အသက်ကြီးပေမဲ့ နှစ်ချို့ဝိုင်ဖြစ်နေဆဲ မိုဟာမက်ဆာလပ်စ်

ဆာလတ်က ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံး တိုက်စစ်မှုးတွေထဲက တစ်ယောက်ဖြစ်တယ်ဆိုတာက လွန်ခဲ့တဲ့ နှစ်တွေထဲက အကြိမ်ကြိမ် သက်သေပြပြီးပြီ ပဲ ဖြစ်ပါတယ်။ ဆာလပ်စ်က ချယ်ဆီး အသင်းရဲ့ စွန့်ပစ်ခြင်းကို ခံရပြီး ကတည်းက သူက ဘယ်လိုကစားသမား တစ်ဦးဖြစ်တယ်ဆိုတာကို တကမ္ဘာလုံးကို ပြသဖို့အတွက် ကို့ယ်ကိုကိုယ် ယုံကြည်မှုရှိရှိနဲ့ ကြိုးစားခဲ့ပြီး နောက်ဆုံးမှာတော့ သူက ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်တယ်ဆိုတာ သက်သေပြနိုင်ခဲ့တာပဲဖြစ်ပါတယ်။လီပါပူး အသင်းကို ရောက်ရှိလာကတည်း တိုက်စစ် အတွဲအဖက်ပေါင်းများစွာနဲ့ နားလည်မှုရှိရှိ တွဲဖက်ကစားပြီး အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်ကာ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို အကြိမ်ကြိမ် သိမ်းပိုက်ပြထားတာပဲဖြစ်ပါတယ်။
လီပါပူး အသင်း က အသက်အရွယ် ရလာတဲ့ သူတို့ရဲ့ တိုက်စစ်ကစားသမား ဆာလပ်စ်နေရာမှာ အစားထိုးဖို့ အတွက် လူငယ်တွေထဲ က ကောင်းပါတယ်ဆိုတဲ့ ကစားသမားတွေကို ပြောင်းရွှေ့ကြေး အမြောက်အများပေးပြီး ခေါ်ယူခဲ့ပေမယ့် မိုဆာလပ်စ် ရဲ့ နေရာမှာ ကောင်းကောင်းအစားမထိုးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဆာလတ် က အသက် ၃၂ နှစ် ရှိနေပြီဖြစ်ပြီး ၂၀၂၄-၂၅ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ရဲ့ ON Fire အဖြစ်ဆုံး ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။ ၃၂ နှစ်အရွယ်ရှိတဲ့ တိုက်စစ်မှူးတစ်ယောက်က အသင်းတိုင်းကို ဖြိုလဲခဲ့တာပဲဖြစ်ပါတယ်။ ဆာလပ်စ်အတွက်ကတော့ အသက်ကြီးပေမယ့် မပျက်စီးသေးပါဘူး။ ဒီနှစ် ဘောလုံးရာသီ ပြိုင်ပွဲစုံ ၄၃ ကစားပြီးတဲ့ အချိန်မှာ ၃၂ ဂိုးအထိ သွင်းယူထားခဲ့ပြီး ၂၂ ဂိုးထိ ဖန်တီးမှု ပြုလုပ်ထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဒီ သွင်းဂိုးတွေ ၊ ဂိုးဖန်တီးနိုင်စွမ်းတွေကို ကြည့်မယ်ဆိုရင် အသက်အရွယ်ဆိုတာ ဆာလပ်စ် အတွက်ကတော့ ကိန်းဂဏန်း တစ်ခုသက်သက်ပါပဲ ။
အသင်းတိုင်းရဲ့ ခံစစ် ကစားသမားတွေနဲ့ ဂိုးသမားတွေ အတွက် ဆာလပ်စ်က ကြောက်စရာအကောင်းဆုံး အိမ်မက်ဆိုး တစ်ခုလို ဖြစ်စေခဲ့ပါတယ်။ ဒီနှစ်ဘောလုံး ရာသီမှာ ဆာလတ်က လူငယ်ခြေတက် ကစားသမားပေါင်းများစွာနဲ့ အပြိုင် ကြမ်းပြရမ်းပြနေတာဖြစ်ပြီး ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို ရရှိဖို့အတွက် ပွဲလက်ကျန် ၉ ပွဲ ကျန်ရှိတဲ့ အချိန်မှာ ဒုတိယနေရာမှာ ရှိတဲ့ ဟာလန်းကို ၆ ဂိုးအထိ ဖျက်ထားနိုင်ခဲ့ပြီး ရွှေဖိနပ်ဆု ရရှိဖို့ အတော်လေး နီးစပ်နေတဲ့ အခြေအနေ တစ်ရပ်မှာ ရှိနေတာပဲဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ နှစ်ရှည်လများ ကျင်လည်ခဲ့တဲ့ မိုဆာလပ်စ်က ပရီးမီးယားလိဂ် ရဲ့ ခံစစ်ကစားပုံ အကြောင်းကို ကောင်းကောင်းနားလည်နေတဲ့ မိုဆာလပ်စ်လို ကစားသမားမျိုးအတွက်က ဂိုးသွင်းဖို့က အရမ်းကိုခက်ခဲတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ လီးပါပူး အသင်း ရဲ့ တိုက်စစ်ကို အဓိက ဦးဆောင်နေတဲ့ ဆာလတ်က အသက်ကြီးပေမယ့် နှစ်ချို့ဝိုင်ဖြစ်တယ်ဆိုတာ လက်ကို လက်ခံရမယ့် ကိစ္စတစ်ခုလည်းဖြစ်ပါတယ်။
အခုတင်ဆက်ပေးသွားတာကတော့ အသက်အရွယ်ကြောင့် ခြေစွမ်းပိုင်းက ကျဆင်းမသွားပဲ ကစားသမား ဘဝတစ်လျောက် ရရှိခဲ့တဲ့ အတွေ့အကြုံတွေနဲ့ အကောင်းဆုံးတောက်ပပြနေတဲ့မိုဟာမက်ဆာလပ်စ်အကြောင်းပဲဖြစ်ပါတယ်။အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#mohamedsalah
#premierleague
#chelsea
#liverpool
#striker
LATEST NEWS


Today I would like to tell you about the 10 most valuable full-back players in the world of football.

Today I would like to tell you about the best attacking duo Chelsea have ever had.
.png)