အကြိမ် ၂၀ မြောက် ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ လီပါပူး

ဒီရာသီ လီပါပူး အသင်းက သူတို့အသင်းရဲ့ ပဲ့ကိုင်ရှင် ယာဂန် ကလော့ ထွက်ခွာသွားခဲ့တာကြောင့် နည်းပြ အာနေးစလော့နဲ့ လက်တွဲခဲ့တယ်။ အာနေးစလော့ က အခြေကျပြီးသား လီပါပူး ကစားပုံ ၊ ကစားကွက်ကို ထူးထူးခြားခြား ပြောင်းလဲမှုတွေမလုပ်ပဲ အခြေကျပြီးသား ကစားပုံ အတိုင်းကိုသာ ဆက်လက်ကစားစေခဲ့တယ်။ ဒီနှစ်ရာသီ ပရီးမီးယားလိဂ် အသင်းကြီးတော်တော်များများရဲ့ အဆိုးဆုံးရာသီ တစ်ခုဖြစ်ခဲ့တယ်။ ဒီရာသီ ဆုဖလားစိန်ခေါ်နိုင်တဲ့ အသင်းတော်တော်များများ ရလဒ်တွေဆိုးရွာနေတဲ့ အချိန် နည်းပြအသစ်နဲ့ လီပါပူး အသင်းကတော့ အပေါင်းလက္ခဏာဆောင်တဲ့ အပိုင်းတွေကိုသာ တွေ့မြင်ခဲ့ရတယ်။ အာနေးစလော့ရဲ့ အသင်းက နည်းပြဟောင်းကြီး ယာဂန်ကလော့ရဲ့ အသင်းနဲ့ အတော်လေးကိုတူပေမယ့် အချို့အပိုင်းတွေမှာ အာနေးစလော့ရဲ့ အသင်းက ပို အလုပ်လုပ်သလို အချို့အပိုင်းတွေမှာလည်း ကလော့ရဲ့ အသင်းက ပို အလုပ်လုပ်တာကို တွေ့မြင်ရတယ် ။ လီပါပူး အသင်းက ဒီနှစ် ပရီးမီးယားလိဂ် အမှတ်ပေးပြိုင်ပွဲတစ်လျောက်လုံးမှာ တည်ငြိမ်တဲ့ စွမ်းဆောင်ရည် ၊ ရပ်တန့်လို့ မရတဲ့ ခြေစွမ်း ၊ ပြိုင်ဘက် အသင်းတိုင်း ထိန်းချုပ်ဖို့ ခက်ခဲတဲ့ ခြေစွမ်းမျိုးတွေကို ပြသနိုင်ခဲ့တယ်။
အားနေးစလော့ က လီပါပူး အသင်းကို ကိုင်တွယ်တဲ့ ပထမဆုံးရာသီမှာပဲ ပရီးမီးယားလိးဂ် ဖလားကို ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ လီပါပူး အသင်းက ပွဲစဥ် ၃၄ အဖြစ် စပါး အသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး ၅ဂိုး ၁ဂိုး နဲ့ အနိုင်ယူကာ ရာသီကုန်ဖို့ ၄ ပွဲအလိုမှာပဲ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။ ဒီနှစ် ပရီးမီးယားလိဂ်ဆုက လီပါပူး အသင်းအတွက် အကြိမ် ၂၀ မြောက်ဆုဖလားဖြစ်ပြီး ပရီးမီးယားလိဂ် သမိုင်း တစ်လျောက် ဆုဖလားအများဆုံးရထားတဲ့ မန်ချက်စတာယူနိုက်တက် အသင်းကို လိုက်မှီသွားခဲ့တာပဲဖြစ်ပါတယ်။ အဲ့တာကြောင့်ပဲ လီပါပူး အသင်းက အင်္ဂလန် ရဲ့ သမိုင်တစ်လျောက် အအောင်မြင်ဆုံး အသင်းတစ်သင်းဖြစ်လာတဲ့ အပြင် အင်္ဂလန် ရဲ့ ပြည်တွင်းမှာရော ဥရောပမှာပါ အအောင်မြင်ဆုံး အသင်းတစ်သင်းဖြစ်လာခဲ့ပါတယ်။
လီဗာပူးလ် အသင်းက က မန်ချက်စတာယူနိုက်တက် အသင်းနဲ့ အင်္ဂလန်ရဲ့ ဒါဘီ ပြိုင်ဘက်တွေ ဖြစ်သလို ပြိုင်ဆိုင်မှုတွေ ပြင်းထန်ခဲ့ကြတဲ့ မဟာပြိုင်ဘက်တွေ ဖြစ်တဲ့အတွက် မန်ချက်စတာယူနိုက်တက် က အမှတ်ပေးဖလားကို အများဆုံး ရယူထားတဲ့ တစ်သင်းတည်းသော အသင်းဖြစ်တယ် ဆိုပြီး အရင်လို ကြွေးကြော်ခွင့်တွေဟာ ရပ်တန့် သွားအောင် လီပါပူးအသင်းစွမ်းဆောင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ လီပါပူး အသင်းက နွေရာသီ အပြောင်းအရွှေ့ကာလမှာ ခီယေဆာ တစ်ယောက်ထဲကိုသာ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ပြိုင်ဆိုင်မှု ပြင်းထန်လာတဲ့ ပရီးမီးယားလိဂ်လို ပြိုင်ပွဲမှာ နည်းပြ သစ်နဲ့ ခရီးဆက်ရင်း ၊ ကစားသမားသစ် တစ်ဦးတည်းကိုသာ အင်အားဖြည့်ခဲ့တဲ့ လီဗာပူးလ် အသင်းရဲ့ အောင်မြင်မှုဟာ မဖြစ်မနေ ချီးကျူးသွားရမှာ ပဲဖြစ်ပါတယ်။ ဒီနေ့တင်ဆက်ပေးသွားတာကတော့ အကြိမ် ၂၀ မြောက် ပရီးမီးယားလိဂ် ဆုကြီးကို ထိုက်ထိုက်တန်တန် သိမ်းပိုက်နိုင်ခဲ့တဲ့ လီပါပူး အသင်းအကြောင်းပဲဖြစ်ပါတယ်။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီး တင်ရှိပါတယ်။
#mmmedia
#premierlaegue
#liverpool
#arneslot
#jurgenklopp
LATEST NEWS


Today I would like to tell you about the 10 most valuable full-back players in the world of football.

Today I would like to tell you about the best attacking duo Chelsea have ever had.
.png)