နေဝင်ချိန်စောလွန်းခဲ့တဲ့တစ်ချိန်ကချဲယ်လ်ဆီးအသင်းရဲ့ အကောင်းဆုံးကစားသမား ဟာဇတ်

ဟာဇက်ဟာ အသက် 𝟏𝟔 နှစ် 𝟐𝟎𝟎𝟕 ခုနှစ်တွင် လီဂူးဝမ်း ကလပ် လိုင်လီ တွင် စီနီယာကစားသမားဘဝ ကို စတင်ခဲ့ပြီးမကြာမီ နည်းပြ ရူဒီဂါစီယာ လက်ထက်မှာ လိုင်လီအသင်းရဲ့အရေးပါသောကစားသမား ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ ပထမဆုံးရာသီတွင် လီဂူးဝမ်း တစ်နှစ်တာအကောင်းဆုံး လူငယ်ကစားသမားဆုကို ပထမဆုံးရရှိခဲ့သည့် ပြင်သစ်မဟုတ်သည့်ကစားသမားဖြစ်လာခဲ့ပြီး နောက်ရာသီတွင် သူသည် နှစ်ကြိမ်တိုင်တိုင် ချန်ပီယံဆုရရှိသည့် ပထမဆုံးကစားသမား ဖြစ်လာခဲ့သည်။ 𝟐𝟎𝟏𝟎-𝟏𝟏 ရာသီတွင် ဟာဇက်ဟာ လိဂ်ဖလားနှင့် ပြည်တွင်းဖလားနှစ်ခုလုံး ရရှိခဲ့ပြီး သူရဲ့ စွမ်းဆောင်ရည်များကြောင့် တစ်နှစ်တာ အကောင်းဆုံး လီဂူးဝမ်း ကစားသမားဆုကို ရရှိသည့် အသက်အငယ်ဆုံး ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
လိုင်လီအသင်းအတွက် ပွဲပေါင်း 𝟏𝟗𝟎 ကျော်ကစားကာ ဂိုး 𝟓𝟎 သွင်းယူပြီးနောက် ဟာဇက်ဟာ 𝟐𝟎𝟏𝟐 ခုနှစ် ဇွန်လတွင် ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးသို့ ပြောင်းရွှေ့လာခဲ့သည်။ ၎င်း၏ပထမရာသီတွင် ယူအီးအက်ဖ်အေယူရိုပါလိဂ် နှင့် 𝐏𝐅𝐀 တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုတွင် ဒုတိယရရှိခဲ့ပါတယ်။ 𝟐𝟎𝟏𝟒-𝟏𝟓 ရာသီတွင် ဟာဇက်သည် ချယ်လ်ဆီးအသင်းအား လိဂ်ဖလား နှင့် ပရီးမီးယားလိဂ် တို့ကို ဆွတ်ခူးနိုင်ခဲ့ပြီး 𝐅𝐖𝐀 တစ်နှစ်တာအကောင်းဆုံးကစားသမားနှင့် နှင့် 𝐏𝐅𝐀 တစ်နှစ်တာအကောင်းဆုံးကစားသမားဆုတို့ကို ရရှိခဲ့ပါတယ်။ နှစ်နှစ်အကြာတွင် ချဆီးအသင်းသည် 𝟐𝟎𝟏𝟔-𝟏𝟕 ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့ပြီး သူ့ရဲ့ ဒုတိယမြောက်အင်္ဂလိပ်လိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ 𝟐𝟎𝟏𝟖 တွင် 𝐅𝐀 ဖလားကိုရရှိခဲ့ပြီး 𝐅𝐈𝐅𝐀 𝐅𝐈𝐅𝐏𝐑𝐎 𝐌𝐞𝐧'𝐬 𝐖𝐨𝐫𝐥𝐝 𝟏𝟏 တွင်ပါဝင်ခဲ့သည်။ 𝟐𝟎𝟏𝟗 တွင် ချယ်လ်ဆီးအသင်းနှင့်အတူ ယူရိုပါလိဂ်ဖလား ထပ်မံရရှိခဲ့ပြီး ဖိုင်နယ်တွင် 𝟐 ဂိုးသွင်းခဲ့ပါတယ်။ ချယ်လ်ဆီးမှာ ဟာဇက်ဟာ သူ့ကိုယ်သူ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခဲ့ပြီး 𝟐𝟎𝟏𝟗 ခုနှစ် နွေရာသီတွင် ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ကြေး ယူရို သန်း 𝟏𝟓𝟎 ဖြင့် ရောက်ရှိလာခဲ့ပြီး သူရဲ့ပြောင်းရွှေ့ကြေးဟာ အမြင့်ဆုံးပြောင်းရွှေ့ကြေးများထဲမှ တစ်ခုလည်းဖြစ်ခဲ့ပါတယ်။ သို့သော်လည်း ဒဏ်ရာပြဿနာများ၊ စွမ်းဆောင်ရည်ကျဆင်းလာခြင်းနှင့် ကြံ့ခိုင်မှုအားနည်းခြင်းများကြောင့် သူဟာကစားပွဲများကိုအကန့်အသတ်နဲ့သာ ကစားစေရပြီး 𝟐𝟎𝟐𝟑 ခုနှစ် ဇွန်လတွင် ကလပ်မှထွက်ခွာကာ လေးလအကြာတွင်ပင် ပရော်ဖက်ရှင်နယ်ဘောလုံးလောက ကနေအပြီးတိုင်အနားယူခဲ့ပါတယ်။
လူငယ်အဆင့်အသီးသီးတွင် နိုင်ငံကိုယ်စားပြုကစားခဲ့ပြီး ဟာဇက်သည် အသက် 𝟏𝟕 နှစ်အရွယ် 𝟐𝟎𝟎𝟖 ခုနှစ် နိုဝင်ဘာလတွင် ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းအတွက် အကြီးတန်းပွဲဦးထွက်ကို ကစားခဲ့သည်။ သူဟာ နိုင်ငံအတွက်ပွဲပေါင်း 𝟏𝟐𝟔 ပွဲကျော်ကစားခဲ့ပြီး 𝟐𝟎𝟏𝟒 ဖီဖာကမ္ဘာ့ဖလား၊ ယူရို 𝟐𝟎𝟏𝟔 နှင့် ယူရို 𝟐𝟎𝟐𝟎 တို့တွင် ကွာတားဖိုင်နယ်သို့ရောက်ရှိအောင်အသင်းနှင့်အတူစွမ်းဆောင်နိုင်ခဲ့ပါတယ်။ 𝟐𝟎𝟏𝟖 ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဘယ်လ်ဂျီယံကိုသမိုင်းဝင်စေတဲ့ တတိယနေရာကို ရရှိခဲ့ပြီး ပြိုင်ပွဲရဲ့ ဒုတိယအကောင်းဆုံးကစားသမားအဖြစ်ငွေဘောလုံးဆုကိုရရှိခဲ့ပါတယ်။ 𝟐𝟎𝟏𝟓 မှ 𝟐𝟎𝟐𝟐 ခုနှစ်အထိ၊ ဘယ်လ်ဂျီယံအသင်းရဲ့အသင်းခေါင်းဆောင်အဖြစ် ပထမဆုံးအကြိမ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ဟာဇက် ကို 𝟏𝟗𝟗𝟏 ခုနှစ် ဇန်နဝါရီလ 𝟕 ရက်နေ့ လာလူဗီရီ တွင်မွေးဖွားခဲ့ပါတယ်။ သူ့အမေ ကာနီ နှင့် အဖေ သီရာရီ နှစ်ယောက်လုံးက လည်းဘောလုံးသမားတွေပါ။ သူ့အဖေသည် အဓိကအားဖြင့် ခံစစ်ကွင်းလယ်ကစားသမားအဖြစ် ကစားခဲ့ပြီး အမေကတော့ ဘယ်လ်ဂျီယံအမျိုးသမီး ပထမတန်းတွင် တိုက်စစ်မှူးတစ်ဦးအဖြစ် ကစားခဲ့ပါတယ်။ သူ့အမေက ဟာဇက် ကိုယ်ဝန်သုံးလ ရှိသောအခါတွင် ဘောလုံးကစားခြင်းကို ရပ်တန့်ခဲ့ပြီးဘောလုံးသမားဘဝပြီးဆုံးတဲ့အခါ သူ့မိဘတွေက အားကစားဆရာတွေဖြစ်ခဲ့ကြပါတယ်။ ဟာဇက် သည် သားသမီးလေးယောက်တွင် အကြီးဆုံးဖြစ်ပြီး သူ့တွင် ဘောလုံးကစားသည့် ညီအစ်ကို သုံးယောက်ရှိပါတယ်။ 𝟐𝟎𝟏𝟐 ခုနှစ်တွင် ချဲယ်လ်ဆီးသို့ ရောက်ရှိလာသော သော်ဂန် အပါအဝင်၊ ဟာဇက်ရဲ့ အခြားညီငယ်များမှာ ကီလီယန် နှင့် အီသန် တို့ဖြစ်သည်။ သူနှင့်သူရဲ့ ညီအစ်ကို သုံးယောက်သည် အားကစားမှာထူးချွန်ရန်အတွက် လိုအပ်သမျှကို မိဘများနှင့်အတူ လေ့လာရလွယ်သောပတ်ဝန်းကျင်မှာကြီးပြင်းခဲ့ပြီး သူ့တို့မိသားစုဟာလည်း ဘောလုံးလေ့ကျင့်ရေးကွင်းနှင့် သုံးမီတာထက်မပိုတဲ့ နေရာမှာတည်ရှိကြပါဝယ်။ သူတို့ရဲ့ 𝐢𝐝𝐨𝐥 ဟာ ပြင်သစ်ကွင်းလယ်လူ ဇီဒန်း ခဲ့ပြီး သူဟာ ဇီဒန်းကို အားပေးရင်းကြီးပျင်းခဲ့သူလည်းဖြစ်ပါတယ်။
ဟာဇက်ဟာ သူ့ရဲ့မွေးရပ်ကလပ် ရွိုင်ရယ်စတိတ်ဘရိန်နွိုက်စ် မှာ လေးနှစ်သားအရွယ်ထဲက ဘောလုံးကစားသမားဘဝကိုစတင်ခဲ့ပါတယ်။ကလပ်တွင်ရှိစဉ်အတွင်းသူ့ရဲ့လူငယ်နည်းပြများထဲမှတစ်ဦးက သူ့ကို ပါရမီရှင်ကစားသမားအဖြစ် သက်မှတ်ခဲ့ပြီး “ သူက အရာရာကိုသိတယ်၊ သူ့ကိုသင်ပေးစရာဘာမှမရှိဘူး" လို့ငယ်စဉ်ထဲကချီးကျူးခံခဲ့ရပါတယ်။ ဒီလိုနဲ့အဲ့ဒီမှာ ရှစ်နှစ်ကြာကစားခဲ့ပြီးနောက် 𝐀𝐅𝐂 တူဘိုက်ဇ် ကိုပြောင်းကာ 𝐀𝐅𝐂 တူဘိုက်ဇ် ရှိစဉ်ဒေသခံပြိုင်ပွဲတစ်ခုကိုကစားနေရင် သူ့အားလိုင်လီက တွေ့ရှိပြီး လိုင်လီဆီကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
အဆုံးသတ်ရရင် ဟာဇက်ရဲ့ကစားသမားဘဝဟာ ဒဏ်ရာတွေသာမနှိပ်စက် ခဲ့ရင် ရွှေဘောလုံးဆုတစ်ခုလောက်နဲ့အနည်းဆုံးတွဲမြင်ခဲ့ရမှာသေချာနေခဲ့ပါတယ်။
#k9mmmedia
#Ligue1
LATEST NEWS


Today I would like to tell you about the 10 most valuable full-back players in the world of football.

Today I would like to tell you about the best attacking duo Chelsea have ever had.
.png)