ဘောလုံးလောက တားမြစ်ဆေးသုံးစွဲခဲ့ကြတဲ့ ကစားသမားများ

Admin
2mos ago
Sport Articles
ဘောလုံးလောက တားမြစ်ဆေးသုံးစွဲခဲ့ကြတဲ့ ကစားသမားများ

ဘောလုံးလောကတွင် မူးယစ်ဆေးဝါး (Cocaine, Marijuana,) တို့အပါအဝင် အခြား မူးယစ်ဆေးဝါးများ သုံးစွဲမှု နှင့် စွမ်းအင်မြှင့်ဆေး (Performance-Enhancing Drugs - PEDs) သုံးစွဲမှုတို့ကြောင့် နာမည်ကြီးကစားသမားတော်တော်များများ ပြစ်ဒဏ်ခံခဲ့ရ ပါသည်။ တားမြစ်ဆေးသုံးစွဲခဲ့ကြတဲ့ ကစားသမားတွေကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ပွဲပယ်ပြစ်ဒဏ်တွေချမှတ်ခဲ့ ကြပြီး ပြစ်ဒဏ်ခံရတဲ့ ကစားသမားတွေထဲမှာမှ သူတို့ရဲ့ ကစားသမား ဘဝ ကို လက်လွှတ်ဆုံးရှုံးခံခဲ့ရတဲ့ ကစားသမားပေါင်းများစွာရှိသလို ပြန်လည်ရုန်းထ ပြီး အကောင်းဆုံးပုံစံတွေ နဲ့ ပြန်လာနိုင်ခဲ့တဲ့ ကစားသမားများစွာလည်းရှိပါတယ်။ရှိသမျှ ဘောလုံး ကစားသမားတိုင်းကို စစ်ဆေးပြီး ဆေးအောင်တယ် မအောင်ဘူး ဆုံးဖျက်တာမျိုးမဟုတ်ပဲ ဘောလုံးပွဲ တစ်ပွဲပဲဖြစ်ဖြစ် ပြိုင်ပွဲ တစ်ခုခုပဲဖြစ်ဖြစ် တားမြစ်ဆေးစစ်ဆေးတဲ့ အခါမှာ မဲနှိုက်ပြီး ကစားသမားတွေကို တားမြစ်ဆေးစစ်တာပဲဖြစ်ပါတယ်။ တားမြစ်ဆေးစစ် စစ်ဆေးခံရတဲ့ နာမည်စာရင်းမှာ ဘယ်ကစားသမား ပါဝင်မယ်ဆိုတာ ကြိုတင်မသိရတာပဲဖြစ်ပါတယ်။ ဒီနေ့တင်ဆက်ပေးသွားမှာကတော့ တားမြစ်ဆေးသုံးစွဲခဲ့တာကြောင့် ပွဲပယ်ပြစ်ဒဏ်ခံခဲ့ရတဲ့ နာမည်ကြီး ကစားသမား ၅ ယောက်ကို အကြောင်းပဲဖြစ်ပါတယ်။

၁ . ပေါလ် ပေါ့ဘာ

၂၀၂၃ ခုနှစ် စက်တင်ဘာလမှာ ဂျူဗင်တက် အသင်းနဲ့ ပြင်သစ် ကွင်းလယ် ကစားသမား တစ်ဦးဖြစ်တဲ့ ပေါလ် ပေါ့ဘာ ကို တားမြစ်ဆေးစစ်ဆေးတဲ့ အခါ တားမြစ်ဆေးတစ်ခုဖြစ်တဲ့ Testosterone တွေရှိမှုကြောင့် ပေါ့ဘာကို ပွဲပယ်ပြစ်ဒဏ်အဖြစ် ကစားခွင့် ၄ နှစ်အထိ ပိတ်ပင်ခဲ့ကြတာပဲဖြစ်ပါတယ်။ နောက်ပိုင်းမှာ အယူခံဝင်ခဲ့တာကြောင့် ပေါ့ဘာရဲ့ ပွဲပယ်ပြစ်ဒဏ်ကို ၁၈ ထိ လျော့ချပေးခဲ့တာပဲဖြစ်ပါတယ်။

၂ . ရီယို ဖာဒီနန်

မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ အင်္ဂလန် လက်ရွေး အသင်း တို့ရဲ့ အဓိက အားထားရတဲ့ နောက်ခံကစားသမား တစ်ဦးဖြစ်တဲ့ ရီယိုဖာဒီနန်က ၂၀၀၃ ခုနှစ် က တားမြစ်ဆေး စစ်ဆေးခိုင်းတာကို ငြင်းဆန်ခဲ့တာကြောင့် တားမြစ်ဆေး သုံးစွဲတယ်လို့ ယူဆ ခဲ့ကြပြီး ပွဲပယ်ပြစ်ဒဏ် အဖြစ် ၈ လအထိ ပွဲပယ်ပြစ်ဒဏ်ချခံခဲ့ရတာကြောင့် ၂၀၀၄ ယူရို ကစားခွင့်ကို လွဲချော်ခဲ့ရတာပဲဖြစ်ပါတယ်။

၃. အန်ဒရီ အိုနားနား

လက်ရှိ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ အဓိက ဂိုးသမား တစ်ဦးဖြစ်တဲ့ အန်ဒရီ အိုနားနား က ၂၀၂၁ ခုနှစ် အေဂျက် အသင်းမှာရှိခဲ့တဲ့ အချိန်တုန်းက တားမြစ်ဆေးတစ်ခုဖြစ်တဲ့ Furosemide ( Diuretic) ကိုသုံးစွဲခဲ့တာကြောင့် ပွဲပယ်ပြစ်ဒဏ်အဖြစ် ၁၂ အထိ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာပဲဖြစ်ပါတယ်။ အယူခံဝင်ခဲ့တာကြောင့် အိုနားနား ကို ပွဲပယ်ပြစ်ဒဏ် ၁၂ လကနေ ၉ လအထိ လျော့ချပေးခဲ့တာပဲဖြစ်ပါတယ်။ ပွဲပယ်ပြစ်ဒဏ်ပြီးဆုံးသွားချိန်မှာ အေဂျက်အသင်းကို ပြန်လည်ရောက်ရှိလာပြီး တစ်ရာသီကြာ ကစားခဲ့ပြီး ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အင်တာမီလန် အသင်းကိုပြောင်းရွှေ့သွားခဲ့တာပဲဖြစ်ပါတယ်။

၄ . မာရာဒိုနာ

ကမ္ဘာ့ဘောလုံးလောက ရဲ့ အကောင်းဆုံး ကစားသမား တွေထဲ ကတစ်ဦးဖြစ်ပြီး ဘုရားပေးတဲ့လက်တစ်စုံ လို့နာမည်ကြီးတဲ့ မာရာဒိုနာ ကတော့ ကစားသမားဘဝမှာ တားမြစ်ဆေးသုံးစွဲမှုကြောင့် ပွဲပယ်ပြစ်ဒဏ်အဖြစ် ၂ ကြိမ်တိုင်တိုင် ကစားခွင့်ပိတ်ခံခဲ့ရတာပဲဖြစ်ပါတယ်။၁၉၉၁ ခုနှစ်မှာ မာရာဒိုနာက အီတလီ စီးရီးအေ ကလပ်အသင်းတစ်ဖြစ်တဲ့ နာပိုလီ အသင်းမှာ ကစားနေတဲ့ အချိန် တားမြစ်ဆေးစစ်‌ဆေးရာမှာ Cocaine သုံးစွဲမှုကို တွေ့ရှိခဲ့ရတာကြောင့် ၁၅ လ အထိ ကစားခွင့်ပိတ်ခံခဲ့ရတာပဲဖြစ်ပါတယ်။ ဒုတိယ အကြိမ် အဖြစ် ၁၉၉၄ ခုနှစ်မှာ မာရာဒိုနာတစ်ယောက် Ephedrine ဆိုတဲ့ တားမြစ်ဆေး တစ်ခုကို သုံးစွဲခဲ့တာကြောင့် ၁၉၉၄ ကမ္ဘာ့ဖလားပွဲကိုလည်း နောက်တစ်ကြိမ် လွဲချော်ခဲ့ရတာပဲဖြစ်ပါတယ်။

၅. အဒရီးယန်း မူတူ

ရိုမေနီးယား ကစားသမား တစ်ဦးဖြစ်တဲ့ အဒရီးယန်း မူတူ က တိုက်စစ် နဲ့ AM နေရာတွေမှာ အကောင်းဆုံး ကစားနိုင်ပြီး ကစားသမားဘဝ ကို Inter Milan, Parma, Chelsea, Juventus, Fiorentina တို့လို အသင်းတွေမှာ အမြင့်ပျံနိုင်ခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ အဒရီးယန်း မူတူ ကလည်း ကစားသမား ဘဝမှာ တားမြစ်ဆေးသုံးစွဲမှုကြောင့် ၂ ကြိမ် အထိ ပွဲပယ်ပြစ်ဒဏ် ခံခဲ့ရတာပဲဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်မှာ စတန်းဖို့ဒ် ဘရစ် ကို ရောက်ရှိလာခဲ့ပြီး ၂၀၀၄ ခုနှစ်မှာတော့ တားမြစ်ဆေးဖြစ်တဲ့ Cocaine ကို သုံစွဲခဲ့တာကြောင့် ၇ လ အထိပွဲပယ်ပြစ်ဒဏ်ချခံခဲ့ရပြီး ၂၀၁၀ ခုနှစ် ဖီအိုတီးနား အသင်းမှာ ကစားခဲ့တဲ့ အချိန်တုန်းကလည်း တားမြစ်ဆေးတစ်မျိုးဖြစ်တဲ့ Sibutramine ကို ဆေးစစ်ရာမှာတွေ့ရှိခဲ့တာကြောင့် ၉ လ အထိ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာပဲဖြစ်ပါတယ်။

အဆုံးထိဝင်ရောက်ဖတ်ရှူပေးတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။

#mmmedia

#PaulPogba

#RioFerdinand

#AndreOnana

#DiegoMaradona

Leave a reply