ဆုဖလားတွေအတွက် လာဘ်ကောင်လေး အဲဗားရက်စ် အေတီကိုနဲ့ ရော အောင်မြင်မှုရရှိအုံးမာလား

ဒီနှစ်ဘောလုံးရာသီမှာ လိဂ်တိုင်းက အရင်နှစ်တွေထက်ပိုမို ပြိုင်ဆိုင်မှုပြင်းထန် ပြီး အမှတ်ကွာဟ ချက်တွေက အလွန်ကျဥ်းမြောင်းနေတာကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ လိဂ်တွေအားလုံးထဲမှာမှ စပိန်လာလီဂါ က စိတ်ဝင်စားစရာ အကောင်းဆုံးဖြစ်ပြီး ပွဲစဥ် တစ်ပွဲကန်ပြီးတိုင်းကန်ပြီးတိုင်မှာ အမှတ်ပေးဇယားကို ဦးဆောင်မယ့်အသင်းက ပြောင်းလဲနေတာပဲဖြစ်ပါတယ်။ ဒီရာသီ စပိန်လာလီဂါမှာ ရီးရဲလ် ၊ ဘာစီ ၊ အေတီကို တို့အသင်းသုံးသင်းက အလွန်ကောင်းမွန်နေပြီး လာလီဂါဖလားကို သိမ်းပိုက်နိုင်ဖို့ အသည်းအသန်ကြိုးစားနေကြတာပဲဖြစ်ပါတယ်။ ဒီရာသီမှာ စိတ်ဝင်စားဖို့ အကောင်းဆုံး အသင်းကတော့ အေတီကို အသင်းပဲဖြစ်ပါတယ်။
မနှစ်ကဘောလုံးရာသီထက် ပိုမို ကောင်းမွန်လာပြီး အသင်းရဲ့ ရလဒ်ပိုင်းက အများကြီးတိုးတက် လာတာကို လက်ခံပေးရမှာပဲဖြစ်ပါတယ်။ အေတီကို အသင်းက ဒီရာသီ အစမှာပဲ ကစားသမားသစ်တွေခေါ်ယူပြီး အသင်းကို အများကြီးပြောင်းလဲခဲ့တာပဲဖြစ်ပါတယ်။ ရာသီ အစ ကစားသမား ခေါ်ယူမှုတွေက မှန်ကန်ခဲ့ပြီး ကစားသမားသစ်တွေက အသင်းကို တော်တော် အထောက်အကူပြုထားတာကို တွေ့မြင်ရတာပဲဖြစ်ပါတယ်။ အဲ့ကစားသမားတွေထဲမှာပဲ မန်စီးတီး အသင်းကနေ ခေါ်ယူနိုင်ခဲ့တဲ့ ဂျူလီယန် အဲဗားရက်စ် က ဆုဖလားအတွက် လာဘ်ကောင်လေး တစ်ယောက်လို့ ခေါ်ဆိုရလောက်အောင် ဆုဖလားတွေကို အသက်ငယ်ငယ်လေးနဲ့ သိမ်းပိုက်ထားနိုင်တဲ့ ကစားသမား တစ်ယောက်ဖြစ်ပါတယ်။ ဂျူလီယန် အဲဗားရက်စ် က နိုင်ငံအသင်း နဲ့ ရော ကလပ် အသင်းနဲ့ ပါ ဆုဖလား သေးသေးလေးတွေကအစ ချန်ပီယံလိဂ် လိုဆုဖလားမျိုးတွေ ကမ္ဘာ့ဖလားလို ဆုဖလားမျိုးတွေကိုပါ သိမ်းပိုက်ထားနိုင်တဲ့ ကစားသမား တစ်ယောက်လည်းဖြစ်ပါတယ်။
ဒီရာသီ အေတီကို အသင်းရဲ့ တိုက်စစ်ပိုင်း က အင်မတန်ကောင်းမွန်ပြီး လိုအပ်ရင်လိုအပ်သလို ဂိုးတွေသွင်းပေးနိုင်တာပဲဖြစ်ပါတယ်။အေတီကို အသင်းက အသင်းရဲ့ တိုက်စစ်ကစားသမားတွေနဲ့ ပတ်သတ်ရင် အမြဲလိုလို အကောင်းဆုံးတိုက်စစ်မှူးတွေကို ပိုင်ဆိုင်ရတက်တဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ အေတီကို အသင်းက အဂူရို ၊ ဖာနန်ဒို တောရက်စ် ၊ ဒီရေကို ကော်စတာ ၊ မိုရာတာ တို့လိုတိုက်စစ်ကစားသမားကောင်းတွေကို ပိုင်ဆိုင်ခဲ့ကြပြီး အခုချိန်မှာလည်း အေတီကို အသင်းရဲ့ တိုက်စစ်ကစားသမား ဂျူလီယန် အဲဗားရက် က အသင်းအတွက် ဂိုးတွေကို ဒိုင်ခံသွင်းပေးနေတာပဲဖြစ်ပါတယ်။ အဲဗားရက်စ် က ဒီရာသီမှာ အေတီကို အသင်းအတွက် စုစုပေါင်း ၂၁ ဂိုးအထိ သွင်းယူထားတဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ဒီရာသီ အေတီကို က လာလီဂါ ၊ ကိုပါဒယ်ရေး ၊ ချန်ပီယံလိဂ် စတဲ့ပြိုင်ပွဲတွေမှာ အနေအထားတစ်ခုကို ရောက်ရှိနေပြီး ပြိုင်ပွဲသုံးခုလုံးမှာ ဆုဖလားသိမ်းပိုက်နိုင်ခြေရှိတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။
ရောက်ရာနေရာတိုင်းမှာ ဆုဖလားတွေနဲ့ ကံဆက်တက်တဲ့ အဲဗားရက်တစ်ယောက်ရောက် ဒီရာသီ အေတီကို အသင်းနဲ့ ဆုဖလားအောင်မြင်မှုဆက်ရရှိသွားမှာလား ။ ကစားသမား ဘဝ ဆုဖလားအောင်မြင်မှုတွေနဲ့ ပြည့်နှက်နေတဲ့ အဲဗားရက် တစ်ယောက် ဒီရာသီမှာ ပုံစံကောင်းတွေဆက်တိုက်ပြနေတဲ့ အသင်းတစ်သင်းဖြစ်တဲ့ အေတီကို အသင်းမှာ ရော ဆုဖလားတွေနဲ့ ကံဆက်အုံးမလား ပရိတ်သတ်တွေရော ဘယ်လိုထင်လဲ။ ပရိတ်သတ်တွေရဲ့ အမြင်ကို ကောမန့်မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး၊ အဆုံးထိဝင်ရောက်ဖတ်ရှုပေးတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#julianalvarez
#atleticomadrid
#striker
LATEST NEWS



Today I would like to tell you about the 10 most valuable full-back players in the world of football.

Today I would like to tell you about the best attacking duo Chelsea have ever had.