ကစားသမား ဘဝ အနီကဒ်တစ်ခါမှ မထိဖူးတဲ့ ကစားသမား ၅ ယောက်

ဘောလုံး ကစားသမား ဘဝမှာ အနီကဒ် နဲ့ အဝါကဒ်ပြစ်ဒဏ်တွေကို ကစားသမားတိုင်းနီးပါ ရရှိကြတာတော့ ဆန်းတဲ့ကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ဘောလုံးလောကမှာ အနီကဒ်ပြစ်ဒဏ်နဲ့ အဝါကဒ် ပြစ်ဒဏ်တွေက ဘောလုံးပွဲ တစ်ပွဲကို ပြောင်းလဲနိုင်ပါတယ်။ အချို့ကစားသမားတွေနဲ့ အနီကဒ်တွေကို ထမင်းစားရေသောက် ရယူနေပြီး ကစားသမား ဘဝ အနီကဒ်ပြစ်ဒဏ်မရရှိဖူးတဲ့ ကစားသမားဆိုတာ ဘောလုံးကစားသမားပေါင်းများစွာထဲကမှ လက်ချိုးရေ လို့ရတဲ့ အတိုင်းအတာ တစ်ခုပဲရှိတာဖြစ်ပါတယ်။ ဒီနေ့တင်ဆက်ပေးသွားမှာကတော့ အနီကဒ်တစ်ခါမှ မထိဖူးတဲ့ ကစားသမား ၅ ယောက်အကြောင်းပဲဖြစ်ပါတယ်။
၁. မိုက်ကယ် ကားရစ်
ကားရစ် က ၁၉၉၇ ခုနှစ်ကတည်းက ဝက်ဟမ်း အသင်းနဲ့ အတူ စတင်ပေါ်ထွက်လာပြီး သူ့ရဲ့ လှပတဲ့ ကစားဟန် ၊သေသပ်လှပတဲ့ အပေးပို့မှုတွေ ကြောင့်နာမည်ကြီးလာတဲ့ ကစားသမား တစ်ယောက်လည်းဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် နဲ့ အင်္ဂလန် အသင်းတို့ရဲ့ ကွင်းလယ်မှာ အဓိကအားကိုးရတဲ့ ကစားသမား တစ်ယောက်ဖြစ်ခဲ့ရုံသာမက မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ရွှေရောင်တစ်ခေတ်မှာ အသင်းအတွက် အများကြီးပေးဆပ်ကစားခဲ့တဲ့ ကားရစ် က ကစားသမား ဘဝ အနီကဒ် တစ်ခါမှမထိဖူးတဲ့ ကစားသမား တစ်ယောက်ပဲဖြစ်ပါတယ်။
၂. ကာရင် ဘန်ဇီးမား
ပြင်သစ် တိုက်စစ် မှူးတစ်ဦးဖြစ်တဲ့ ကာရင်ဘန်ဇီးမားကတော့ မက်ဆီ ၊ရော်နယ်ဒို ခေတ်မှာ ဘောလွန်းဒီအော ရရှိထားတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီးကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှုးတစ်ယောက်ဖြစ်တယ်ဆိုတာ သူ့ရဲ့ သွင်းဂိုးတွေနဲ့ အကြိမ်ကြိမ် သက်သေပြပြီးတဲ့ ကစားသမား တစ်ယောက်လည်းဖြစ်ပါတယ်။ ရီးရဲလ် အသင်းနဲ့ရော ပြင်သစ် နိုင်ငံအသင်းနဲ့ပါ ဆုဖလားအောင်မြင်မှုတွေသိမ်းပိုက်နိုင်ခဲ့တဲ့ ကာရင် ဘန်ဇီးမား ကလည်း ကစားသမားဘဝ အနီကဒ်တစ်ကြိမ်မှ မထိတဲ့ ကစားသမားဖြစ်ပါတယ်။
၃. အန်ဒရေးစ် အင်နီယေစတာ
ကမ္ဘာ့အကောင်းဆုံး ကွင်းလယ် ကစားသမား အကြောင်းတွေထည့်ပြောရင် အင်နီယေစတာ ကို ဖယ်ထားလို့မရပါဘူး။ ဘာစီလိုနာ နဲ့ စပိန် အသင်းတွေရဲ့ ရွှေရောင်ခေတ် တွေမှာ စပိန်အသင်းအတွက်ရော ဘာစီလိုနာ အသင်းအတွက်ရော မရှိမဖြစ်ကစားသမား တစ်ဦးဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ အင်နီယေစတာ ခြေထဲဘောလုံးရောက်သွားတာနဲ့ ဘောလုံးရသကိုအပြည့်အဝ ကြည့်ရှုခံစားရပြီး ပရိတ်သတ်တွေကို ဖျော်ဖြေမှု အပေးနိုင်ဆုံးသော ကစားသမား တစ်ယောက်လဲဖြစ်ပါတယ်။ အင်နီယေစတာ က ကစားသမား ဘဝ ပွဲစုစုပေါင်း ၉၀၀ ကျော်ကစားခဲ့ပြီး အနီကဒ်တစ်ခါမှ ပြသမခံခဲ့ရတဲ့ ကစားသမား တစ်ယောက်လည်းဖြစ်ပါတယ်။
၄. ဖိလစ်လမ်း
ဘိုင်ယန်မြူးနစ် အသင်း နဲ့ ဂျာမနီ အသင်းအတွက်ပါ အားကိုးရပြီး ကမ္ဘာ့အကောင်းဆုံးညာနောက်ခံလူတွေထဲ ကတစ်ယောက်ဖြစ်တဲ့ ဖိလစ်လမ်း ကလည်း သူ့ရဲ့ ကစားပုံ ၊ခေါင်းဆောင် အရည်အချင်းပြည့်ဝမှုတွေကြောင့် နာမည်ကြီးခဲ့တဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ ဖိလစ်လမ်းက ကစားသမား ဘဝကို ၁၇ နှစ်ကြာဖြတ်သန်းခဲ့ပြီး ပြိုင်ပွဲစုံ ၇၆၄ ပွဲ ကစားခဲ့ပြီး အနီကဒ်တစ်ခါမှ မထိခဲ့ပါဘူး။
၅ .ရိုင်ယယ် ဂေ့စ်
မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဂန္ထဝင်ကစားသမား တစ်ဦးဖြစ်ပြီး မန်ချက်စတာယူနိုက်တက် အောင်မြင်ခဲ့တဲ့ အချိန်တွေမှာ အသင်းအတွက် အများကြီးပေးဆပ်ကစားခဲ့ပြီး ပရိတ်သတ်အချစ်တော် ဖြစ်ခဲ့တဲ့ ရိုင်ယယ် ဂေ့စ် ကလဲ ကစားသမား ဘဝ မှာ နိုင်ငံအသင်းနဲ့ ၆၄ ပွဲကစားခဲ့တဲ့ အပြင် ကလပ် အသင်းနဲ့ ၆၃၂ ပွဲ အထိ ပါဝင်ကစားခဲ့ပြီး အနီကဒ်ကြောင့် ပွဲပယ်ပြစ်ဒဏ်တစ်ခါမှ မခံရဖူးတဲ့ ကစားသမား တစ်ယောက်လည်းဖြစ်ပါတယ်။
ဟုတ်ကဲပါ ဒီနေ့တင်ဆက်ပေးသွားတာကတော့ ကစားသမား ဘဝ တစ်လျောက် အနီကဒ်တစ်ခါမှ ပြသခြင်းမခံခဲ့ရတဲ့ ကစားသမား ၅ ယောက်အကြောင်းပဲဖြစ်ပါတယ်။အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#michaelcarrick
#andresIniesta
#karimbenzema
#players
LATEST NEWS


Today I would like to tell you about the 10 most valuable full-back players in the world of football.

Today I would like to tell you about the best attacking duo Chelsea have ever had.
.png)