အိမ်မက်ကဇတ်ရုံမှာ အသုံးတော်ခံကစားနေတဲ့ ဂါနာချို

မန်ချက်စတာယူနိုက်တက် အသင်းက လွန်ခဲ့တဲ့ နှစ်တွေလောက်က အသင်းရဲ့ အားထားရပြီး အလားအလာကောင်းတွေအများကြီးရှိတဲ့ တောင်ပံကစားသမား မားကတ် ရက်ဖိုဒ့် စွမ်းဆောင်ရည်တွေ ကျဆင်းပြီး ခြေစွမ်းပိုင်း ယုံကြည်လို့မရတော့တဲ့ အခြေအနေမှာ မန်ချက်စတာယူနိုက်တက် အသင်းက ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပြီး သိပ်မကြာခင် အချိန်မှာပဲ အဲ့ ပြသာနာ ကို အကောင်းဆုံးဖြေရှင်းနိုင်ခဲ့တာပဲဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်း က မာကတ်ရက်ဖို့ဒ် အကောင်းဆုံး အသုံးတော်ခံခဲ့တဲ့ တောင်ပံနေရာအတွက် ပွဲစဥ် အနည်းငယ်သာ ပါဝင် ကစားခဲ့ရပြီး အကောင်းဆုံးခြေစွမ်းတွေပြသနိုင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ငယ်မွေးခြံပေါက် ကစားသမား ဂါနာချိုကိုအသုံးတော်ခံခဲ့တာပဲဖြစ်ပါတယ်။
ဂါနာချိုက အရည်အသွေးကောင်းမွန်ပြီး ခြေစွမ်းခြေစ ကောင်းမွန်တဲ့ အပြင် လုပ်ရည်ကိုင်ရည် ကောင်းမွန်တဲ့ ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။ သူ့မှာရှိပြီးသား ပါရမီ နဲ့ ရဲရဲတင်းတင်း လုပ်ရဲကိုင်ရဲတဲ့ သူ့ရဲ့ ပုံစံကြောင့် မန်ချက်စတာယူနိုက်တက် အသင်း အများကြီး ပိုမိုကောင်းမွန်လာခဲ့တာပဲဖြစ်ပါတယ်။ ဂါနာချိုပါဝင်တဲ့ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ ဂါနာချို မပါဝင်တဲ့ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ကစားပုံက မတူညီနေပါဘူး။ ဂါနာချို ပါဝင်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း ပိုမို ထူးကဲကောင်းမွန်ပြီး မန်ချက်စတာယူနိုက်ရဲ့ တိုင်ပံတိုက်စစ် က ဂါနာချိုရဲ့ လျင်မြန်မှု ၊ တစ်ဦးတစ်ယောက်ချင်း ထိုးဖောက်နိုင်စွမ်း ၊ လှပတဲ့ ဝှေ့ဝိုက်ကန်ချက်တွေကြောင့် ပိုမို အသက်ဝင်လာခဲ့တာပဲဖြစ်ပါတယ်။ စပိန် နိုင်ငံ မက်ဒရစ် မြို့မှာ မွေးဖွားခဲ့တဲ့ ဂါနာချိုက ဂီတာဖေး အသင်းကနေ လာလီဂါ အသင်း မှာ အသင်းကြီး တစ်သင်းဖြစ်တဲ့ အက်တလီကို မက်ဒရစ် အသင်းအကယ်ဒမီကို ရောက်ရှိခဲ့တာပဲဖြစ်ပါတယ်။
ဂါနာချိုရဲ့ ခြေစွမ်းကို ကြိုက်နှစ်သက်တဲ့ မန်ချက်စတာယူနိုက်တက် အသင်းက အက်တလီကို မက်ဒရစ် အသင်းကနေမှ တဆင့် ခေါ်ယူခဲ့ပြီး မန်ချက်စတာယူနိုက်တက် အသင်း ရဲ့ လူငယ်အသင်းတွေမှာ ဦးဆောင် ကစားစေခဲ့တာပဲဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်း အဆင်မပြေဖြစ်ခဲ့တဲ့ ကာလတွေမှာ ဘရူနို ဖာနန်ဒက်တို့လို ဂါနာချိုတို့လို ကစားသမားတွေရဲ့ ရုန်းအားတွေ ၊ ခြေစွမ်းပိုင်းတွေကြောင့်သာမန်ချက်စတာယူနိုက်တက် အသင်းရဲ့ အခြေအနေက ထင်ထားတာထက် ပိုမဆိုးခဲ့တာပဲဖြစ်ပါတယ်။ ဂါနာချိုက အသင်းလိုအပ်တဲ့ အချိန်တိုင်းမှာ အသင်းအတွက် အကောင်းဆုံးပေးဆပ်ကစားပြီး အသင်းရဲ့ တောင်ပံတစ်နေရာမှာ မမောနိုင်မပန်းနိုင် ကြိုးစားကစားပေးတဲ့ ဂါနာချိုက မန်ချက်စတာယူနိုက်တက် အသင်းပရိတ်သတ်တွေရဲ့ အချစ်တော်တစ်ဦး မကြာခင်မှာပဲဖြစ်လာခဲ့ပါတယ်။ ဂါနာချို က သူ့ရဲ့ လုပ်အားနှုန်းတွေ၊သွင်းဂိုးတွေ ၊ ဂိုးဖန်တီးမှူတွေနဲ့ အသင်းကို အကြိမ်ကြိမ်ကယ်တင်နိုင်ခဲ့တယ်။ ဒီလိုနဲ့ပဲ ဂါနာချိုက မန်ချက်စတာယူနိုက် အသင်းရဲ့ တောင်ပံ တိုက်စစ်နေရာ အတွက် အပိုင်စားရရှိခဲ့ပြီး မန်ချက်စတာယူနိုက်တက် အသင်းမှာ မရှိမဖြစ်ကစားသမား တစ်ဦးဖြစ်ရုံသာမက မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အထွန်းတောက်နိုင်ဆုံး လူငယ်ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။
ဂါနာချို က မန်ချက်စတာယူနိုက်တက် U 21 အသင်းနဲ့ အတူ ထွန်းတောက်လာခဲ့ပြီး ၂၀၂၁ - ၂၂ ရာသီမှာ ခြေစွမ်းကောင်းတွေအပြင် ဆုဖလားဆွတ်ခူးရာမှာလည်း အရေးပါခဲ့တာကြောင့် မန်ချက်စတာယူနိုက် အသင်းကြီးကို ခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ ဂါနာချိုတစ်ယောက် မန်ချက်စတာယူနိုက်တက် ကောင်းကင်ကြီးမှာ အကောင်းဆုံးအမြင့်ပျံခဲ့တာပဲဖြစ်ပါတယ်။အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#manchesterunited
#alejandrogarnacho
#footballer
#argentina
LATEST NEWS


Today I would like to tell you about the 10 most valuable full-back players in the world of football.

Today I would like to tell you about the best attacking duo Chelsea have ever had.
.png)