အဆုတ် 𝟑 ခုနဲ့လူသား ပက်ဂျီဆန်ရဲ့ ဘဝဇာတ်ကြောင်း

ပက်ဂျီဆန် သည် ဘောလုံးသမိုင်းတစ်လျှောက်အကြီးကျယ်ဆုံးနှင့် အအောင်မြင်ဆုံးသော အာရှကစားသမားများထဲမှ တစ်ဦးဖြစ်ပြီး သူ့ရဲ့ကစားသမားဘဝတွင် ဆုဖလားပေါင်း 𝟏𝟗 လုံးထိရရှိခဲ့သူဖြစ်ပါတယ်။ သူဟာ ယူအီးအက်ဖ်အေချန်ပီယံလိဂ်ဖိုင်နယ်ကို ပထမဆုံးကစားခဲ့တဲ့၊ ပထမဆုံးရခဲ့တဲ့အာရှသာကစားသမားဖြစ်တဲ့အပြင် ဖီဖာကလပ်ကမ္ဘာ့ဖလား ကိုလည်းဆွတ်ခူးနိုင်သော ပထမဆုံး အာရှသားဖြစ်ခဲ့ပါတယ်။ သူသည် ကွင်းလယ်နေရာတိုင်းတွင်ကစားနိုင်ပြီး မမောတမ်းမပန်းတမ်း ဆော့ကစားနိုင်သူမို့ အဆုတ် 𝟑 ခုနဲ့လူသားဟုပင် အမည်ပြောင်ပေးခြင်းခံထား ရသူဖြစ်ပါတယ်။ ဒါ့အပြင် သူရဲ့ထူးခြားသောကြံ့ခိုင်မှုနှင့် အလုပ်ကြိုးစားမှုတွေကြောင့် လည်းထင်းရှားသူပါ။
ပက်ဂျီဆန်သည် သူ့ရဲ့ဇာတိတောင်ကိုရီးယားတွင် ကစားသမားဘဝကိုစတင်ခဲ့ပြီး ကျိုတိုပါပယ်ဆန်ဂါ အသင်းအတွက်ကစားရန်ဂျပန်နိုင်ငံသို့မပြောင်းမီ တက္ကသိုလ်ဘောလုံးအသင်းတွင်ကစားခဲ့ပါတယ်။ သူ့ရဲ့ နိုင်ငံလက်ရွေးစင်အသင်းနည်းက ပီအက်စ်ဗွီ အသင်းကိုကိုင်တွယ်ရန်နယ်သာလန်သို့ ရောက်ရှိပြီးနောက် တစ်နှစ်အကြာမှာပဲ သူဟာသူ့ဆရာဖြစ်သူနှင့်ပီအက်စ်ဗွီအသင်း မှာပူးပေါင်းခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက် နည်းပြ ဆာအဲလက်စ် ဖာဂူဆန်က သူ့အရည်အချင်းများကိုသတိမထားမိခင် သူသည် ပီအက်စ်ဗွီ နှင့်အတူ 𝟐𝟎𝟎𝟒-𝟎𝟓 ခုနှစ် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်သို့တက်လှမ်းနိုင်ခဲ့ကာ၊ ပြည်တွင်းအမှတ်ပေးဖလား 𝟐 လုံး ၊ 𝐊𝐍𝐕𝐁 ဖလား နှင့် ဂျိုဟန်ခရွိုက်ဒိုင်း တို့ကိုရရှိခဲ့ပါတယ်။
𝟐𝟎𝟎𝟓 ၊ ဇူလိုင်လတွင် မန်ချက်စတာယူနိုက်တက်အသင်းသို့ ပေါင် 𝟒 သန်းဝန်းကျင်ဖြင့် ပြောင်းရွှေ့လာခဲ့ပြီး ယူနိုက်တက်နှင့်အတူ ပရီးမီးယားလိဂ်ဖလား 𝟒 ကြိမ်၊ ချန်ပီယံလိဂ်ဖလား နှင့် ဖီဖာကလပ် ကမ္ဘာ့ဖလားများအပါအဝင် ဆုဖလားပေါင်း 𝟏𝟏 လုံး ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အသင်းနဲ့အတူ 𝟕နှစ် ကြာဖြတ်သန်းပြီးနောက် 𝟐𝟎𝟏𝟐 မှာ ကျူပီအာအသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ ဒါပေမဲ့ ကျူပီအာအသင်းမှာ ဒဏ်ရာပြဿနာတွေနဲ့လုံးပန်းခဲ့ရပြီး အသင်းကလည်းတန်းဆင်းခဲ့ရပြီးနောက် 𝟐𝟎𝟏𝟑-𝟏𝟒 ရာသီတွင်း ပီအက်စ်ဗွီ သို့အငှားဖြင့်ပြန်လည် ရောက်ရှိခဲ့ကာ ဒူးဒဏ်ရာကြောင့် ရာသီကုန်ပြီးမကြာခင်မှာပဲကစားသမားဘဝကနေအနားယူ သွားခဲ့ပါတယ်။
တောင်ကိုးရီယားလက်ရွေးစင်အသင်းသားတစ်ဦးအနေဖြင့် ပက်ဂျီဆန်သည် အသင်းအတွက် ပွဲ 𝟏𝟎𝟎 ကစားပေးခဲ့ပြီး 𝟏𝟑 ဂိုးသွင်းယူပေးခဲ့ပါတယ်။ သူဟာ 𝟐𝟎𝟎𝟐 ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲတွင်အသင်းသားတစ်ဦးဖြစ်ခဲ့ပြီး၊ 𝟐𝟎𝟎𝟔 ခုနှစ် ဖီဖာကမ္ဘာ့ဖလားနှင့် 𝟐𝟎𝟏𝟎 ဖီဖာကမ္ဘာ့ဖလားတို့အတွက်လည်း ပါဝင်ကိုယ်စားပြုခဲ့ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားအဖြစ် 𝟒 ကြိမ်တိုင်တိုင် သတ်မှတ်ခံခဲ့ရပြီး ဒီမှတ်တမ်းဟာမည်သည့်အာရှကစားသမားတိုင်းထက်မဆို အများဆုံးကစားသမားဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် အန်ဂျန်းဝှမ် နှင့် ဆွန်ဟောင်မင်တို့နှင့်အတူ ကမ္ဘာ့ဖလားပြိုင်ပွဲ 𝟑 ခုတွင် သွင်းဂိုး 𝟑 ဂိုးဖြင့် ဂိုးသွင်းယူနိုင်သည့်ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
ပက်ဂျီဆန်ကို မတ် 𝟑𝟎 ၊ 𝟏𝟗𝟖𝟏 တွင် တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့တွင် မွေးဖွားခဲ့ပါတယ်။ ကျောင်းတက်နေစဉ်တွင်သူသည် တောင်ကိုရီးယားတွင် အလားအလာအရှိဆုံး လူငယ်ပါရမီရှင်တစ်ဦးအဖြစ် အာရုံစိုက်ခံခဲ့ရပြီး ကလပ်အများအပြားမှကင်းထောက်ခံခဲ့ရကာ သူ့ရဲ့ အလွန်ကောင်းမွန်သော လုပ်အားနှုန်း၊ ဘောလုံးဆွဲယူမှုပုံစံ နှင့် ဘောလုံးပေးပို့ပုံတွေကြောင့် လူသိများခဲ့ပါတယ်။သို့သော် အလယ်တန်းကျောင်းတက်ပြီးနောက် သူရဲ့သေးငယ်သော ခန္ဓာကိုယ်အချိုးအစားကသူ့ရဲ့အဓိကအားနည်းချက်ဖြစ်ခဲ့သည်။ အထက်တန်းကျောင်းတက်နေစဉ်တွင် သူသည် အထက်တန်းကျောင်းပြိုင်ပွဲ 𝟏𝟗𝟗𝟖 ခုနှစ် ကိုရီးယားအမျိုးသားအားကစားပွဲတော်တွင် သူ့ရဲ့အထက်တန်းကျောင်းကိုပြိုင်ပွဲတွင် အနိုင်ရရှိအောင် ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း အကောင်းသေးတာကြောင့် ပရော်ဖက်ရှင်နယ်ကလပ်တွေနဲ့ တက္ကသိုလ်အသင်းတွေရဲ့ပယ်ချခြင်းခံခဲ့ရပါတယ်။ ဒါပေမဲ့သူ့ဆရာတွေရဲ့ မှတ်ချက်ပေးမှုဖြင့် မြွန်းဂျီတက္ကသိုလ်တွင်ကစားခွင့်ရခဲ့ပါတယ်။
ဇန်နဝါရီ 𝟏𝟗𝟗𝟗 တွင် သူရဲ့တက္ကသိုလ်အဖွဲ့အသင်းသည်တောင်ကိုးရီးယားအိုလံပစ်အသင်းနှင့် လေ့ကျင့်ခွင့်ရခဲ့ပြီး သူ့ရဲ့ ခမ်းနားသော စွမ်းဆောင်ရည်များ ပြသပြီးနောက်တွင် တောင်ကိုရီးယား လက်ရွေးစင်နှင့် အိုလံပစ်အသင်းရဲ့ နည်းပြရဲ့ အာရုံစိုက်မှုကို ခံခဲ့ရပါတယ်။ ထို့နောက် အိုလံပစ်အဖွဲ့ရဲ့ ပဏာမအဖွဲ့ဝင်ဖြစ်လာပြီး နောက်ဆုံးတွင် အသင်းရဲ့အပြီးသတ်ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ 𝟐𝟎𝟎𝟎 ၊ ဧပြီလ 𝟓 ရက်နေ့ လာအိုအသင်းနှင့် 𝟐𝟎𝟎𝟎 𝐀𝐅𝐂 အာစီယံဖလား ခြေစစ်ပွဲမှာတော့ သူဟာ နိုင်ငံအသင်းအတွက်ပွဲဦးထွက်ပါဝင်ခဲ့ပါတယ်။
〰〰〰〰〰〰〰〰〰〰〰〰〰〰〰
𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။
#mmmedia
#ParkJisung
#PSV
LATEST NEWS



Today I would like to tell you about the 10 most valuable full-back players in the world of football.

Today I would like to tell you about the best attacking duo Chelsea have ever had.