မော်ရင်ဟိုခေတ် ချဲယ်လ်ဆီးအသင်းပြန်လည်ဦးမော့လာခြင်း

ချဲယ်လ်ဆီး အသင်း အကြောင်းကို ပြောမယ်ဆိုရင် ချန်ထားလို့မရတဲ့ လူနှစ်ယောက်ရှိပါတယ်။ အဲ့ဒိ လူတွေကတော့ ချယ်ဆီး အသင်းရဲ့ အသင်းပိုင်ရှင်ဟောင်းဖြစ်တဲ့ အီဗရာ မိုဗစ်နဲ့ နည်းပြဟောင်း တစ်ဦးဖြစ်တဲ့ စပယ်ရှယ် ဝမ်း လို့ သတ်မှတ်ကြတဲ့ နည်းပြကြီး ဟိုဆေး မော်ရင်ဟိုပဲဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်း နဲ့ အာဆင်နယ် အသင်းတို့ ကြီးစိုးနေတဲ့ ကာလတစ်ခုမှာ အသင်းပိုင်ရှင် အီဗရာ မိုဗစ်က အသင်းချစ်စိတ် တစ်ခုထဲနဲ့ အသင်းကို ဟိုးအောက်ခြေကနေ ပြောင်းလဲ ပြင်ဆောင်မှုပေါင်းများစွာကိုလုပ်ပေးခဲ့ပါတယ်။ ပေါ်တိုလို အသင်းမျိုးနဲ့ ချန်ပီယံလိဂ် ဖလားဆွတ်ခူးပြီး ဘောလုံးလောကကို လှုပ်လှုပ်ခက်ခက် ဖြစ်သွားအောင် ပြုလုပ်ခဲ့တဲ့ နည်းပြကြီး မော်ရင်ဟိုကို စတန်းဖို့ဒ် ဘရစ်ကို အရောက်ခေါ်ဆောင်နိုင်ခြင်းက ချယ်ဆီး အသင်းကို ဥရောပအသင်းကြီး တစ်သင်းအဖြစ်ပြောင်းလဲနိုင်ခြင်းရဲ့ အဓိက အကြောင်းအရင်းတစ်ချက်လဲဖြစ်ပါတယ်။
မော်ရင်ဟိုက မန်ချက်စတာယူနိုက်တက် အသင်းနဲ့ အာဆင်နယ်အသင်းတို့ ကြီးစိုးနေတဲ့ ခေတ်တစ်ခုမှာ ချယ်ဆီး အသင်းနာမည်ကို ရွှေရောင် စာသားနဲ့ ရေးထိုးနိုင်အောင် အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ခဲ့တယ်။ နာမည်ကျော် ကစားသမားပေါင်းများစွာနဲ့ အသင်းကို တည်ဆောက်ခဲ့တာမျိုးမဟုတ်ပဲ သူလိုချင်တဲ့ ကစားသမားတွေနဲ့သာ အသင်းကို ကျစ်ကျစ်လစ်လစ်နဲ့ အကောင်းဆုံး အသင်းတစ်သင်းဖြစ်အောင်တည်ဆောက်ပြီး ဆုဖလားပေါင်းများစွာကို သိမ်းပိုက်ပြခဲ့တာပဲဖြစ်ပါတယ်။ ချယ်ဆီး အသင်းကို လူရိုသေရှင်ရိုသေ အသင်းတစ်သင်းဖြစ်အောင် တည်ဆောက်ပေးခဲ့ပြီး ချယ်ဆီး အသင်းကို ကိုင်တွယ်ပြီး သိပ်မကြာခင်မှာပဲ ပရီးမီးယားလိဂ် ဖလားကို အကောင်းဆုံးဆွတ်ခူးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ မော်ရင်ဟို လက်ထပ် ချယ်ဆီး အသင်းရဲ့ ခံစစ်က သိသိသာသာ တိုးတက်လာခဲ့ပြီး ခံစစ်ကစားသမားတွေဖြစ်တဲ့ ဂျွန်တယ်ရီနဲ့ ကာဗယ်ဟိုတို့ အတွဲက ကမ္ဘာ့အကောင်းဆုံးခံစစ်အတွဲတွေထဲက တစ်တွဲပဲဖြစ်ပါတယ်။
မော်ရင်ဟိုက ချယ်ဆီး အသင်းကို ရောက်ရောက်ချင်းဘောလုံးရာသီမှာပဲ ကားရင် ဖလား အပြင် ချယ်ဆီး အသင်း ရဲ့ နှစ်၅၀ အတွင်း ပထမဆုံး ပရီးမီးယားလိဂ်ဖလားကို ရမှတ် ၉၅ မှတ်နဲ့ ရယူပေးခဲ့ပါတယ်။ အဲ့ရာသီ တစ်ရာသီလုံးမှာပေးဂိုး ၁၅ ဂိုးသာခွင့်ပြုခဲ့ရပြီး အကောင်းဆုံး ခံစစ် မှတ်တမ်းတွေနဲ့ အတူ ပရီးမီးယာလိဂ် ဖလားကို ရယူပေးခဲ့နိုင်ပါတယ်။ အဲ့နောက် FAဖလားချန်ပီယံ ဖြစ်ခဲ့တဲ့ အာဆင်နယ် အသင်းနဲ့ FA ကွန်မြူနတီ ဖလားအတွက် ရင်ဆိုင်ခဲ့ရပြီး လန်ဒန်ပြိုင်ဘက် အာဆင်နယ် အသင်းကို ၂ဂိုး ၁ ဂိုးဖြစ် အနိုင်ယူပြီး FA ကွန်မြူနတီ ဖလားကိုလည်း သိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ မော်ရင်ဟို လက်ထပ် တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ကောင်းတွေကို ပြသနိုင်ခဲ့တဲ့ ချယ်ဆီး အသင်းက နောက်ရာသီ ပရီးမီးယားလိဂ် ဖလားကိုလည်းနောက်တစ်ကြိမ်း ထပ်မံသိမ်းပိုက်ပြပြီး ချယ်ဆီး အသင်းက ဥရောပ အဆင့်မှီ အသင်းကြီးတစ်သင်းဖြစ်တယ်ဆိုတာက ဥရောပ ရပ်ဝန်းထံ ကြော်ငြာနိုင်ခဲ့တာပဲဖြစ်ပါတယ်။
မော်ရင်ဟိုက ချယ်ဆီး အသင်းနဲ့ အတူ ပရီးမီးယားလိဂ် ဖလား ၃ ကြိမ် ၊ FA ဖလားတစ်ကြိမ် ၊ FA ကွန်မြူနတီး ဒိုင်း ၁ ကြိမ် နဲ့ ကားရင်း ဖလား ၃ ကြိမ် တို့ကို ဆွတ်ခူးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဆုဖလားအောင်မြင်မှုတွေနဲ့ ဝေးကွာနေတဲ့ ချယ်ဆီး အသင်းကို လူရိုသေ ရှင်ရိုသေ အသင်းတစ်သင်းဖြစ်လာခဲ့တာတွေက နည်းပြကြီး မော်ရင်ဟိုကြောင့်လို့ပြောရင်း ငြင်းလို့မရပါဘူး။ ချယ်ဆီး အသင်း ပရိတ်သတ်တွေအတွက် မော်ရင်ဟိုဆိုတာ သူတို့ရင်ထဲမှာ အကောင်းဆုံးနည်းပြတစ်ယောက်ဖြစ်ပါတယ်။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီး တင်ရှိပါတယ်။
#mmmedia
#mourinho
#chelsea
#coach
#premierleague
LATEST NEWS



Today I would like to tell you about the 10 most valuable full-back players in the world of football.

Today I would like to tell you about the best attacking duo Chelsea have ever had.