နီကို ဝီလီယံ က အာဆင်နယ် အသင်းနဲ့ လိုက်ဖက်ရဲ့လား ?

နီကို ဝီလီယံ ဆိုတဲ့ ကစားသမား လေး ယူရို ၂၀၂၄ မှာ ပရိတ်သတ်တွေရဲ့ ရင်ထဲကို တစ်ဟုန်ချင်း ထိုးဖောက်လာခဲ့တဲ့ ကစားသမား တစ်ယောက်လည်းဖြစ်ပါတယ်။ ယူရို ၂၀၂၄ မှာ အကောင်းဆုံးတောက်ပ လာခဲ့တဲ့ ကစားသမားတွေထဲက တစ်ယောက်ဖြစ်တဲ့ နီကို ဝီလီယံ က သူ့ရဲ့ လူငယ်ပီပီ လျင်မြန်ဖျက်လတ်တဲ့ ဘောလုံးဆွဲပြေးမှုတွေ ၊ တစ်ဦးချင်းကျော်ဖြတ်ပုံတွေ ၊ သူ့ရဲ့ နည်းစနစ်ပိုင်း ကျွမ်းကျင်မှုတွေကြောင့် ၂၀၂၄ ယူရိုပြိုင်ပွဲမှာ အသင်းတိုင်းကို ဒုက္ခကောင်းကောင်းပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ၂၀၂၄ ယူရို ဖိုင်နယ် ပွဲစဥ်မှာလည်း အကောင်းဆုံး ကစားသမား ဆုကို ရရှိခဲ့တာပဲဖြစ်ပါတယ်။ နီကို ဝီလီယံက အခုလက်ရှိ အက်တလတ်တစ် ဘီဘာအို အသင်းမှာ ကစားနေပြီး ယူရို ပြိုင်ပွဲပြီးကတည်းက ဥရောပ အသင်းတွေတော်တော်များများ ရဲ့ စိတ်ဝင်စားမှုကို များများ စားစား ရရှိထားတဲ့ ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။
ဇန်နဝါရီ အပြောင်းအရွှေ့ကာလတုန်းကလည်း အသင်းတိုင်းက စောင့်ကြည့်နေကြပေမယ့် အပြောင်းအရွှေ့ တစ်ခုတော့ ဖြစ်မလာခဲ့ပါဘူး။ ဒီနွေရာသီမှာ အပြောင်းအရွှေ့ဖြစ်သွားနိုင်ပြီး ဇန်နဝါရီ အပြောင်းအရွှေ့ကာလ ကတည်းက ဥရောပ အသင်းကြီးတွေ ဖြစ်ကြတဲ့ ချယ်ဆီး ၊ ဘာစီလိုနာ ၊ အာာဆင်နယ် အသင်းအပြင် အခြားဥရောပ အသင်းတွေနဲ့လည်း တော်တော်လေးကို တွင်တွင်ကျယ်ကျယ် သတင်းတွေထွက်ပေါ်ခဲ့တာပဲဖြစ်ပါတယ်။ ဒီဥရောပ အသင်းတွေကြားထဲမှာ ဘာစီလိုနာ အသင်းက သူတို့ရဲ့ဘဏ္ဍာရေး ပြသာနာတွေ အပြင် သူတို့ရဲ့ တောင်ပံ တစ်နေရာမှာ ရာဖင်ညာက အကောင်းဆုံးခြေစွမ်းပြသနေတာကြောင့် အာဆင်နယ် အသင်း ကို နီကို ဝီလီယံက ရောက်ရှိလာဖို့အတွက် အလားအလာရှိနေတာပဲဖြစ်ပါတယ်။ တကယ်လို့ နီကို ဝီလီယံ အာဆင်နယ် အသင်းကို ရောက်ရှိလာခဲ့ပါက အဆင်ပြေပါ့မလား ။ အသင်းရဲ့ ကစားကွက်နဲ့ လိုက်လျော ညီထွေမှု ရှိပါ့မလား ကို ပရိတ်သတ်တော်တော်များများက တွေးပူနေကြပေမယ့် အဲ့ကိစ္စက စိတ်ပူစရာ မလိုတဲ့ ကိစ္စ တစ်ခုပဲဖြစ်ပါတယ်။
နီကို ဝီလီယံ ရဲ့ ကစားပုံက ဆာကာ နဲ့ အတော်လေးဆင်ပြီး သူတို့ နှစ်ယောက်ရဲ့ တောင်ပံနှစ်ဖက်က အကောင်းဆုံးတောင်ပံ တစ်စုံ ဖြစ်လာနိုင်ပါတယ်။ ဘီဘာအို အသင်းမှာ နီကိုဝီလီယံ ဆီက နေ သွင်းဂိုးတွေ အမြောက်အများ မတွေ့ရခဲ့ပေမယ့် စပိန် အသင်းမှာတော့ သွင်းဂိုးတွေရော သူ့ရဲ့ တစ်ကိုယ်တော်စွမ်းဆောင်ရည်တွေကလည်း ဘီဘာအို အသင်းကထက် ပိုမိုကောင်းမွန်တဲ့ အချက်ကို ကြည့်မယ်ဆို ရင် ကမ္ဘာ့အဆင့် ကစားသမားတွေနဲ့ တွဲဆော့တဲ့ အခါ နီကိုဝီလီယံ ရဲ့ အရည်အချင်းကို ပိုမိုကောင်းမွန်လာအောင် အကူအညီပေးနိုင်တာကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ ဒီအချက်တွေကြောင့် ကွင်းလယ် ကစားပုံ ညက်ညောပြီး ကမ္ဘာ့အဆင့် ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ ဥရောပအသင်းကြီး တစ်သင်းဖြစ်တဲ့ အာဆင်နယ် အသင်း အနေနဲ့ကလည်း false 9 ကစားကွက် နဲ့ တောင်ပံ ကစားသမားတွေကို ကောင်းကောင်းကြီး အထောက်အကူပေးနိုင်တဲ့ အာဆင်နယ် အသင်းရဲ့ ကစားကွက်ကြောင့် နီကို ဝီလီယံ က အာဆင်နယ် အသင်းမှာဆိုရင် ပိုမိုကောင်းမွန်ပြီး ထွန်းတောက်လာနိုင်တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။
ပရိတ်သတ်တွေရော ဘယ်လိုထင်လဲ ။ ပရိတ်သတ်တွေရဲ့ အမြင်ကို ကောမန့်မှာ ဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး။ အဆုံးထိ ဝင်ရောက်ကြည့်ရှုပေးတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူး အများကြီး တင်ရှိပါတယ်။
#mmmedia
#nicowilliams
#arsenal
#atleticobilbao
#chelsea
#footballer
LATEST NEWS


Today I would like to tell you about the 10 most valuable full-back players in the world of football.

Today I would like to tell you about the best attacking duo Chelsea have ever had.
.png)