ယူနိုက်တက်ရဲ့ အောင်မြင်မှုသမိုင်းတစ်ခု ၁၉၉၉ ရဲ့ညတစ်ည အကြောင်း

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ အတိတ်က အောင်မြင်မှုတွေအကြောင်းပြောရင်ပြောလို့ကုန်မှာတောင်မဟုတ်ပါဘူး။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ပြောမကုန်တဲ့ အောင်မြင်မှုတွေထဲမှာ ၁၉၉၉ ခုနှစ်ရဲ့ ညတစ်ည က သမိုင်းဝင် ညတစ်ည ဖြစ်ခဲ့ပါတယ်။ ဟိုတလောက မန်ချက်စတာယူနိုက်တက် အသင်းနဲ့ လိုင်ယွန် အသင်းတို့ရဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် အဖြစ် ကစားတဲ့ ပွဲစဥ်မှာ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ မယုံနိုင်ရလောက်အောင် comeback ပြခဲ့တာကို ကြည့်လိုက်ရင် ၁၉၉၉ ခုနှစ်က မန်ချက်စတာယူနိုက်တက် အသင်းကို ပြန်လွမ်းမိတယ်။ ဟိုးအရင် ကာလတွေတုန်းက မန်ချက်စတာယူနိုက်တက် အသင်းက အခြားပြိုင်ဘက် အသင်းတိုင်းကို ငယ်နိုင်လို ကစားပြီး ဆုဖလားတွေကို သိမ်းပိုက်ခဲ့တဲ့ အသင်းတစ်သင်းပါ။ ဒါပေမယ့် အခုနောက်ပိုင်း ကာလတွေမှာ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ ရင်ဆိုင်ရမယ့် ပြိုင်ဘက်အသင်းတွေက အရင် ကာလတွေတုန်းကလို ရင်ဆိုင်ရမယ့် ကြောက်နေမယ့် အနေအထားမျိုး မဟုတ်တော့ပါဘူး။
အခုနောက်ပိုင်း ကာလတွေမှာ မန်ချက်စတာယူနိုက်တက် အသင်းက အသင်းတိုင်းကို အရင်လို လွယ်လွယ်ကူကူ အနိုင်ယူနိုင်တဲ့ အနေအထားတစ်ခုမှာ မရှိတော့တာ အချိန်အတော်လေးကြာပါပြီ ။ မန်ချက်စတာယူနိုက်တက် အသင်းက အခုနောက်ပိုင်း ကာလတွေမှာ ပိုက်ဆံတွေအမြောက်အများသုံးပြီး ကောင်းပါတယ်ဆိုတဲ့ ကစားသမားတွေကို လည်းခေါ်ယူခဲ့တယ်။အလားအလာကောင်းတွေကို အများကြီး ပိုင်ဆိုင်ထားပြီး အရည်အချင်း ပြည့်ဝတဲ့ နည်းပြတွေကိုလည်း ခေါ်ယူပေးခဲ့တယ် ၊ ဘယ်လောက်ပဲ ပြောင်းလဲပြင်ဆင်မှုတွေလုပ်လုပ် နောက်ဆုံးမှာတော့ မန်ချက်စတာယူနိုက်တက် အသင်းက ဟန်ချက်မညီပဲ နောက်ပိုင်းကာလတွေမှာ အကျပိုင်းကို ရောက်ရှိလာတဲ့ အသင်းတစ်သင်းဖြစ်ခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်တုန်းက ဆို နည်းပြကြီး ဖာဂူဆန် ဦးဆောင်တဲ့ မန်ချက်စတာယူနိုက်တက် အသင်းက ဘယ်အသင်းမှ မမျှော်လင့်ဖူးတဲ့ တစ်ရာသီထဲ ဆုဖလားသုံးလုံးကို ဆွတ်ခူးနိုင်ခဲ့တယ် ။ နည်းပြကြီး ဖာဂူဆန်က အရည်အချင်းပြည့်ဝပြီး အတွေ့အကြုံကောင်းတွေပိုင်ဆိုင်ထားတဲ့ ကစားသမားတွေကို ပေါင်းစပ်ပြီး အခြေခံအုတ်မြစ်ချကာ ဆုဖလားတိုင်းကို စိန်ခေါ်နိုင်ခဲ့တယ် ။ ဆုဖလား အောင်မြင်မှု ၃ လုံးထဲကမှ ချန်ပီယံ လိဂ် ဆုဖလားကြီးကို မန်ချက်စတာယူနိုက်တက် အသင်းသားတွေက မယုံနိုင်စရာကောင်းအောင် အကောင်းဆုံး comeback ပြပြီး ထိုက်ထိုက်တန်တန် သိမ်းပိုက်နိုင်ခဲ့တယ်။ နည်းပြကြီး ဖာဂူဆန်က ကစားသမားတိုင်းကို အနိုင်မခံ အရှုံးမပေးတက်တဲ့ စိတ်ဓာတ် ၊ ဘယ်လို အခြေအနေပဲဖြစ်ဖြစ် ပွဲစဥ်တိုင်းကို အနိုင်ယူနိုင်တယ်ဆိုတဲ့ စိတ်ဓာတ်တွေကို ရိုက်သွင်းပေးခဲ့တယ်။ ဒီလိုနဲ့ပဲ ချန်ပီယံလိဂ်ဖိုင်နယ် ည တစ် ည မှာ မန်ချက်စတာယူနိုက်တက် အသင်းက ဂျာမန် အင်အားကြီး အသင်းတစ်သင်းဖြစ်တဲ့ ဘာယန်မြူးနစ် အသင်းနဲ့ ရင်ဆိုင်ရပြီး ၁ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ ဦးဆောင်ခံခဲ့ရတယ်။
ဒါပေမယ့် ပွဲချိန်ပြည့်လို့ အချိန်ပို ၃ မိနစ် အတွင်းမှာပဲ မန်ချက်စတာယူနိုက်တက် အသင်းက ခြေပဂိုးရော အနိုင်ဂိုးကိုပါသွင်းပြခဲ့ပြီး ချန်ပီယံလိဂ်ဆုဖလားကို သိမ်းပိုက်ကာ မန်ချက်စတာယူနိုက်တက် နဲ့ ကမ္ဘာ့ဘောလုံး ဝါသနာရှင်တွေအတွက် အမြဲတမ်း အမှတ်ရနေစေမယ့် ညတစ်ညကို ဖန်တီးနိုင်ခဲ့တယ်။ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ကစားသမားတိုင်းက ပွဲသိမ်းခရာမမှုတ်မချင်း သူတို့မရှုံးဘူးဆိုတဲ့ ခံယူချက်တွေက ကစားသမားတိုင်းရဲ့ မျက်နှာမှာ အထင်းသားမြင်ခဲ့ရတယ်။ မန်ချက်စတာယူနိုက်တက် ကစားသမားတွေ နဲ့ နည်းပြကြီး ဖာဂူဆန် တို့ရဲ့ အနိုင်မခံ အရှုံးမပေးတက်တဲ့ စိတ်ဓာတ် ကို အဲ့ ၁၉၉၉ ခုနှစ် ချန်ပီယံလိဂ် ညတစ်ညမှာ ပရိတ်သတ်တိုင်း မြင်တွေ့ခဲ့ရပြီး မဖြစ်နိုင်တဲ့ အနေအထားကနေ အကောင်းဆုံး ပြန်လာနိုင်ခဲ့တာတွေက ဘယ်တော့မှ မေ့လို့မရတော့တဲ့ အခိုက်အတန့်တစ်ခုဖြစ်ခဲ့တယ်လို့ပြောရင် ဒီမှာပဲ အဆုံးသတ်ပါရစေ ။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်း ကို ကျေးဇူးအများကြီး တင်ရှိပါတယ်။
#mmmedia
#manchesterunited
#ferguson
#championleague
#football
LATEST NEWS


Today I would like to tell you about the 10 most valuable full-back players in the world of football.

Today I would like to tell you about the best attacking duo Chelsea have ever had.
.png)