မြန်မာဖူဆယ်လောကရဲ့ ရှားရှားပါးပါး sweeper keeper ဂိုးသမားတစ်ယောက် မိုင်းစိုးမြတ်ထွေး

လွန်ခဲ့တဲ့ တစ်နှစ်လောက်က ကျွန်တော်တို့ ဘောလုံးပရိတ်သတ် ၊ ဖူဆယ်ပရိတ်သတ်တွေရဲ့ မျက်စိရှေ့ကို SOCIAL MEDIA မှတဆင့် ဖူဆယ်လောက မှာ ရှားရှားပါးပါး SWEEPER KEEPER ဂိုးသမားလေးတစ်ယောက်ပေါ်ထွက်လာခဲ့တယ်။ သူ့ရဲ့ အဝေးကန်ချက်တွေနဲ့ ပြိုင်ဘက်ဂိုးဘက်ကို အကြိမ်ကြိမ် ဒုက္ခပေးနိုင်ပြီး ဂိုးတွေလည်း အမြဲမြဲလိုလို သွင်းလေ့ရှိတယ်။သူ့ရဲ့ LONG PASS ၊ SHORT PASS တွေကလည်း တိကျကောင်းမွန်ပြီး ဖူဆယ်ဂိုးသမား တစ်ယောက်မှာ မြင်ရခဲတဲ့ အနုပညာ တစ်ခုကို အဲ့ကောင်လေးဆီကနေ ပရိတ်သတ်အချို့ ခံစားခဲ့ရတယ်။ အဲ့ဒိ ဂိုးသမားလေးကတော့ မိုင်းစိုးမြတ်ထွေးပဲဖြစ်ပါတယ်။ မိုင်းစိုးမြတ်ထွေး ကို မန္တလေး ဖူဆယ် ကလပ် မလိကြယ်စင် အသင်းမှာ စတင်ကစားခဲ့ပြီး ပရိတ်သတ်တော်တော်များများရဲ့ အာရုံကို အကောင်းဆုံးဖမ်းစားနိုင်ခဲ့ပြီး သိပ်မကြာခင် အချိန်မှာပဲ မြန်မာနိုင်ငံ အအောင်မြင်ဆုံး ဖူဆယ် အသင်း တစ်သင်းဖြစ်တဲ့ miu အသင်းကို ရောက်ရှိသွားခဲ့တာပဲဖြစ်ပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မှာ နေထိုင်တဲ့ မိုင်စိုးမြတ်ထွေးက ကျောင်းပွဲ အချို့မှာ ကွင်းလယ် နေရာမှာ ကစားခဲ့ဖူးပါတယ်။ မိုင်းစိုးမြတ်ထွေးက သူ့ရဲ့ ဆရာ အဆက်အသွယ် နဲ့ မန္တလေးဖူဆယ် အသင်း တစ်သင်းကို ရောက်ရှိသွားခဲ့တာပဲဖြစ်ပါတယ်။ ငယ်စဥ်ကတည်းက ဘောလုံး အားကစားကိုချစ်မြတ်နိုးတဲ့ မိုင်းစိုးမြတ်ထွေးက ကွင်းကြီးရော ၊ ဖူဆယ်ရော နှစ်ခုစလုံးကို ကောင်းကောင်းမွန်မွန်ကစားနိုင်ပေမယ့်သူ့ဆရာရဲ့ လမ်းညွန်မှုကြောင့် ဖူဆယ် ဂိုးသမားဘဝ ကို ရွေးချယ်ခဲ့တာပဲဖြစ်ပါတယ်။ မန္တလေး ဖူဆယ် ပြိုင်ပွဲမှာ ပြသခဲ့တဲ့ မိုင်းစိုးမြတ်ထွေးရဲ့ စွမ်းဆောင်ရည်တွေကြောင့် miu အသင်းတာဝန်ရှိသူတွေက မိုင်းစိုးမြတ်ထွေး ကို ဆက်သွယ်ခဲ့ပြီး Miu အသင်းကို အရောက်ခေါ်နိုင်ခဲ့ပါတယ်။မိုင်းစိုးမြတ်ထွေး ကို miu အသင်းရောက်အောင်ခေါ်နိုင်ခဲ့တာက မိုင်းစိုးမြတ်ထွေး ရဲ့ ကစားသမား ဘဝ အဆင့်နောက်တစ်ဆင့် တက်ခဲ့ သလို Miu အသင်း က လည်း အများကြီး တိုးတက်ကောင်းမွန်ခဲ့ပါတယ်။
မိုင်းစိုးမြတ်ထွေး ကို ခေါ်ယူခဲ့တာက မြန်မာ ဖူဆယ်လောကရဲ့ အကောင်းဆုံးလူခေါ်ယူမှု တစ်ခုဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ pro ကစားသမား ဖြစ်ပြီး တစ်နှစ်အတွင်းမှာပဲ မိုင်းစိုးမြတ်ထွေး က မြန်မာလက်ရွေးစင်ကစားသမား ဖြစ်ခဲ့တဲ့ အပြင် miu အသင်းနဲ့ ဆုဖလားတွေကို ကိုင်မြှောက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ နိုင်ငံခြား အသင်းတွေ နဲ့ မြန်မာနိုင်ငံမှာ ခြေစွမ်းပွဲ အချို့ ကစားခဲ့ပေမယ့် AFC ပြိုင်ပွဲက မိုင်းစိုးမြတ်ထွေး အတွက် ပထမဆုံး လက်ရွေးစင် အသင်းအတွက် ပြိုင်ပွဲဖြစ်ခဲ့ပါတယ်။ မိုင်းစိုးမြတ်ထွေး က မြန်မာလက်ရွေးစင် အသင်းအတွက် သွင်းဂိုး ၂ ဂိုးထိ သွင်းယူပေးထားတဲ့ ကစားသမား တစ်ဦးလည်းဖြစ်ပါတယ် ။ မိုင်းစိုးမြတ်ထွေး က ဖူဆယ် pro ကစားသမား ဘဝ တစ်နှစ် အတွင်းမှာပဲ MIU အသင်းတွင်သာမက မြန်မာလက်ရွေးစင်အသင်း မှာပဲ အဓိက အားထားရတဲ့ ဂိုးသမား တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ MIU အသင်းရဲ့ ဆုဖလားတွေ ပြန်လည်စိန်ခေါ်နိုင်ခဲ့တာကလည်း မိုင်းစိုးမြတ်ထွေး နဲ့ အများကြီးသက်ဆိုင်ပါတယ်။
မိုင်းစိုးမြတ်ထွေး ရဲ့ ဂိုးဖမ်းစွမ်းရည် ၊ long pass ၊ short pass ၊ ဘယ်နေရာကမဆို မထင်ထားပဲ ဂိုးကန်သွင်းမှုတွေက MIU အသင်းကို အများကြီး အကျိုးပြုနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဟုတ်ကဲ့ပါ အခုတင်ဆက်ပေးသွားတာကတော့ မြန်မာဖူဆယ်လောကမှာ ရှားရှားပါးပါး sweeper keeper တစ်ယောက်ဖြစ်တဲ့ မိုင်းစိုးမြတ်ထွေး အကြောင်းပဲဖြစ်ပါတယ်။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့တဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီး တင်ရှိပါတယ်။
#mmmedia
#maisoemyathtwe
#myanmarfustal
#sweeperkeeper
#miu
LATEST NEWS


Today I would like to tell you about the 10 most valuable full-back players in the world of football.

Today I would like to tell you about the best attacking duo Chelsea have ever had.
.png)