လက်တစ်ဖက်မရှိပေမဲ့ ဘဝကိုအရှုံးမပေးခဲ့သူ 𝐎𝐧𝐞 𝐂𝐡𝐚𝐦𝐩𝐢𝐨𝐧𝐬𝐡𝐢𝐩 ရဲ့ အထူးခြားဆုံးကစားသမား 𝐉𝐚𝐤𝐞 𝐏𝐞𝐚𝐜𝐨𝐜𝐤

Admin
2mos ago
one champion ship
လက်တစ်ဖက်မရှိပေမဲ့ ဘဝကိုအရှုံးမပေးခဲ့သူ 𝐎𝐧𝐞 𝐂𝐡𝐚𝐦𝐩𝐢𝐨𝐧𝐬𝐡𝐢𝐩 ရဲ့ အထူးခြားဆုံးကစားသမား 𝐉𝐚𝐤𝐞 𝐏𝐞𝐚𝐜𝐨𝐜𝐤

လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျင်းပခဲ့တဲ့ 𝐎𝐍𝐄 𝟏𝟕𝟏 ပြိုင်ပွဲမှာ ကျွန်တော်တို့ရဲ့ အောင်လ ပွဲပါဝင်တာကြောင့် လူတော်တော်များများ က ပြိုင်ပွဲကို စောင့်ကြည့်ခဲ့ကြတာပဲဖြစ်ပါတယ်။ အဲ့ပွဲမှာ လူတွေရဲ့ အာရုံစိုက်မှုကို အပြည့်အဝရရှိခဲ့တဲ့ လက်ဝှေ့သမား တစ်ယောက်ရှိခဲ့ပါတယ်။ အဲ့ဒိ ကစားသမားကတော့ တစ်ချိန်က ချယ်ဆီး အသင်းနဲ့ နယူကာဆယ် အသင်းတွေရဲ့ ကွင်းလယ်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ 𝐆𝐚𝐯𝐢𝐧 𝐏𝐞𝐚𝐜𝐨𝐜𝐤 ရဲ့ သားဖြစ်သူ ၊ မွေးရာပါ လက်ဖျံမပါလာခဲ့ပေ့မယ် ဘဝ ကို အရှုံးမပေးပဲ 𝐎𝐍𝐄 𝐂𝐡𝐚𝐦𝐩𝐢𝐨𝐧𝐬𝐡𝐢𝐩 ရဲ့ ကမ္ဘာ့အဆင့်ကို တစ်နေရာကို အကောင်းဆုံးတက်လှမ်းနိုင်ခဲ့တဲ့ ကဟားသမားတစ်ယောက် ၊ အားနည်းချက်ကို အားသာချက်အဖြစ်ပြောင်းလဲနိုင်ခဲ့ပြီး ပြိုင်ပွဲတိုင်းမှာ ပြိုင်ဘက်ကြောက်ရတဲ့ လက်ဝှေ့ သမားတစ်ယောက်ဖြစ်အောင် လုပ်နိုင်ခဲ့တဲ့ သူ အဲ့ဒိသူကတော့ 𝐉𝐚𝐤𝐞 𝐏𝐞𝐚𝐜𝐨𝐜𝐤 ပဲဖြစ်ပါတယ်။

𝐉𝐚𝐤𝐞 𝐏𝐞𝐚𝐜𝐨𝐜𝐤 ကမွေးရာပါလက်မပါတဲ့ အခြေအနေကနေ ပရော်ဖက်ရှင်နယ် မွေထိုင်း လက်ဝှေ့သမား တစ်ယောက်ဖြစ်လာဖို့ သူဘယ်လောက်ကြိုးစားခဲ့ရလဲဆိုတာလူတိုင်းတွေးမိမယ့်ကိစ္စတစ်ခုပဲဖြစ်ပါတယ်။မွေထိုင်းမှာက တံတောင်ကိုလည်း အားပြု ကစားရတာ ဖြစ်လို့ သူ့ရဲ့ ပြတ်နေတဲ့ လက်က အစွမ်းထက်တဲ့ လက်နက် တစ်ခု ဖြစ်နိုင်တယ် ဆိုပေမယ့် သူ့ရဲ့ မျက်နှာ တစ်ခြမ်းကိုတော့ ကာလို့ မရတဲ့ အတွက် အမြဲတမ်း ဟာကွက် ဖြစ်နေပါတယ်။ ဒါပေမယ့် 𝐉𝐚𝐤𝐞 𝐏𝐞𝐚𝐜𝐨𝐜𝐤 က ဒီလို အခြေအနေကနေပဲ 𝐎𝐍𝐄 မှာ နှစ်ပွဲဆက် အနိုင်ယူပြထားပြီး သူ့ရဲ့ မယုံနိုင်လောက်အောင်ကောင်းတဲ့ သူရဲ့ အရည်အချင်းကို တကမ္ဘာလုံး မြင်အောင်ပြသနိုင်ခဲ့တာပဲဖြစ်ပါတယ်။ 𝐅𝐈𝐆𝐇𝐓𝐄𝐑 တစ်ယောက်ဖြစ်လာဖို့ ကံဇာတာနဲ့မွေးလာရင် ဘယ်အခြေအနေမျိုးကမှတားဆီးလို့မရပါဘူး။

သူရဲ့ 𝐌𝐮𝐚𝐲 𝐓𝐡𝐚𝐢 နဲ့ 𝐊𝐢𝐜𝐤𝐛𝐨𝐱𝐢𝐧𝐠 𝐫𝐞𝐜𝐨𝐫𝐝 ကတော့ 𝟏𝟒 - 𝟏 ဖြစ်ပြီး တော်တော်လေးကိုမိုက်တဲ့ မှတ်တမ်းတစ်ခုပဲဖြစ်ပါတယ်။𝐉𝐚𝐤𝐞 𝐏𝐞𝐚𝐜𝐨𝐜𝐤 ဟာသူအတွက် အခြားဖိုက်တာတွေ နဲ့ယှဥ်ရင် အားနည်းချက် ရှိပေမယ့် တကယ်ပွဲထဲရောက်သွားရင်တော့ ဘယ်အဖြောင့်လက်သီး ၊ ဘယ်ဝိုက်လက်သီးတွေ အမြင့်ကန်ချက်တွေနဲ့ ပြိုင်ဘက်ကို တရဆက် တိုက်စစ်ဆင်ပြီး အနိုင်ယူတက်တဲ့ ဖိုက်တာ တစ်ယောက်လည်းဖြစ်ပါတယ်။𝐉𝐚𝐤𝐞 𝐏𝐞𝐚𝐜𝐨𝐜𝐤 ရဲ့စိတ်ဓာတ်က လက်ဖျားခါလောက်ပါတယ် ။ 𝐉𝐚𝐤𝐞 𝐏𝐞𝐚𝐜𝐨𝐜𝐤 က ဘယ်တုန်းကမှ သူက သူများထက်အားနည်းတဲ့ဖိုက်တာတစ်ယောက်လို့ တွေးပုံမရပါဘူး ။𝐉𝐚𝐤𝐞 𝐏𝐞𝐚𝐜𝐨𝐜𝐤 ရဲ့ နိုင်လိုစိတ် က ဘယ်လောက်ပြင်းထန်လည်းဆိုတာ ကမ္ဘာ့လုံးကို အကောင်းဆုံးသက်သေပြနိုင်ခဲ့ပါပြီ။

နောက်လာမယ့်ပြိုင်ပွဲတွေမှာလဲ အကောင်းပုံစံတွေနဲ့ အနိုင်ရရှိပါစေလို့ဆုတောင်းပေးရင်း ဒီဆောင်းပါးလေးကိုဒီမှာပဲအဆုံးသတ်ပါရစေ။ အဆုံးထိဝင်ရောက်ဖတ်ရှူပေးတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။

#mmmedia

#JakePeacock

#OneChampionship

#Fighter

Leave a reply