အာမိုရင်ရဲ့ ကစားကွက် နဲ့ တဖြည်းဖြည်းအံဝင်လာခဲ့တဲ့ မန်ချက်စတာယူနိုက်တက် အသင်း

အခုနောက်ပိုင်း မန်ချက်စတာယူနိုက်တက် အသင်းက နည်းပြ အာမိုရင် ကစားကွက် နဲ့ တဖြည်းဖြည်း အံဝင်လာခဲ့တာပဲဖြစ်ပါတယ်။ အသင်းရ ရလဒ် ပိုင်းတွေကလည်း တိုးတက်လာခဲ့ပြီး ပြိုင်ပွဲစုံ နောက်ဆုံး ၇ ပွဲမှာ ရှုံးပွဲ တစ်ပွဲမှ မရှိသေးပဲ ၄ ပွဲ သရေ ၃ ပွဲ အနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်။ အာဆင်နယ် အသင်းကိုပါ သရေ ရလဒ်ထွက်ပေါ်အောင်ကစားနိုင်ပြီး ယူရိုပါလိဂ်မှာ လည်း ရီးရဲလ်ဆိုစီဒက်ကို အနိုင်ယူနိုင်ခဲ့ပြီး နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ရာသီ အစ မန်ချက်စတာ ယူနိုက်တက် အသင်းက အခြေအနေ အရပ်ရပ် ဆိုးရွားနေခဲ့ပြီး ပရီးမီးယားလိဂ် အဆင့် ၁၅ အထိ ရောက်ရှိသွားခဲ့တာပဲဖြစ်ပါတယ်။ အသင်းက ကစားသမား တော်တော်များများက ဒဏ်ရာပြသနာတွေ နဲ့ ရင်ဆိုင်နေရတာက တစ်ကြောင်း ၊ ကစားသမားတွေရဲ့ ခြေစွမ်းပိုင်း ကျဆင်းမှူတွေနဲ့ နိုင်လိုစိတ်ပျောက်ဆုံးမှုကြောင့် အသင်းရဲ့ အခြေအနေက အဆိုးဆုံးထိကို ရောက်ရှိခဲ့တာပဲဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက် အသင်းက နောက်တန်းကို 3 back နဲ့ ကစားတာ အင်မတန်နည်းပါးတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ ဒါပေမယ့်မန်ချက်စတာယူနိုက်တက် အသင်းရဲ့ နည်းပြ အသစ်ဖြစ်လာတဲ့ အာမိုရင်က မန်ချက်စတာယူနိုက်တက် အသင်းကို 3 back ပုံစံပြောင်းလဲ ကစားစေခဲ့ပြီး အစပိုင်းမှာ အဆင်မပြေတော်တော်လေးဖြစ်ခဲ့ရတယ်။ ကစားသမားတွေ ရဲ့ တစ်ဦးတစ်ယောက်ချင်းအမှားတွေ ၊ ကစားကွက်နဲ့ အံမဝင်ပဲ အသင်းနဲ့ လိုက်ပါစီးမျော မကစားနိုင်တာတွေက အသင်းရဲ့ အခြေအနေတွေကို ဆိုးစေခဲ့တာပဲဖြစ်ပါတယ်။ အခုနောက်ပိုင်းပွဲစဥ်တွေမှာဆိုရင် အာမိုရင်ရဲ့ မန်ချက်စတာယူနိုက်အသင်းက 3-4-2-1 ကစားကွက်နဲ့ အနည်းငယ် အံဝင်လာခဲ့ပြီး နိုင်ပွဲ အချို့ရရှိအောင် စွမ်းဆောင်လာနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုမျိုး နိုင်ပွဲတွေ တိတ်တစိတ်ရရှိလာတာကို နည်းပြအာမိုရင် ရဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကြောင့်ပဲဖြစ်ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၁၀ ပွဲမှာဆိုရင် မန်ချက်စတာယူနိုက်တက် အသင်းက ဇယားထိပ်ပိုင်းမှာ ရှိတဲ့ ချယ်ဆီး ၊ မန်ချက်စတာ စီးတီး ၊ နော်တင်ဟမ် ဖောရက်တို့ လောက်ကို ရမှတ်တွေ စုဆောင်းနိုင်ခဲ့တာပဲဖြစ်ပါတယ်။
အဲ့ဒီအချက်တွေကြောင့် မန်ချက်စတာယူနိုက်တက် ရဲ့ အခြေအနေတွေက အလုံးစုံတိုးတက်ကောင်းမွန်လာမျိုးမဟုတ်သေးပေမယ့် အချို့သော အချက်တွေမှာ သိသိသာသာတိုးတက်လာတာကတော့ လက်ခံရမှာပဲဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ ခြေစွမ်းပိုင်းကျဆင်းလာပြီး သွင်းဂိုးတွေ ပျောက်ဆုံးနေတဲ့ တိုက်စစ်ကစားသမားတွေဖြစ်ကြတဲ့ ဂါနာချို ၊ ဟိုက်လန်း တို့လည်း သွင်းဂိုးတွေ ပြန်လည်ရရှိလာခဲ့တာကြောင့် ယုံကြည်မှု ပြန်လည်ရရှိသွားမှာပဲဖြစ်ပါတယ်။ ဇက်ဆီက လည်း အခုနောက်ပိုင်းပွဲစဥ်တွေမှာ သူ့ရဲ့ တိုးတက်လာတာတွေကို မြင်တွေ့ခဲ့ရပြီး တဖြည်းဖြည်းနဲ့ အသင်းနဲ့ အံဝင်ပြီး တစ်ဦးတစ်ယောက်ထဲ ကစားနေတာမျိုးမဟုတ်တော့ပဲ အသင်းနဲ့လိုက်ပါစီးမျော ကစားလာနိုင်ခဲ့တာကို တွေ့မြင်ရမှာ ပဲဖြစ်ပါတယ်။
အခုလို တိုးတက်လာတဲ့ အခြေအနေတွေကို ဆက်ထိန်းထားနိုင်ပြီး အသင်းကို ပိုမိုကောင်းမွန်တဲ့ အသင်းတစ်သင်းဖြစ်အောင် အာမိုရင်တစ်ယောက် စွမ်းဆောင်နိုင်မှာလား။ ပရိတ်သတ်တွေရဲ့ အမြင်ကို ကောမန့်မှာ ဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီး တင်ရှိပါတယ်။
#mmmedia
#manchesterunited
#amorim
#coach
#players
LATEST NEWS


Today I would like to tell you about the 10 most valuable full-back players in the world of football.

Today I would like to tell you about the best attacking duo Chelsea have ever had.
.png)