ယူနိုက်တက်ရဲ့ နောင်တရစရာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တစ်ခု ( သို့ ) ဒီဂီယာ ကို အလွတ်နဲ့ ထွက်ခွာခွင့်ပြုခြင်း

အခုနောက်ပိုင်းမှာ ယူနိုက်တက် အသင်းက အဆိုးဝါးဆုံး ရာသီတစ်ခုကို ကျော်ဖြတ်နေရပြီး ပရီးမီးယားလိဂ်ရဲ့ အမှတ်ပေးဇယား ၁၅ အထိ ကျဆင်းခဲ့တာပဲဖြစ်ပါတယ်။ အင်္ဂလန်ဘောလုံးလောကရဲ့ အအောင်မြင်ဆုံး အသင်းတစ်သင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် အသင်းက သူတိူ့ရဲ့ ဂန္ထဝင်နည်းပြကြီး ဖာဂူဆန် ထွက်ခွာသွားခဲ့တဲ့ အချိန်ကစပြီး အသင်းရဲ့ အကျပိုင်း အချိန်တွေကို စတင်ရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။ ဖာဂူဆန် ထွက်ခွာသွားပြီးကတည်းက ယူနိုက်အသင်းက နည်းပြတွေအတွက် သင်္ဂျိုင်းမြေတစ်ခုလည်းဖြစ်လာခဲ့ရပါတယ်။ အတွေ့အကြုံ များပြားတဲ့ ဝါရင့်နည်းပြတွေ ၊ အလားအလာကောင်းတွေ ရှိတဲ့ လူငယ် နည်းပြတွေ ၊ အသင်းရဲ့ ကစားသမားဟောင်းတွေ စတဲ့ နည်းပြပေါင်းများစွာကို ခန့်အပ်ခဲ့ပေမယ့် အသင်းရဲ့ အခြေမအနေတွေကတော့ ဘားမှတိုးတက်လာတာမရှိခဲ့ပါဘူး ။ အရင်ချိန်တွေထက် လက်ရှိ ရာသီမှာ မန်ချက်စတာယူနိုက်တက် အသင်းက ပြောင်းလဲမှုတွေ လူအင်အားဖြည့်တင်းမှုတွေကို အများအပြားပြုလုပ်ခဲ့ပေမယ့်လည်း အသင်းရဲ့ အခြေအနေတွေက တိုးတက်မလာခဲ့ပဲတစ်နေထက်တစ်နေပိုဆိုးလာတာကို လူတိုင်းသိကြမှာပဲဖြစ်ပါတယ်။
အခု မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဂိုးပေါက်တစ်နေရာကို ကာကွယ်နေတဲ့ ဂိုးသမား အိုနားနား က ဘယ်လိုမှ ယုံကြည်စိတ်ချလို့မရတဲ့ ကစားသမား တစ်ဦးဖြစ်ပါတယ်။ အိုနားနားက ကစားသမား ကောင်းတစ်ယောက်ဖြစ်ပေမယ့်လည်း မန်ချက်စတာယူနိုက်တက် အသင်းကိုရောက်ရှိခဲ့တဲ့ အချိန်ကတည်းက ပုံမှန် တည်ငြိမ်တဲ့ လက်စွမ်းမျိုးကို မပြသနိုင်ပဲ တစ်ပွဲထက်တစ်ပွဲ မန်ချက်စတာယူနိုက်တက်အသင်းအတွက်စိတ်ပျက်စရာလက်စွမ်းတွေကိုသာ ပြသနေတာပဲဖြစ်ပါတယ်။ အိုနားနား က အရင်အသင်းဟောင်းတွေမှာ ပြသခဲ့တဲ့ လက်စွမ်းတွေကို ပြန်လည်မရရှိတော့ပဲ တစ်ပွဲထက်တစ်ပွဲ ကိုယ်ကိုကိုယ် ယုံကြည်မှုတွေနည်းပါးလာပြီး ပြာယာခက်နေတာကို တွေ့မိမယ်ထင်ပါတယ်။ အခုအချိန်မှာ ကျွန်တော်တို့ လွမ်းဆွတ်မိတဲ့ လူတစ်ယောက်ကတော့ တစ်ချိန်က မန်ချက်စတာယူနိုက်တက်ရဲ့ ဂိုးပေါက်တစ်နေရာကို လှည့်ကြည့်စရာမလိုအောင် အကောင်းဆုံး ကာကွယ်ပေးခဲ့တဲ့ ဒီဂီယာပဲဖြစ်ပါတယ်။
ယူနိုက်တက် အသင်းက ဂိုးသမား ဒီဂီယာ နေရာမှာ အင်တာမီလန် အသင်းရဲ့ ဂိုးသမား အိုနားနား ကို အစားထိုးခဲ့ပြီး ဒီဂီယာကို ကန်ထုပ်ခဲ့တာပဲဖြစ်ပါတယ်။ ယူနိုက်တက် အသင်းက အလွတ်နဲ့ ထွက်ခွာခွင့်ပေးလိုက်တဲ့ ကစားသမား ဒီဂီယာကတော့ အခု ဖီအိုတီးနား အသင်းမှာ မန်ချက်စတာယူနိုက်တက် ပရိတ်သတ်တွေ လွမ်းဆွတ်ရလောက်အောင်အကောင်းဆုံးလက်စွမ်းတွေပြသနေတာပဲဖြစ်ပါတယ်။ အခု မန်ချက်စတာယူနိုက်တက် အသင်းက မလိုလားအပ်တဲ့ ဂိုးတွေ မပေးသင့်တဲ့ ဂိုးတွေ ၊ ဂိုးသမား ရဲ့ တစ်ဦးတစ်ယောက်ထဲ အမှားတွေကြောင့်ဂိုးတွေ ခဏခဏပေးနေရတာလည်းဖြစ်ပါတယ်။ အိုနားနား က တိကျတဲ့ ဆုံးဖြတ်ချက်တွေကို အမြဲလိုလို မဆုံးဖြတ်နိုင်ပဲ ကိုယ်ကိုကိုယ်လည်း ယုံကြည်မှုမရှိတဲ့ ဂိုးသမားတစ်ယောက်ဖြစ်တာကြောင့် မန်ချက်စတာယူနိုက်တက်က ကစားတဲ့ပွဲအရေအတွက်ထက် ခွင့်ပြုရတဲ့ ဂိုးအရေအတွက်က ပိုမိုများနေခဲ့တာပဲဖြစ်ပါတယ်။
ယခုအချိန် ဂိုးသမား အိုနားနား နေရာမှာ ဒီဂီယာ သာဆိုရင် အသင်းက ဒီလောက် အခြေအနေဆိုးနေပါ့မလား ။ ဒီဂီယာကို အသင်းကနေ ထွက်ခွာခွင့်ပေးလိုက်တာ ယူနိုက်တက်တို့ရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်နေမလား ။ ပရိတ်သတ်တွေရော ဘယ်လိုထင်လဲ ။ ပရိတ်သတ်တွေရဲ့ အမြင်ကို ကောမန့်မှာ ဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး။အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#manchesterunited
#daviddegea
#goalkeeper
#andreonana
LATEST NEWS


Today I would like to tell you about the 10 most valuable full-back players in the world of football.

Today I would like to tell you about the best attacking duo Chelsea have ever had.
.png)