ကြွပ်ဆတ်ဆတ် ကောင်လေးတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်း

ရွန်းနီ က မန်ချက်စတာယူနိုက်တက် အသင်းနဲ့ အတူ ဆုဖလားပေါင်းများစွာကို သိမ်းပိုက်ပြီး အမြင့်ဆုံး ပျံသန်းနိုင်ခဲ့တဲ့ ကစားသမား တစ်ယောက်ဖြစ်ပါတယ်။ ဘောလုံးသမိုင်းကြောင်းတစ်ခုလုံးမှာ ရော်နယ်ဒိုက ပိုကောင်းတဲ့ ကစားသမားတစ်ဦးဖြစ်ခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက် အသင်းအတွက်ဆိုရင်တော့ ရွန်းနီ ကပိုကောင်းခဲ့ပါတယ်။ လုပ်အားနှုန်းကောင်းကောင်း ၊ ပေါက်ကွဲအားပြင်းပြင်း နဲ့ ကစားတက်တဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး အသင်းအတွက်ဆိုရင် ဘာလုပ်ရလုပ်ရ ပေးဆပ်အနစ်နာခံ တက်တဲ့ ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။ ရွန်းနီကို ၁၉၈၅ ခုနှစ် အောက်တိုဘာ ၂၄ ရက်နေ့တွင် အင်္ဂလန်နိုင်ငံ လီဗာပူးမှာ မွေးဖွားခဲ့တာပဲဖြစ်ပါတယ်။ ရွန်းနီရဲ့ မိဘတွေက အိုင်ယာလန် လူမျိုးတွေဖြစ်ကြပေမယ့် အင်္ဂလန်နိုင်ငံ လီဗာပူးကို ပြောင်းရွှေ့နေထိုင်ခဲ့တာကြောင့် ရွန်းနီက အိုင်ယာလန် နိုင်ငံအတွက်ရော အင်္ဂလန်နိုင်ငံ အတွက်ရော ကိုယ်စားပြု ကစားလို့ရတဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ် ။ ဒါပေမယ့် ရွန်းနီက သူမွေးဖွားခဲ့တဲ့ အင်္ဂလန်နိုင်ငံ အတွက်ပဲ ကိုယ်စားပြုကစားခဲ့တယ် ။ ရွန်းနီက ငယ်စဥ်က ခပ်ဆိုးဆိုး ကောင်လေးတစ်ယောက်ဖြစ်ခဲ့ပါတယ်။
ဒေါသကြီးပြီး ပြသာနာ အမြဲလိုလို ဖြစ်တက်တဲ့ ကောင်လေးတစ်ယောက်ဖြစ်ပြီး ငယ်ငယ်တုန်းကဆို ဘောလုံးထက် BOXING ကို ပိုမိုစိတ်ဝင်စားခဲ့တယ် ။ တဖြည်းဖြည်းနဲ့ ကျောင်းမှာဘောလုံး ကစားရင်း ဂိုးတွေသွင်းရတာကို ကြိုက်နှစ်သက်ခဲ့တယ် ။ ရွန်းနီရဲ့ ကောင်းမွန်တဲ့ ခြေစွမ်းကို ရွန်းနီရဲ့ မိဘတွေက သတိထားမိတာကြောင့် ရွန်းနီကို ဘောလုံး အကယ်ဒမီ တစ်ခုခု ကို ပို့ဖို့ဆုံးဖြတ်ခဲ့တယ် ။ ဒီလိုနဲ့ပဲ ရွန်းနီက Liverpool Schoolboys အတွက်စတင် ကစားခွင့်ရရှိခဲ့ပြီး တစ်ရာသီထဲမှာပဲ ၇၂ ဂိုးအထိ သွင်းယူနိုင်ခဲ့တယ် ။ ရွန်းနီ အသက် ၉ နှစ်ရောက်ရှိတဲ့ အချိန်မှာတော့ Copplehouse club အတွက် ကစားခွင့်ရရှိခဲ့ပြီး အဲ့ ဘောလုံးရာသီ တစ်ရာသီထဲမှာပဲ 99 ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ် ။ ဒီလိုနဲ့ပဲ ရွန်နီရဲ့ အရွယ်နဲ့ မလိုက်အောင် ပြသနေတဲ့ ခြေစွမ်းတွေကို အဲဗာတန် ကင်းထောက် Bob Pendleton က သတိထားမိခဲ့ပြီး ရွန်းနီ အသက် ၉ နှစ်မှာပဲ အဲဗာတန် အကယ်ဒမီကို ခေါ်ဆောင်ခြင်းခံခဲ့ရတယ်။ ၁၉၉၅ - ၉၆ ဘောလုံးရာသီမှာတော့ ရွန်းနီ တစ်ယောက် အဲဗာတန် လူငယ် အသင်းမှာ ၂၉ ပွဲ ကစားပြီး ၁၁၄ ဂိုးအထိ သွင်းယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ရွန်းနီ ပြသနေတဲ့ ခြေစွမ်းတွေကြောင့် ရွန်းနီက အဲဗာတန် အသင်းကြီးမှာ ကစားခွင့်ရရှိဖို့အတွက် အကြောင်းဖန်လာခဲ့တယ် ။
အဲဗာတန် နည်းပြကြီး ဗန်ဟား လက်ထက်မှာ ရွန်းနီက ပွဲကစားခွင့်တွေရရှိခဲ့ပြီး အာဆင်နယ် အသင်းရဲ့ ပွဲ ၃၀ ဆက် ရှုံးပွဲမရှိ စံချိန်ကို ချိူးဖျက်နိုင်မယ့် အနိုင်ဂိုးကို နောက်ဆုံးမိနစ်မှာ ရွန်းနီတစ်ယောက်သွင်းယူနိုင်ခဲ့ပါတယ် ။ အဲ့ချိန်တုန်းက ရွန်းနီရဲ့ အသက်က ၁၇ နှစ် ပြည့် ဖို့ ၅ ရက်တောင်လိုသေးတာပဲဖြစ်ပါတယ်။ အဲ့တာကြောင့်ပဲ ရွန်းနီက ပရီးမီးယားလိဂ် သမိုင်းကြောင်းတစ်လျောက် အသက်အငယ်ဆုံး ဂိုးသွင်းတဲ့ ကစားသမားဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ရွန်းနီ ရဲ့ ဆက်တိုက်ဆိုသလို ပြသနေတဲ့ ခြေစွမ်းတွေကြောင့် ၂၀၀၄ ခုနှစ်မှာ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ခေါ်ယူခြင်းကိုခံခဲ့ရတယ်။ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ နည်းပြကြီး ဖာဂူဆန် က ရွန်းနီရဲ့ ခြေစွမ်းကို အလွန်သဘောကျခဲ့ပြီး အဲဗာတန် အသင်းနဲ့ အတူ ၂ ရာသီလောက်သာ ကစားရသေးတဲ့ လူငယ်ကစားသမားလေး တစ်ယောက်ကို ယုံယုံကြည်ကြည်နဲ့ ခေါ်ယူခဲ့တယ် ။ ရွန်းနီက နည်းပြကြီး ဖာဂူဆန် သူကို ယုံကြည်မှုပေးတာမမှားကြောင်းကို ဖီနာဘာဂျီနဲ့ ကစားတဲ့ ပထမဆုံးပွဲဦးထွက်ပွဲစဥ်မှာပဲ ဟက်ထရစ်သွင်းပြပြီး အကောင်းဆုံး သက်သေပြနိုင်ခဲ့တယ်။ ဒီလိုနဲ့ ရွန်းနီက မန်ချက်စတာယူနိုက်တက် အသင်းနဲ့ အတူ ဆုဖလားအောင်မြင်မှုတွေ ရရှိလာခဲ့တယ် ။ ရွန်းနီက ကွင်းထဲမှာဆိုရင် အရှိန်အဟုန်ကောင်းကောင်း ၊ ပေါက်ကွဲအားပြင်းပြင်းမဲ့ ကစားတက်တဲ့ ကစားသမား တစ်ယောက်ဖြစ်ပြီး အသင်းအတွက်ဆိုရင် အမြဲလိုလို အနစ်နာခံတက်တဲ့ ကစားသမား တစ်ယောက်ဖြစ်ပါတယ်။
၂၀၀၈ ခုနှစ်မှာတော့ ရွန်းနီ က တီးဗက် ၊ ရော်နယ်ဒိုတို့နဲ့ အတူ အကောင်းဆုံးတိုက်စစ် အတွဲကို ဖန်တီးနိုင်ခဲ့ပြီး ပြိုင်အသင်းတိုင်းကိုကောင်းကောင်းကြီး ဒုက္ခပေးနိုင်ခဲ့တယ်။ ရွန်းနီက ဂိုးသွင်းရတာ ကြိုက်နှစ်သက်တဲ့ ကစားသမားတစ်ယောက်ဖြစ်ပေမယ့် ဖာဂူဆန်က တိုက်စစ်မှုး အဖြစ် ရော်နယ်ဒိုကို အသုံးပြုခဲ့တာကြောင့် ရွန်းနီက တောင်ပံ နဲ့ နောက်ချန် တိုက်စစ်နေရာတွေမှာ ကစားခဲ့ရတယ်။ ရော်နယ်ဒို အသင်းကထွက်ခွာသွားတဲ့ အချိန်မှသာ တိုက်စစ်မှုးအဖြစ် ကစားခဲ့ရပြီး ဂိုးတွေလည်း ပိုမိုသွင်းယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဗန်ဗာစီ မန်ချက်စတာယူနိုက်တက် ကို ရောက်ရှိလာတဲ့ အချိန်မှာလည်း ရွန်းနီက နေရာပြောင်းကစားပေးခဲ့ရတယ် ၊ နောက်ပိုင်းမှာ ရွန်းနီက ကွင်းလယ် နေရာတွေမှာပါ ကစားခဲ့ရတယ်။ ဒေါသကြီးပြီး ကြွပ်ဆတ်ဆတ် ကောင်လေးတစ်ယောက်က ဘာအကြောင်းအရာကို မှ စောဒက မတက်ခဲ့ပဲ အသင်းအတွက်ဆို အမြဲလိုလို အနှစ်နာခံ ကစားပေးတက်တဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက် အသင်းနဲ့ အတူ ရွှေရောင်နေရက်တွေကို အကောင်းဆုံးဖြတ်သန်းခဲ့ပြီး ဆုဖလားပေါင်းများစွာကို သိမ်းပိုက်နိုင်ခဲ့တဲ့ ရွန်းနီ က မန်ချက်စတာယူနိုက်တက် ပရိတ်သတ်တွေအတွက်တော့ ဘယ်တော့မှ မေ့မရတဲ့ ကစားသမားတစ်ဦးဖြစ်တဲ့အပြင် ရွန်းနီလို ကစားသမားမျိုးနောက်တစ်ကြိမ် ပြန်လည်ရရှိဖို့ဆိုတာလည်း မဖြစ်နိုင်တော့တဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ ဟုတ်ကဲ့ပါ အခုတင်ဆက်ပေးသွားတာကတော့ ကြွပ်ဆတ်ဆတ် ကောင်လေးတစ်ယောက် ဖြတ်သန်းခဲ့တဲ့ ဘဝအကြောင်းပဲဖြစ်ပါတယ်။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက် ချင်းစီတိုင်းကို ကျေးဇူးအများကြီး တင်ရှိပါတယ်။
#mmmedia
#manchestarunited
#waynerooney
#ronaldo
#footballer
LATEST NEWS


Today I would like to tell you about the 10 most valuable full-back players in the world of football.

Today I would like to tell you about the best attacking duo Chelsea have ever had.
.png)