အိုနားနား ကယူနိုက်တက်ရဲ့ ပြဿနာ တစ်ခုလား

မန်ချက်စတာယူနိုက်တက် အသင်း က ဒီနောက်ပိုင်း ခေတ်ကာလတွေမှာ စွမ်းဆောင်ရည် နဲ့ ခြေစွမ်းပိုင်းတွေ တော်တော်လေးကျဆင်းလာခဲ့တာကိုသတိထားမိမယ် ထင်ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းက အဘက်ဘက် က ကျဆင်းနေပြီး အဆိုးဝါးဆုံး ရာသီတစ်ခုကို ဖြတ်သန်းနေရတာပဲဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းက ဒီရာသီမှာ ပရီးမီးယားလိဂ် အဆင့်ဇယား ရပ်တည်မှုမှာ အဆင့် ၁၅ အထိ ရောက်ရှိခဲ့ပြီး အဘက်ဘက်က ဆိုးဝါးနေတာပဲဖြစ်ပါတယ်။ ဒီပြဿနာတွေက မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဂန္ထဝင် နည်းပြကြီး ဖာဂူဆန် ထွက်ခွာသွားကတည်းက ဖြစ်ခဲ့တာဆိုပေမယ့် အရင်နှစ်ပိုင်းတွေက စွမ်းဆောင်ရည်ပိုင်းတွေ နိမ့်ဆင်းပေမယ့် ပရီးမီးယားလိဂ် ဇယား ရပ်တည်မှုမှာ အဆင့်အတန်းတစ်ခုရှိသေးတာဖြစ်ပြီး ဥရောပ ပြိုင်ပွဲတွေကို လည်း အမြဲလိုလို ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရပါတယ်။
ဒါပေမယ့် နောက်ရာသီ ဥရောပ ပြိုင်ပွဲ တစ်ခုခုမှာ ဝင်ရောက်ယှဥ်ပြိုင်နိုင်ဖို့အတွက် မန်ချက်စတာယူနိုက်တက် အသင်းက တော်တော်လေး ရုန်းကန်ရအုံးမှာ ပဲဖြစ်ပါတယ်။ ဒီရာသီ မန်ချက်စတာယူနိုက်တက် အသင်း အဆင်မပြေ ဖြစ်နေရခြင်းတွေထဲမှာ ကစားသမားတွေရဲ့ ဒဏ်ရာပြသာနာတွေအပြင် ပုံမှန်ခြေစွမ်း ပျောက်ဆုံးနေပြီး စွမ်းဆောင်ရည်ပိုင်းကျဆင်းနေတာတွေကလည်းတစ်စိတ်တစ်ပိုင်းပါဝင်နေတာပဲဖြစ်ပါတယ်။ ကစားသမား အာလုံးထဲက မှ ဂိုးသမား အိုနားနားက အဆိုးဆုံးပဲဖြစ်ပါတယ်။ တည်ငြိမ်တဲ့ လက်စွမ်းတစ်ခုကို မပြသနိုင်တဲ့ အပြင် တစ်ဦးချင်း အမှားတွေလည်း အရမ်းများတဲ့ ကစားသမား တစ်ယောက်ဖြစ်ပါတယ်။ အခု မန်ချက်စတာယူနိုက်တက် အသင်း ရင်ဆိုင်နေရတဲ့ ပြဿနာတွေအားလုံးရဲ့ တစ်စိတ်တစ်ပိုင်း က ဂိုးသမား အန်ဒရီ အိုနားနား နဲ့ သက်ဆိုင်နေပါတယ်။ တန်ဟက် လက်ထက် မန်ချက်စတာယူနိုက်တက် အသင်း build up play ကို ကောင်းကောင်းတည်ဆောက်နိုင်ဖို့အတွက် ball _ playing ပိုင်းမှာကောင်းမွန်တဲ့ ကင်မရွန်း ဂိုးသမား အိုနားနား ကို ခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။
ဂိုးသမား အိုနားနား ရောက်ရှိခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက် အသင်းရဲ့ build up play ကစားပုံက တိတိသာသာ တိုးတက်လာတာ ဘာမှမရှိပါဘူး ။ အိုနားနားက အေဂျက် ၊ အင်တာ စတဲ့ အသင်းတွေမှာ တည်ငြိမ်တဲ့ လက်စွမ်းတွေ့တဲ့ ကောင်းမွန်တဲ့ ပုံစံတွေကို ပြသနိုင်ခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက် အသင်းကို ရောက်ရှိလာတဲ့ အချိန်မှာတော့ ပရီးမီးယားလိဂ် နဲ့ အသားမကျသေးတဲ့ အပြင် ဖိအားတွေကို ကောင်းကောင်း ရင်မဆိုင်နိုင်တာကြောင့် တစ်ဦးချင်း အမှားတွေကတော်တော်လေးများနေတာပဲဖြစ်ပါတယ်။ ဒီဂီယာ က SHOT - STOPPING ပိုင်းတွေမှာ ကောင်းတဲ့ ကစားသမားတစ်ယောက်ဖြစ်ပေမယ့် BALL - PLAYING ပိုင်းမှာ အားနည်းတဲ့ ဂိုးသမားဖြစ်ပါတယ်။ တန်ဟက် က အဲ့တာကြောင့် BALL - PLAYING ကောင်းမွန်တဲ့ ဂိုးသမား အိုနားနား ကို ခေါ်ယူခဲ့ပြီး ဒီဂီယာကို အသင်းကထွက်ခွာခွင့်ပေးခဲ့တာပဲဖြစ်ပါတယ်။ BALL - PLAYING ကောင်းမွန်လို့ အားကိုးတစ်ကြီးနဲ့ ခေါ်ခဲ့တဲ့ အိုနားနားက ပရီးမီးယားလိဂ်နဲ့ အသားမကျ အံမဝင်ပဲ တစ်ဦးချင်းအမှားတွေများပြီး ဂိုးတွေပေးနေရတာက မန်ချက်စတာယူနိုက်တက် အသင်း ကျဆင်းနေရခြင်းတွေမှာ တစ်စိတ်တစ်ပိုင်း ပါဝင်ပတ်သတ်နေမှာပဲဖြစ်ပါတယ်။
အိုနားနားရဲ့ တစ်ဦးချင်း အမှားတွေ ၊ ဆုံးဖြတ်ချက် မပြတ်သားမှုတွေ က ဒီနေ့ပိုင်း တစ်ပွဲထပ် တစ်ပွဲ ပိုပိုဆိုးလာတာပဲဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်း ဒီလိုပြဿနာတွေနဲ့ ရင်ဆိုင်နေရတာတွေက အိုနားနား ရဲ့ ယုံကြည်ချက် ပျောက်ဆုံးနေပြီး သူရဲ့ တစ်ဦးချင်းအမှားတွေကြောင့်လား။အသင်းရဲ့ အားကိုးရတဲ့ ဂိုးသမား ဒီဂီယာကို အသင်းကထွက်ခွာခွင့်ပေးလိုက်တဲ့ နည်းပြတန်ဟက်ရဲ့ အမှားလား။ ပရိတ်သတ်တွေရော ဘယ်လိုထင်လဲ ပရိတ်သတ်တွေရဲ့ အမြင်ကို ကောမန့်မှာ ဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး။အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#manchesterunited
#onana
#alexferguson
#amorim
#coach
LATEST NEWS


Today I would like to tell you about the 10 most valuable full-back players in the world of football.

Today I would like to tell you about the best attacking duo Chelsea have ever had.
.png)