မြန်မာအမျိုးသမီး ဘောလုံးအသင်းတွက် စောင့်ကြည့်ချင်စရာ ကစားသမား မေထက်လူ

မြန်မာ အမျိုးသမီး ဘောလုံး အသင်းရဲ့ တိုက်စစ် ကို အနာဂတ်မှာ ဦးဆောင်မယ့် ကစားသမား တစ်ယောက်ကတော့ ပရိတ်သတ်တွေရဲ့ မျက်စိ အရှေ့ကို ထွက်ပါလာခဲ့ပြီပဲဖြစ်ပါတယ်။ အဲ့ဒိ ကစားသမား ကတော့ မေထက်လူပဲဖြစ်ပါတယ်။ မေထက်လူက မြန်မာအမျိုးသမီးလက်ရွေးစင် အသင်း 𝐔 𝟏𝟔 နဲ့ 𝐔 𝟏𝟗 အသင်းတွေမှာ ကစားခဲ့ဖူးပြီး ပညာရေးအတွက် အမေရိကန်မှာ ကျောင်းသွားတက်ရာမှ တစ်ဆင့် ကျောင်းရဲ့ တက္ကသိုလ် အသင်းမှာ 𝟐 နှစ် ပါဝင်ကစားခဲ့ပြီး အမေရိကားမှာ ရှိတဲ့ ဆီမီးပရိုလိဒ် တစ်ခုဖြစ်တဲ့ လော့အိန်ဂျယ်လိစ် 𝐅𝐂 ဆိုတဲ့ 𝐋𝐀𝐅𝐂 အသင်းမှာပါ အကောင်းဆုံးခြေစွမ်းပြနေတဲ့ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။
မေထက်လူက 𝐋𝐀𝐅𝐂 အသင်းမှာ စုစုပေါင်း ပွဲ ၂၀ ထိ ကစားခဲ့ပြီး ၁၁ ဂိုးအထိ သွင်းယူနိုင်ခဲ့တာကြောင့် အသင်းမှာ ဂိုးသွင်းအများဆုံး ကစားသမား တစ်ယောက်ဖြစ်ပြီး အသင်းအတွက်အများကြီးအထောက်အကူပြုနေတဲ့ကစားသမားတစ်ယောက်လဲဖြစ်ပါတယ်။မေထက်လူကငယ်စဥ်ကတည်းကဘောလုံး အားကစားကိုစိတ်ဝင်စားခဲ့ပြီး 𝐘𝐔𝐅𝐂 အသင်းကွင်းမှာ ထရိုန်နင် သွားဆင်းခဲ့ရာမှ သူ့ရဲ့ ကောင်းမွန်တဲ့ခြေစွမ်းတွေကို မြန်မာ 𝐔𝟏𝟓 အသင်းရဲ့ နည်းပြချုပ်ဖြစ်တဲ့ ဒေါ်စန်းစန်းသိန်းက ကြိုက်နှစ်သက်ခဲ့ပြီး မြန်မာ လက်ရွေးစင် အသင်းအတွက် လူရွေးချယ်ဖို့ ဖိတ်ခေါ်ခြင်းကိုခံခဲ့ရတာပဲဖြစ်ပါတယ်။မေထက်လူ က အသက် ၁၃ နှစ်ကတည်းက မြန်မာ လက်ရွေးစင် တစ်ယောက်ဖြစ်ခဲ့ပြီး မြန်မာ လက်ရွေး စင် အဖြစ် 𝐔 𝟏𝟔 နဲ့ 𝐔 𝟏𝟗 ပွဲတွေမှာ ကစားခဲ့ဖူးတာလည်းဖြစ်ပါတယ်။ မေထက်လူကို ဇန်နဝါရီ လ ၂၈ ရက် ၂၀၀၃ ခုနှစ်မျာမွေးဖွားခဲ့တာဖြစ်ပြီး အသက် ၂၁ နှစ်သာရှိသေးတာလည်းဖြစ်ပါတယ်။ မေထက်လူ ရဲ့ ခြေစွမ်းတွေကြောင့် လွန်ခဲ့တဲ့ တစ်နှစ်လောက် က အမေရိကန် အားကစားသတင်း ငှာန တစ်ခုဖြစ်တဲ့ စီဘီအက်စ် သတင်းချန်နယ်ကနေ ဖော်ပြခြင်းခံခဲ့ရတဲ့ အမေရိကန်ရောက် မြန်မာ အမျိုးသမီး ကြယ်ပွင့်ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။
မေထက်လူ က မြန်မာအမျိုးသမီး ဘောလုံးအသင်းအတွက်ခြေစွမ်းကောင်းတွေပြနေပြီးမြန်မာအသင်းအတွက် အားထားနေရတဲ့ ကစားသမားတွေဖြစ်တဲ့ မြတ်နိုးခင် ၊ ဖြူဖြူဝင်း ၊ မေသက်မွန်မြင့် ၊ နော်ထက်ထက်ဝေတို့နဲ့ ခေတ်ပြိုင်ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။ အခုကျင်းပနေတဲ့ လေးသင်းဖိတ်ခေါ်ဖလားပြိုင်ပွဲ မှာ မြန်မာ့လက်ရွေးစင် အသင်း အတွက် ကစားဖို့ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။ မေထက်လူက သူ့ရဲ့ ပထမဆုံး ပွဲဦးထွက် ကို တော့ ကာကျစ်စတန်နဲ့ ပွဲမှာ ပါဝင်ကစားခဲ့ရပြီး အကောင်းဆုံးခြေစွမ်းတွေနဲ့ အတူ သွင်း ဂိုး ၂ ဂိုးအထိ သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ မေထက်လူက အရပ်အမောင်းကောင်းတဲ့ ကစားသမား တစ်ယောက်ဖြစ်တာကြောင့် အမြင့်ဘောကစားရာမှာ ကောင်းမွန်လှပြီး ကာကျစ်စတန်နဲ့ ပွဲစဥ်မှာလည်း လှပတဲ့ ခေါင်းတိုက်ဂိုးတစ်ဂိုးသွင်းယူနိုင်တဲ့အပြင် သူရဲ့ ခေါင်းတိုက်ပုံတွေ တိုးအားရုန်းအားတွေနဲ့ အတူ တဖတ်အသင်းရဲ့ ခံစစ်ကို ကောင်းကောင်းကြီး ခြိမ်းခြောက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ မေထက်လူက အမေရိကန်မှာ ရရှိခဲ့တဲ့ အတွေ့အကြုံတွေနဲ့ သူရဲ့ ပင်ကိုယ်ပါရမီ တို့ကို အကောင်းဆုံးပေါင်းစပ်ကြီး 𝐋𝐀𝐅𝐂 အသင်းအတွက်ရော မြန်မာလက်ရွေးစင် အသင်း အတွက်ပါ အားကိုးအားထား ပြုနေရတဲ့ တိုက်စစ်မှူးတစ်ယောက်လည်းဖြစ်ပါတယ်။
ဟုတ်ကဲ့ပါ မေထက်လူ တစ်ယောက် အနာဂတ် မြန်မာလက်ရွေးစင် အသင်းအတွက်ရော ဘယ်လောက်ထိ အားကိုးရတဲ့ တိုက်စစ်မှူးတစ်ယောက်ဖြစ်လာမယ်ထင်လဲ ပရိတ်သတ်တွေရဲ့ အမြင်ကို ကောမန့်မှာ ဝင်ရောက်ဆွေးနွေးပေးသွားကြပါအုံး ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#MayHtetLu
#Myanmar
#footballplayer
LATEST NEWS



Today I would like to tell you about the 10 most valuable full-back players in the world of football.

Today I would like to tell you about the best attacking duo Chelsea have ever had.