြီး ပွဲပေါင်း ၅၀ ကစားခဲ့ကာ ၁၁ ဂိုးသွင်းယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ရီးရဲလ် မက်ဒရစ် အသင်းမှာ ၂ ရာသီကြာ ကစားခဲ့ပြီးတဲ့နောက်မှာတော့ ဂျာမန် ဘွန်ဒက်လီဂါ အသင်းတစ်သင်းဖြစ်တဲ့ ဘာယန်မြူးနစ် အသင်းထံပြောင်းရွှေ့သွားခဲ့တာပဲဖြစ်ပါတယ်။
ဟုတ်ကဲ့ပါ အခုတင်ဆက်ပေးသွားတာကတော့ ရီးရဲလ် မက်ဒရစ် အသင်းမှာ ကစားခဲ့တယ်ဆိုတာ လူတွေသိပ်မသိသေးတဲ့ နာမည်ကျော်ကစားသမားတွေထဲကမှ ကစားသမား ၅ ယောက်အကြောင်းပဲဖြစ်ပါတယ်။ ဘယ်ကစားသမားတွေ ရှိအုံးမလဲဆိုတာ ကော့မန်မှာ ဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီး တင်ရှိပါတယ်။
#mmmedia
#gervinho
#javierhernandezbalcazar
#samueletoo
#robinvanpersie
#emmanueladebayor
#realmadrid
LATEST NEWS


Today I would like to tell you about the 10 most valuable full-back players in the world of football.

Today I would like to tell you about the best attacking duo Chelsea have ever had.
.png)