MMA လောကရဲ့ဂုတ်တစ်ပါး  “ ခါဘစ် “

Admin
5mos ago
MMA
MMA လောကရဲ့ဂုတ်တစ်ပါး  “ ခါဘစ် “

စက်တင်ဘာ 20 ၊ 1988 တွင်မွေးဖွားခဲ့သည့် ခါဘစ်သည် UFC ရဲ့ လိုက်ဝိတ်တန်းတွင်ယှဉ်ပြိုင်ခဲ့သော ပရော်ဖက်ရှင်နယ် MMA ကစားသမားဟောင်းတစ်းဦးဖြစ်ပါတယ်။ သူသည် 2018 ဧပြီလမှ 2021 မတ်လအထိ ချန်ပီယံခါးပတ်ကိုထိမ်းသိမ်းထားနိုင်ခဲ့သည့် သက်တမ်းအကြာဆုံး UFC လိုက်ဝိတ် ချန်ပီယံတစ်ဦးဖြစ်ပြီး 29 ပွဲဆက်ရှုံးပွဲမရှိစံချိန်ဖြင့် အနားယူခဲ့သည်ဖိုက်တာ တစ်ဦးလည်းဖြစ်ပါတယ်။ ဒီလိုရလဒ်တွေကြောင့် သူဟာ အချိန်တိုင်းရဲ့ အကြီးကျယ်ဆုံး MMA ကစားသမားတစ်ဦးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ခံထားရပြီး 2022 ဇွန်လ 30 ရက်နေ့တွင် UFC Hall of Fame တွင်ထည့်သွင်းခံခဲ့ရပါတယ်။

 

ကွန်ဘတ်ဆမ်ဘို  တွင် နှစ်ကြိမ်မြောက်ကမ္ဘာ့ချန်ပီယံတစ်ဦးဖြစ်သည့် ခါဘစ်သည် နပန်း၊ ဂျူဒိုနှင့် ကွန်ဘတ်ဆမ်ဘိုတို့တွင် background ကောင်းကောင်းရှိသူပါသူသည်အနားယူချိန်UFC ရဲ့  Men’s pound for pound ရဲ့အဆင့်သက်မှတ်ချက်တွင် အဆင့် 1 ဖြစ်ခဲ့ပြီး Fight Matrix ကသူ့ကို လိုက်ဝိတ်တန်းတွင် အချိန်တိုင်းရဲ့ နံပါတ် 1 အဖြစ်သတ်မှတ်ခဲ့ကာ Forbes ကလည်း 2019 တွင်သူ့ကို အအောင်မြင်ဆုံး နံပါတ် 1 ရုရှားအားကစားသမားအဖြစ်သတ်မှတ်ခဲ့ပါတယ်။


ခါဘစ် ကို ရုရှား SFSR ၊ ဆိုဗီယက်ယူနီယံအတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသမ္မတနိုင်ငံ၊ ဒဂတ်စ်စတန် AASSR တူစ်မားဒင်စကီခရိုင်ရှိ စီလ်ဒီ ရွာတွင် အေဗာမိသားစုမှမွေးဖွားခဲ့ပါတယ်။ သူ့တွင် အစ်ကိုကြီး မာဂိုမဒ် နှင့် ညီမငယ် အေမီနာ ဆိုပြီးမောင်နှမနှစ်ယောက်ရှိပါတယ်။ သူ့အဖေရဲ့ မိသားစုဝင်ရွှေမျိုးများသည် အိမ်ကနေပြောင်းရွှေ့ခဲ့ပြီးနောက် သူ့အဖေသည်သူတို့အိမ်ရဲ့ နှစ်ထပ်တိုက် အဆောက်အအုံရဲ့ မြေညီထပ်ကိုအားကစားခန်းမအဖြစ်သို့ပြောင်းလဲခဲ့ပါတယ်။ သူသည် မွေးချင်းဝမ်းကွဲများနှင့်အတူ ကြီးပျင်းခဲ့ပြီး သူ့အိမ်ရဲ့အားကစားခန်းမတွင် သင်တန်းသားများ ရဲ့လေ့ကျင့်မှုကို ကြည့်ရှုခဲ့ကာ ကိုယ်ခံပညာကိုစတင်စိတ်ဝင်စားခဲ့တာဖြစ်ပါတယ်။

သူသည် ငယ်ရွယ်စဉ်ကတည်းက နပန်းကစားမှုကို ဖခင်ဖြစ်သူ၏သင်ကြားမှုအောက် အသက် 8 နှစ်အရွယ်တွင်စတင်ခဲ့ပြီး သူ ကိုးနှစ်သားအရွယ် ကလေးဘဝလေ့ကျင့်မှုတွေမှာ ဝက်ဝံနဲ့နပန်းလုံးခြင်း လေ့ကျင့်ခန်းတွေပါ ပါဝင်ခဲ့ပါတယ်။ သူ့အဖေကတော့ ရုရှားနိုင်ငံ၊ မက်ခ်ချက်ခ်ကာလာရှိ တိုက်ခိုက်ရေးဆမ်ဘိုအမျိုးသားအသင်းအတွက် အကြီးတန်းနည်းပြ တစ်ဦးဖြစ်ပြီး ဆိုဗီယက်စစ်တပ်မှ ဝါရင့်တစ်ဦးဖြစ်တဲ့အပြင် စစ်ဘက်တွင် ဂျူဒိုနှင့် ဆမ်ဘိုတို့တွင် လေ့ကျင့်မှုမပြုလုပ်မီ ငယ်ရွယ်စဉ် ကတည်းက နပန်းလုံးခဲ့ဖူးသူတစ်ယောက်ဖြစ်ပါတယ်။ 2001 ခုနှစ်တွင် သူ့မိသားစုသည် ဒဂတ်စ်စတန်ရဲ့မြို့တော် မက်ခ်ချက်ခ်ကာလာ သို့ပြောင်းရွှေ့ နေထိုင်ခဲ့ပြီး သူ့အသက် 12 နှစ်မှစ၍ နပန်း ဂျူဒိုလေ့ကျင့်မှုများဆက်တိုက်ပြုလုပ်ခဲ့ကာ ဖခင်ဖြစ်သူရဲ့လက်အောင်အသက် 17 နှစ်တွင် တိုက်ခိုက်ရေးဆမ်ဘိုပညာကိုသင်ယူခဲ့ပါတယ်။

သူရဲ့ ပရော်ဖက်ရှင်နယ် MMA ပွဲဦးထွက်ကိုတော့ 2008 ခုနှစ် စက်တင်ဘာလတွင်စတင်ခဲ့ပြီး တစ်လအတွင်းမှာပဲ 4 ပွဲထိအနိုင်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အဲ့နောက်အောက်တိုဘာလ  11 ရက်နေ့တွင် သူသည်မော်စကိုပွဲ၌ ပြိုင်ဘက် 3 ဦး ကိုအနိုင်ယူခဲ့ပြီး Atruim Cup ပြိုင်ပွဲချန်ပီယံ တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီကနေစပြီး ယနေ့မြင်တွေ့နေရတဲ့ ခါဘစ်ဆိုပြီးဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ သူပြောပြခဲ့တဲ့ သူရဲ့ကစားသမားဘဝကို လှုံ့ဆော်ပေးခဲ့တဲ့ သူတွေကတော့ အမေရိကန် လက်ဝှေ့သမား မိုဟာမက်အလီ ၊ မိုက်တိုင်ဆန် နဲ့ ဘရာဇီးဂန္ထဝင်ဘောလုံးသမား ဒိုကြီး တို့ပဲ ဖြစ်ပါတယ်


ခါဘစ် က သူ့အဖေဆုံးပြီးနောက်ပိုင်း MMA ကစားသမားဘဝကိုအနားယူလိုက်တာပါ၊ ဒါဟာ သူ့အမေနဲ့ ပေးထားတဲ့ကတိဖြစ်ပြီး ကစားသမားဘဝကိုအနိုင်နဲ့ပိုင်းပြီးအဆုံးသတ် သွားတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူဟာ ဖိုက်တာများရဲ့ MMA နည်းပြတစ်ယောက်အဖြစ်ရပ်တည် နေတဲ့အပြင်၊ Eagles MMA ကလပ်ကို
တည်ထောင်ကာ Eagles ချိန်ပီယံရှစ် ( EFC )  ပြိုင်ပွဲများကိုလည်းပြုပ်လုပ်ပေး နေသူပါ။

〰〰〰〰〰〰〰〰〰〰〰〰〰〰〰

𝗞𝟵𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗞𝟵𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။


#k9mmmedia
#mmafighter
#Khabib Nurmagomedov


 

 

Leave a reply