နွေရာသီ ဈေးကွက်မှာ တိုက်စစ်မှူး လုပွဲကြီးဖြစ်လာမှာလား ?

ဒီနှစ်ပရီးမီးယားလိဂ် အသင်းတော်တော်များများမှာ အခြေအနေ အရပ်ရပ်က တိုးတက်ကောင်းမွန်လာတဲ့ အသင်း တွေ ရှိသလို အဖက်ဖက် ကနေ ကျဆင်းသွားတဲ့ အသင်းတွေကလည်းများပြားလှပါတယ်။ အသင်းကြီး ၆ သင်းထဲမှာ အပါအဝင်ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ တော်တင်ဟမ် စပါး တို့က ဒီရာသီမှာ အဆိုးဝါးဆုံးအခြေအနေကို ရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။ အသင်းရဲ့ အဓိက ကစားသမား တော်တော်များများ ဒဏ်ရာပြသနာ နဲ့ ရင်ဆိုင်နေရတာတွေက အသင်းကို အကျဘက်ရောက်စေတဲ့ အချက်တစ်ချက်လည်းဖြစ်ခဲ့ပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်မှာ ရှိကြတဲ့ အသင်းတော်တော်များများ က တိုက်စစ်မှုးပြသာနာတွေနဲ့ ရင်ဆိုင်နေရတာပဲဖြစ်ပါတယ် ။ စပါး အသင်းအနေနဲ့ကလည်း သူတို့ရဲ့ အဓိကတိုက်စစ် ကစားသမား ဟာရီကိန်း ထွက်ခွာသွားပြီး ကတည်းက ဒေါင်ဒေါင်မြည် တိုက်စစ် ကစားသမား တစ်ဦး အစားမထိုးနိုင်ခဲ့တာပဲဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက် အသင်း အနေနဲ့ ကလည်း အသင်းရဲ့ တိုက်စစ် နေရာအတွက် မျှော်လင့်ချက်ကြီးကြီးမားမား ထားပြီး ခေါ်ယူခဲ့တဲ့ တိုက်စစ် ကစားသမားတွေ ဖြစ်ကြတဲ့ ဟိုက်စ်လန်း နဲ့ ဇက်စီ တို့ကလည်း အရည်အချင်းပြည့်ဝ ပြီး အလားအလာကောင်းတွေ အများကြီး ရှိကြတဲ့ တိုက်စစ်ကစားသမားတွေ ဖြစ်ကြပေမယ့် လက်ရှိမှာ တော့ အသင်းနဲ့ အံမဝင်ပဲ ဂိုးပေါက်ပျောက်ဆုံးနေတာကို တွေ့ကြရမှာပဲဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မန်ချက်စတာယူနိုက်တက် အသင်းက နည်းပြအသစ် အာမိုရင် လိုချင်တဲ့ ကစားပုံကို တဖြည်းဖြည်းနဲ့ နားလည်လာခဲ့ပြီး ကစားသမား တော်တော်များများကလည်း အသင်းနဲ့ အံဝင်အောင်ကစားနိုင်လာကြတာကို အခုနောက်ပိုင်ပွဲစဥ်တွေမှာ တွေ့မြင်နေရပါတယ်။ ချယ်ဆီး အသင်း အနေနဲ့ ကလည်း အားကိုးစရာ တိုက်စစ်မှုးဆိုလို့ နီကိုလက် ဂျက်ဆင် တစ်ယောက်သာရှိပြီး အခုလို ဂျက်ဆင် ဒဏ်ရာရရှိနေတဲ့ အချိန်မှာတော့ အသင်းရဲ့ တိုက်စစ်မှူးနေရာ အတွက် ကစားသမားတွေကို OUT OF POSITION တွေနဲ့ အဆင်ပြေအောင် အမျိုးမျိူးပြောင်းလဲအသုံးပြုနေခဲ့တာပဲဖြစ်ပါတယ်။
အာဆင်နယ် အသင်း ကလည်း ကစားသမားတွေ ဒဏ်ရာပြသာနာတွေ များပြားနေပြီး အထောင်တိုက်စစ်မှုး စစ်စစ် မရှိတာ၊ ဒီအချက်တွေကြောင့် ကစားသမားတွေ ကို အဆင်ပြေသလို ပြောင်းလဲ အသုံပြုနေတာပဲဖြစ်ပါတယ်။ အသင်းကြီး တော်တော်များများက မကြာမှီ ရောက်လာတော့မယ့် နွေရာသီ ဈေးကွက် မှာ ဒေါင်ဒေါင်မြည်မြည် တိုက်စစ်မှုးတွေကို ခေါ်ယူနိုင်ဖို့ အတွက် ကြိုးပမ်းနေကြတာပဲဖြစ်ပါတယ် ။ အခုနောက်ပိုင်း ခေတ်တွေမှာ ဒေါင်ဒေါင်မြည် အထောင်တိုက်စစ်မှုး စစ်စစ်တွေက အင်မတန် ရှားပါးလာခဲ့တာပဲဖြစ်ပါတယ်။ ဒါကြောင့် အသင်းတွေတော်တော်များများက ခြေစွမ်းကောင်းတွေ ဆက်တိုက်ပြနိုင်ပြီး သွင်းဂိုးတွေ ပွဲတိုင်းလိုလို သွင်းပေးနိုင်တဲ့ အီဆက် လို ကစားသမားမျိုးကို အသင်းတိုင်းက စိတ်ဝင်စားနေခဲ့တာပဲဖြစ်ပါတယ်။ အခြားတိုက်စစ်မှုးတွေ ဖြစ်ကြတဲ့ ဝက်ကင်း တို့ ဒီလက် တို့လိုကစားသမားတွေကိုလည်း စိတ်ဝင်စားနေကြတာပဲဖြစ်ပါတယ်။
အဲ့တာကြောင့် အသင်းတိုင်းနီးပါးရဲ့ စိတ်ဝင်စားနေကြတဲ့ တိုက်စစ်ကစားသမားတွေက တူညီနေကြပြီး ဒီနွေရာသီ ဈေးကွက်မှာ အသင်းတွေက အပြိုင်အဆိုင် တိုက်စစ်မှုး ခေါ်ယူမှုတွေကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ဘယ် အသင်းကို ဘယ်လို တိုက်စစ်မှုး ရောက်ရှိသွားမလည်း ဆိုတာကတော့ စိတ်ဝင်တစားစောင့်ကြည့်ရမယ့် ကိစ္စတစ်ခုဖြစ်တယ်လို့ပြောရင်း စာလေးကို ဒီမှာပဲ အဆုံးသတ်ပါရစေ။ အဆုံးထိ ဝင်ရောက်ကြည့်ရှုပေးတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီး တင်ရှိပါတယ်။
#mmmedia
#manchesterunited
#chelsea
#Striker
#premierleague
LATEST NEWS


Today I would like to tell you about the 10 most valuable full-back players in the world of football.

Today I would like to tell you about the best attacking duo Chelsea have ever had.
.png)