ရှုံးပွဲမရှိ ချန်ပီယံဖြစ်ခဲ့တဲ့ MIU ဖူဆယ် အသင်း

မြန်မာ ဖူဆယ် လောက က တစ်နေ့ထက် တစ်နေ့ လူစိတ်ဝင်စားမှု ပိုမို များပြားလာပြီး အများကြီး တိုးတက်ကောင်းမွန်လာတာကို ဒီရာသီမှာ သိသိသာသာကြီး ကို မြင်ခဲ့ရပါတယ်။ အရင်လို ၂ သင်း ၃ သင်းထဲက ဦးဆောင်နေတာမျိုးမဟုတ်တော့ပဲ အသင်းတိုင်း က ပြိုင်ဆိုင်မှု ပြင်းထန်နေတာပဲဖြစ်ပါတယ်။ အရင်ထက် ပြိုင်ဆိုင်မှု ပိုမို ပြင်းထန်လာရုံသာမကပဲ လူငယ် ကစားသမား ပေါင်းများစွာရဲ့ တိုးတက်လာမှုတွေ ၊ ပြည်ပ ကစားသမားတွေ ဆီ က ရရှိခဲ့တဲ့ အတွေ့အကြုံတွေ ၊ အင်အားတောင့်တင်းတဲ့ အသင်းတွေ ပိုမို ထွက်ပေါ်လာတွေက မြန်မာလက်ရွေးစင် ဖူဆယ် အသင်းအတွက် အများကြီး ကောင်းမွန်တဲ့ အချက်တစ်ချက်ပဲဖြစ်ပါတယ်။ ဒီရာသီမှာ အသင်းတိုင်းက ရေကုန်ရေခမ်း ပိုမို ကြိုးစားကစားလာကြတာကို လည်းတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ဒီရာသီ အသင်းကြီးတော်တော်များများကလည်း ချန်ပီယံ ဆုအတွက် လူအင်အား ဖြည့်တင်းမှု အဖြစ် နိုင်ငံခြား ကစားသမား ခေါ်ယူမှူတွေမှာလည်း အရင် ဘောလုံးရာသီ တွေထက် ပိုမို ပြုလုပ်ခဲ့ကြတာပဲဖြစ်ပါတယ်။
အရင်ရာသီတွေမှာ နိုင်ငံခြား ကစားသမား ခေါ်ယူတာတွေကို အနည်းငယ်သာတွေ့ရခဲ့ပြီး ဒီရာသီမှာ အရင်ရာသီ ကခေါ်ယူ အသုံးပြုခဲ့တဲ့ နိုင်ငံခြားကစားသမားတွေ အပြင် မြန်မာဖူဆယ် ပရိတ်သတ်တွေ အတွက် နိုင်ငံခြား မျက်နှာသစ် ကစားသမား ကောင်းတွေ တော်တော်များများကိုလည်း မိတ်ဆတ်ပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဒီရာသီ လှပတဲ့ ဂိုးတွေ ၊ ရင်ခုန်စရာ အခိုက် အတန့်တွေ ၊ ပွဲချိန် နောက်ဆုံး အချိန်ထိ ပြင်းပြင်းထန်ထန် အားပြိုင်မှုတွေက ဘောလုံးရသ အများကြီး ပေးဆောင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဒီရာသီမှာ သိသိသာသာ အများကြီး တိုးတက်လာတဲ့ အသင်းတွေ အများကြီးရှိပေမယ့် အဲ့ အသင်းတွေထဲမှာမှ အထူးခြားဆုံး အသင်းက MIU ဖူဆယ် အသင်းပဲဖြစ်ပါတယ်။ နိုင်ငံခြား ကစားသမား တွေ ၊ အသင်းမှာ ရှိပြီး သား ကစားသမားတွေ ၊ ပွဲပယ်ပြစ်ဒဏ်မှာ ပြန်လာခဲ့တဲ့ ဝါရင့် ကစားသမားကောင်းတွေနဲ့ အသင်းကို အကောင်းဆုံးပုံစံနဲ့ ဖွဲ့စည်းတည်ဆောက်ခဲ့ပြီး ဒီရာသီ ရှုံးပွဲမရှိချန်ပီယံ ဆုကြီးကို ထိုက်ထိုက်တန်တန် သိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။
ဒီရာသီ MIU အသင်းရဲ့ ခံစစ် ကစားပုံက အင်မတန်ကောင်းမွန်လာတာက MIU အသင်း ဒီရာသီ ဆုဖလား သိမ်းပိုက်နိုင်ရခြင်းရဲ့ အကြောင်းအရင်း တစ်ချက်ပဲဖြစ်ပါတယ်။ အရင်ရာသီတွေထဲက အကောင်းဆုံး အသင်းတွေ ထဲ ကတစ်သင်းဖြစ်တဲ့ MIU အသင်းက အရင် ထဲက တိုက်စစ် ကောင်းမွန်တဲ့ အသင်းတစ်သင်းဖြစ်တာကြောင့် ဒီရာသီ ခံစစ်ကစားပုံတိုးတက်လာခြင်းက အသင်းတိုင်းကို အကောင်းဆုံးရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့တဲ့အကြောင်းအရင်းတစ်ချက်ပဲဖြစ်ပါတယ်။
အသင်းရဲ့ လူခေါ်ယူမှုတွေကလည်း MIU အသင်းကို ပိုမို တိုးတက်ကောင်းမွန်လာစေခဲ့ပါတယ်။ MIU အသင်းက ဒီရာသီ ပွဲပေါင်း ၁၈ ပွဲ ကစားခဲ့ပြီး ၁၇ ပွဲ အနိုင် ရရှိခဲ့ပြီး ၊ တစ်ပွဲ သရေ နှင့် ရှုံးပွဲ မရှိအောင် အကောင်းဆုံးကစားနိုင်ခဲ့ကာ ရမှတ် ၅၂ ထိ စုဆောင်းနိုင်ခဲ့ပြီး အဆင့် ၂ မှာ ရပ်တည်နေတဲ့ MH Dream Team ကို ၈ မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပြီး ချန်ပီယံဆုကို ထိုက်ထိုက်တန်တန် သိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူး အများကြီး တင်ရှိပါတယ်။
#mmmedia
#MIU
#myanmar
#champions
LATEST NEWS


Today I would like to tell you about the 10 most valuable full-back players in the world of football.

Today I would like to tell you about the best attacking duo Chelsea have ever had.
.png)