ဆူပါလပ် လိုကစားသမားမျိုးတောင် အမှောက်ထိုးနိုင်ခဲ့တဲ့ One Championship ရဲ့ ကြားဖြတ်ရွှေခါးပတ်ပိုင်ရှင် နာဘီလ်

နာဘီလ် ဆိုတာကတော့ အခုနောက်ပိုင်း နိုင်ပွဲတွေကို ဆက်တိုက်ရလာပြီး One Championship ရဲ့ အတောက်ပဆုံး ကြယ်ပွင့်တစ်ပွင့်လည်းဖြစ်ပါတယ်။ နာဘီလ်က One Championship မှာ မထိုးသတ်ခင်တုန်းက မြန်မာ့ ရိုးရာ အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ WLC နဲ့ အတူ စတင်ပေါ်ထွက်လာခဲ့တဲ့ ကြယ်ပွင့်တစ်ပွင့်လည်းဖြစ်ပါတယ်။ နာဘီလ် ကို ၂၀၀၄ ခုနှစ် ဧပြီ လ ၃၀ ရက်နေ့မှာ ထိုင်းနိုင်ငံ ပတ္တရားမှာ မွေးဖွားခဲ့တာပဲဖြစ်ပါတယ်။ နာဘီလ် က ကိုယ်ခံပညာတော်တော်များများကို အသက်ငယ်စဥ်ကတည်းက လေ့လာခဲ့တာပဲဖြစ်ပါတယ်။ နာဘီလ် တစ်ယောက် အသက် ၇ နှစ် အရွယ်ထဲက တိုက်ကွမ်ဒို နဲ့ ကရာတေး စတဲ့ ကိုယ်ခံပညာရပ်များကို လေ့လာဆည်းပူးခဲ့ပြီး အသက် ၁၁ နှစ် မှာတော့ မွေ့ထိုင်းပညာရပ်ကိုစတင်လေ့လာသင်ယူထားခဲ့တာပဲဖြစ်ပါတယ်။
၂၀၂၀ ခုနှစ်တုန်းက WLC 12 ပွဲစဥ်မှာ မြန်မာကစားသမား စောဖိုးခွားနဲ့ ယှဥ်ပြိုင်ထိုးသတ်ခဲ့ပြီး စောဖိုးခွား ဘာမှ လုပ်လို့မရအောင်ကို နာဘီလ် က အသာစီးအနိုင်ယူခဲ့တာပဲဖြစ်ပါတယ်။ WLC အဖွဲ့အစည်း ရပ်ဆိုင်းသွားတဲ့ အချိန်ရောက်မှသာ နာဘီလ် တစ်ယောက် ထိုင်းနိုင်ငံရဲ့ ခါးပတ်ပြိုင်ပွဲ တစ်ချို့ကို ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး သူ့ရဲ့ ကောင်းမွန်တဲ့ အရည်အချင်းတွေကြောင့်ပဲ One Championship နဲ့ အချိန်တစ်ခုအတွင်းမှာပဲ စာချုပ်ချုပ်ဆိုနိုင်ခဲ့တာပဲဖြစ်ပါတယ်။ One Championship ရဲ့ ပထမဆုံး ပွဲစဥ်အဖြစ် စူပါလပ် လိုမျိုး သဘာရင့် ဝါရင့် ကစားသမား နဲ့ ပြိုင်ခဲ့ရပြီး ရှုံးပွဲ နဲ့ ရင်ဆိုင်ခဲ့ရတာပဲဖြစ်ပါတယ်။ နာဘီလ် ရဲ့ အရပ်က ၆ ပေ ၄ လက်မအထိ ရှိပြီး အခြားဖိုက်တာတွေထက် ခေါင်းတစ်လုံးပိုမြင့်နေပြီး REACH ကလည်း အခြားဖိုက်တာတွေထက် တော်တော်လေး သာနေတာကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ နာဘီလ် က သူ့ရဲ့ အဓိက အားသာချက်ကို အသုံးချပြီး ထိုးသတ်ခဲ့ပေမယ့်လည်း စူပါလပ်လို ကစားသမား မျိုးက ပြိုင်ပွဲ တစ်ပွဲကို ဘယ်လိုအနိုင်ယူရမယ်၊ ဘယ်လို ချဥ်းကပ်ရမယ်ဆိုတာ ကောင်းကောင်းသိတဲ့ ဝါရင့် ကစားသမား တစ်ယောက် ကတော့ သူ့ရဲ့ သဘာ နဲ့ ဝါ ကို အကောင်းဆုံးအသုံးချကာ နာဘီလ်ကို ကောင်းကောင်းကြီး အနိုင်ယူခဲ့တာပဲဖြစ်ပါတယ်။
နာဘီလ် ရဲ့ အောင်မြင်ခြင်းလမ်းအစလို့ပဲပြောရမလား နာဘီလ်က စူပါလပ်ကို ရှုံးပြီးကတည်းက စူပါလပ် ကောင်းကောင်းပြသခဲ့တဲ့ Body Shot တွေကို ပြင်ဆင်ခဲ့ပြီး သူ့ရဲ့ အားသာချက်တွေကို အကောင်းဆုံးအသုံးချတက်အောင်ပြင်ဆင်ခဲ့တာပဲဖြစ်ပါတယ်။ နောက်ပိုင်းပြိုင်ပွဲတွေမှာ နာဘီလ် ရဲ့ ဒူးတိုက်ချက်တွေ တံတောင် ရိုက်ချက်တွေက ပြိုင်ဘက်တွေ အတွက် အိမ်မက်ဆိုးဖြစ်စေခဲ့တာပဲဖြစ်ပါတယ်။ နာဘီလ် က သူ့ရဲ့ ရှုံးပွဲ ပြီးကတည်းက အကောင်းဆုံးတိုးတက်ကောင်းမွန်လာခဲ့တဲ့ ဖိုက်တာတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ အားနည်းချက်တော်တော်များများကိုပြင်ဆင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။အဲ့နောက် ကြားဖြတ် ONE Bantamweight မွေထိုင်းချန်ပီယံ ပြိုင်ပွဲမှာ နီကို ကာရီလို ကြောက်စရာကောင်းတဲ့ ဖိုက်တာနဲ့ ရင်ဆိုင်ခဲ့ရပြီး နာဘီလ်က ဘယ်သူမှ မထင်ထားလောက်အောင် နီကို လို ဖိုက်တာမျိူးကို ပထမ အချီမှာပဲ အလဲထိုးအနိုင်ယူပြခဲ့တာပဲဖြစ်ပါတယ်။ ဘယ်သူမှ မထင်မှတ်ထားလောက်အောင် အချိန်တိုတိုလေးအတွင်းမှာပဲ တိုးတက်လာခဲ့တာပဲဖြစ်ပါတယ်။ နာဘီလ်ကသူ့ရဲ့ အားသာချက်တွေကို အကောင်းဆုံး အသုံးချနိုင်လာခဲ့ပြီး ONE Bantamweight မွေထိုင်းချန်ပီယံ တစ်ယောက်ဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။
နာဘီလ်က သူ့ရဲ့ အားနည်းတဲ့ BODY ပိုင်း ဝင်လုံးတာတွေကို ပြင်ဆင်နိုင်ခဲ့တယ်။ နာဘီလ် ရဲ့ REACH က အခြားကစားသမားတွေထက်သာတဲ့အပြင် distance ပိုင်းတွေ ၊ ဆုံးဖြတ်ချက် တွေကို ကောင်းကောင်းချလာနိုင်တယ်။ အဲ့လို အများကြီးတိုးတက်လာခဲ့တဲ့ လူငယ်ဖိုက်တာလေးက သူ့ကိုအနိုင်ယူဖူးတဲ့ စူပါလပ်လို ကစားသမားမျိူးကို ပြန်လည်စိန်ခေါ်ခွင့်ရရှိခဲ့တယ်။ အဲ့ဒိ ပွဲစဥ်မှာတော့ နာဘီလ် က သူရပထမဆုံး one ပွဲစဥ်လို စူပါလပ်ရဲ့ ထိုးချက်တွေသာ လက်ခံတဲ့ပုံစံမဟုတ်တော့ပဲ သူ့ရဲ့ အကောင်းဆုံး ပုံစံတွေနဲ့ စူပါလပ်လို ကစားသမားကို ရုန်းကန်အောင်ပြုလုပ်နိုင်ခဲ့တယ်။ အဲဒိ ပွဲစဥ်မှာ နာဘီးလ် က စူပါလတ်ကို ဘယ်သူမှ မထင်မှတ်ထားလောက်အောင် အလဲလဲ အကွဲကွဲ ဖြစ်အောင်ကို အဘက်ဘက် က အနိုင်ယူနိုင်ခဲ့တယ်။ စူပါလပ်ကို အနိုင်ယူပြီး ကတည်းက နာဘီလ် ရဲ့ ဒူးတိုက်ချက်တွေ ၊ ကန်ချက်တွေ ၊ သူရဲ့ အားသာချက်ကို အသုံးချနိုင်မှုတွေက ဘယ်လောက်ကြောက်ဖို့ကောင်းလဲ ဆိုတာကိုတကမ္ဘာလုံးကို ပြသနိုင်ခဲ့တာပဲဖြစ်ပါတယ်။
အဲ့ပွဲ ပြီးကတည်းက နာဘီလ် ကို ရင်ဆိုင်နိုင်မယ့် ဖိုက်တာက တော်တော်လေးရှားသွားခဲ့ပြီး နာဘီလ်က ONE Bantamweight မွေထိုင်း ရဲ့ အကောင်းဆုံးဖိုက်တာဖြစ်တယ်လို့ လူအများက သတ်မှတ်ခဲ့ကြတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါ ဒီနေ့တင်ဆက်ပေးသွားတာကတော့ အသက်အရွယ် ငယ်ငယ်လေးက ကိုယ့်ရဲ့ အားနည်းချက်ကို အားသာချက်အဖြစ်ပြောင်းလဲပြီး အကောင်းဆုံးပါဆိုတဲ့ ဖိုက်တာတွေကို အနိုင်ယူပြီး ပြိုင်ဆိုင်ရှားတစ်ဦးဖြစ်လာတဲ့ နာဘီလ် အကြောင်းပဲဖြစ်ပါတယ်။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#nabilanane
#kickboxer
#onechampionship
#wlc
LATEST NEWS


Today I would like to tell you about the 10 most valuable full-back players in the world of football.

Today I would like to tell you about the best attacking duo Chelsea have ever had.
.png)