တစ်ချိန်က ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းမုဆိုးဖြစ်ခဲ့တဲ့ ရော်ဘင်ဗန်ပါစီ

တစ်ချိန်ကပရီးမီးယားလိဂ်အသင်းတိုင်းကြောက်ရတဲ့တိုက်စစ်မှူးတစ်ယောက်ရှိခဲ့ဖူးပါတယ်။ ဘယ်ခြေ နဲ့ ဂိုးသွင်းပေးရမလား ၊ ညာခြေနဲ့ပဲ ဂိုးသွင်းပေးရမလား ၊ ခေါင်းတိုက်ပဲသွင်းပြရမလား သူ့ဆီ ရောက်လာတဲ့ ဘောလုံး ကို ကြုံရင်ကြုံသလို ဂိုးသွင်းနိုင်ပြီး အဆုံးသတ် သေချာတဲ့ တိုက်စစ် မှူး တစ်ဦးလည်းဖြစ်ပါတယ်။ အဲ့ဒိ ပြိုင်ဘက် ခံစစ် ကစားသမားတွေနဲ့ ဂိုးသမားတွေကို သွေးပျက် တုန်လှုပ်ခြောက်ခြားစေတဲ့ ကစားသမား ကတော့ ရော်ဗင် ဗန်ဗာစီ ပဲ ဖြစ်ပါတယ်။ အာဆင်နယ် အသင်း က ဗန်ဗာစီ ထွက်သွားပြီး ကတည်း က အသင်းရဲ့ တိုက်စစ် ဗန်ဗာစီ နေရာမှာ လက်ကာဇက် ၊ အူဘာမီယန် တို့နဲ့ အစားထိုးခဲ့ သလို ဂျီရူး ၊ ဂျေဆူး တို့နဲ့ကလဲ ဗန်ဗာစီ ရဲ့ နေရာ ကို အပြည့်အဝ အစားမထိုးနိုင်ခဲ့ပါဘူး ။
ဗန်ဗာစီ ထွက်သွားပြီး ကတည်းက အာဆင်နယ် အသင်းမှာ ဒေါင်ဒေါင်မြည် တိုက်စစ် ကစားသမားမျိုး က လုံးဝ ပျောက်ဆုံးသွားခဲ့တာပဲဖြစ်ပါတယ် ။ အာဆင်နယ် အသင်းပဲလားဆိုတော့ မဟုတ်သေးပဲ မန်ယူချက်စတာ အသင်းရဲ့ ဂန္ထဝင် နည်းပြကြီးဖြစ်တဲ့ ဆာအဲလက်ဖာကူဆန် ရဲ့ နောက်ဆုံးခေါ် ယူခဲ့တဲ့ တိုက်စစ်မှူးလဲဖြစ်ပါတယ်။ ဗန်ဗာစီထွက်သွားပြီးနောက်ပိုင်း မန်ချက်စတာယူနိုက်တက် အသင်းက ပြိုင်ဘက်ခံစစ် ကသားသမားတွေ အတွက် အိမ်မက်ဆိုးဖြစ်တဲ့ ဗန်ဗာစီ လိုတိုက်စစ်မှူး မရှိတော့တာပဲဖြစ်ပါတယ်။ ရော်ဘင် ဗန်ဗာစီ ကို 𝟏𝟗𝟖𝟑 ခုနှစ် ဩဂုတ် လ 𝟔 ရက်နေ့ ရော့တာဒမ် မှာ မွေးခဲ့တာပဲဖြစ်ပါတယ်။ ငယ်စဥ် ကတည်းက ဘောလုံး ကစားနည်း ကိုဝါသနာ ပါခဲ့ပြီး အသက် 𝟓 နှစ် အရွယ်မှာပဲ ပြည်တွင်းကလပ် အသင်းတစ်သင်းဖြစ်တဲ့ 𝐄𝐱𝐜𝐞𝐥𝐬𝐢𝐨𝐫 အသင်းရဲ့ လူငယ် အသင်းမှာ စတင်ကစားခဲ့တာပဲဖြစ်ပါတယ်။ ဗန်ဗာစီ က ကစားသမားဘဝ အစပိုင်းမှာ တောင်ပံကစားသမား တစ်ယောက်အနေနဲ့ ကစားခဲ့တာပဲဖြစ်ပါတယ်။
𝟐𝟎𝟎𝟏-𝟎𝟐 ရာသီမှာ ဗန်ဗာစီက ဖီယင်နု လူငယ် အသင်းကို ပြောင်းရွှေ့ခဲ့တာပဲဖြစ်ပါတယ်။ ဖီယင်နု လူငယ် အသင်းမှာ ကစားနေတဲ့ အချိန်မှာပဲ ဖီယင်နု အသင်းကြီး ရဲ့ ကစားသမား အများအပြား ဒဏ်ရာပြသနာတွေ ကြောင့် ဗန်ဗာစီ တစ်ယောက် အသက် 𝟏𝟕 နှစ်မှာပဲ ဖီယင်နု အသင်းနဲ့ အတူ ပထမဆုံး ပွဲထွက် ကစားခွင့်ရရှိခဲ့ပါတယ်။ ဖီယင်နု အသင်းမှာ အကောင်းဆုံးခြေစွမ်းပြကာ ဖီယင်နု အသင်း နဲ့ အတူ ယူအီးအက်ဖ်အေဖလား တစ်ကြိမ်၊ 𝐤𝐧𝐯𝐛 ဖလားတစ်ကြိမ်၊ 𝐉𝐨𝐡𝐚𝐧 𝐂𝐫𝐮𝐲𝐟𝐟 𝐒𝐡𝐢𝐞𝐥𝐝 တစ်ကြိမ် တို့ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ 𝟐𝟎𝟎𝟒 ခုနှစ် မှာ အာဆင်နယ် အသင်းအနေနဲ့ သူတို့ရဲ့ တိုက်စစ် ကစားသမား ဒန်းနစ် ဘားကမ့် ရဲ့ နေရာမှာ အစားထိုးရန် အတွက် ဖီယင်နု အသင်းရဲ့ တောင်ပံကစားသမား ဖြစ်တဲ့ ရော်ဘင်ဘန်ဗာစီ ကို ပြောင်းရွှေ့ကြေး ပေါင် 𝟓 သန်း နဲ့ ခေါ် ယူခဲ့တာပဲဖြစ်ပါတယ်။ အာဆင်နယ် အသင်းရဲ့ ဂန္ထဝင် နည်းပြ ကြီး အာဆင်ဝင်ဂါး က ရော်ဘင်ဗန်ဗာစီ အထောင်တိုက်စစ်မှူး အဖြစ်ပြောင်းလဲ ကစားစေခဲ့ပြီး အသင်းတိုင်းကြောက်ရတဲ့ ဂိုးသွင်း မုဆိုး တစ်ယောက် ဖြစ်အောင် လုပ်ပေးနိုင်ခဲ့ ပါတယ်။ဗန်ဗာစီ အသင်း က အာဆင်နယ် အသင်းရဲ့ ပထမဆုံး ရာသီမှာတော့ ဒဏ်ရာပြသနာတွေကြောင့်ရော တိုက်စစ် ကစားသမားတစ်ယောက် အဖြစ် ပြောင်းလဲ ကစားရတာကြောင့် အခက်အခဲ အများကြီး နဲ့ ရင်ဆိုင်ခဲ့ရပြီး အဆိုးရွားဆုံး ရာသီ တစ်ခု ကို ဖျက်ကျော် ခဲ့ရပါတယ်။
𝟐𝟎𝟎𝟓 -𝟎𝟔 ရာသီမှာတော့ ဗန်ဗာစီ က အကောင်းဆုံး ပုံစံတွေ နဲ့ ပြန်လာနိုင်လာခဲ့ပြီး နိုဝင်ဘာလ ရဲ့ တစ်လတာ အကောင်းဆုံး ကစားသမားဆုကိုလဲ ရရှိခဲ့တာပဲဖြစ်ပါတယ်။ နိုဝင်ဘာလ မှာ 𝟖ပွဲ ကစားပြီး ဗန်ဗာစီ က 𝟖 ဂိုးအထိ သွင်းယူနိုင်ခဲ့တာလဲဖြစ်ပါတယ်။ 𝟐𝟎𝟎𝟕-𝟎𝟖 ရာသီမှာ သီရာဂို အွန်နရီ က ဘာစီလိုနာ အသင်းကိုပြောင်းရွှေ့သွားတာကြောင့် ဗန်ဗာစီက အာဆင်နယ် အသင်းရဲ့ တိုက်စစ် ကို အဓိက ဦးဆောင်ခဲ့ရပါတယ်။ ဗန်ဘာစီ က အာဆင်နယ် အသင်းမှာ အကောင်းဆုံးခြေစွမ်းတွေ နဲ့ အတူ သူရဲ့ နည်းစနစ်ပိုင်း ကောင်းမွန်မှူ ၊ 𝐯𝐢𝐬𝐢𝐨𝐧 ၊ အဆုံးသတ်ပိုင်းကောင်းမွန်မှုတို့ကြောင့် ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံးတိုက်စစ် မှုး တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ဗန်ဗာစီ က 𝟐𝟎𝟏𝟏 - 𝟏𝟐 ရာသီမှာ အကောင်းဆုံးခြေစွမ်းတွေနဲ့ အတူ သွင်းဂိုး 𝟑𝟎 အထိ သွင်းယူနိုင်ခဲ့ပြီး ပရီးမီးဘားလိဂ် ရဲ့ သွင်းဂိုးအများဆုံးရွှေဖိနပ်ဆု ရရှိခဲ့ရုံသာမက အာဆင်နယ် အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ကိုလည်း ရရှိခဲ့ပါတယ်။
ဗန်ဗာစီ က 𝟐𝟎𝟏𝟐 - 𝟏𝟑 ရာသီမှာ ဆုဖလားအောင်မြင်မှုတွေ ပိုမို ရရှိချင်တာကြောင့် ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံး အသင်းတစ်သင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ ဗန်ဗာစီ က အာဆင်နယ် အသင်းနဲ့ အတူ ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံးတိုက်စစ်မှုးတစ်ယောက်ဖြစ်တယ်ဆိုတာ သက်သေပြနိုင်ခဲ့ပြီး အာဆင်နယ် အသင်းနဲ့ အတူ 𝐅𝐀ဖလားတစ်ကြိမ် ၊ 𝐅𝐀 ကွန်မြူနတီဒိုင်းတစ်ကြိမ် တို့ကို ရရှိခဲ့ ပါတယ်။ ဗန်ဗာစီက 𝟐𝟎𝟏𝟐 ခုနှစ် ဩဂုတ် လ 𝟏𝟕 ရက်နေ့မှာ ပြောင်းရွှေ့ကြေး ပေါင် 𝟐𝟐.𝟓 သန်းဖြင့်ပြောင်းရွှေ့ခဲ့ပါတယ်။ ဗန်ဗာစီ က ပြောင်းရွှေ့ခဲ့တဲ့ ပထမဆုံး ရာသီမှာ ပဲ အကောင်းဆုံးခြေစွမ်းတွေနဲ့ အတူသူ့ရဲ့ ကစားသမား ဘဝဒုတိယ မြောက် ပရီးမီးယားလိဂ် ဂိုးသွင်း အများဆုံးရွှေဖိနပ်ဆု ကို 𝟐𝟔 ဂိုးအထိ သွင်းယူပြီး ရရှိခဲ့တဲ့ အပြင် သူ့ရဲ့ ကစားသမား ဘဝ မှာသိပ်ကိုလိုချင်နေတဲ့ ပရီးမီးယားလိဂ် ဖလားကိုလည်းရရှိခဲ့ပါတယ်။
မန်ယူ အသင်းမှာ 𝟑 ရာသီကြာ ကစားခဲ့ပြီး 𝐅𝐀 ကွန်မြူနတီ ဒိုင်းကိုလည်းရရှိခဲ့ပါတယ်။𝟐𝟎𝟏𝟓 ခုနှစ် ဇူလိုင် လ 𝟏𝟒 ရက်နေ့မှာ မန်ချက်စတာယူနိုက်တက် အသင်း ဖီနာဘာဂျီ အသင်းကို ပြောင်းရွှေ့သွားခဲ့ပြီး 𝟐𝟎𝟏𝟖 ခုနှစ်မှာတော့ အသင်းဟောင်းဖြစ်တဲ့ ဖီယနု အသင်း ကိုပြောင်းရွှေ့သွားခဲ့ပါတယ်။ အခုတင်ဆက်ပေးသွားတာကတော့ ကစားသမား ဘဝ ကို ပရီးမီးယားလိဂ် မှာ ဂိုးသွင်းမုဆိုး အဖြစ် ဖျက်သန်းခဲ့တဲ့ ရော်ဘင်ဗန်ဗာစီ အကြောင်းပဲဖြစ်ပါတယ်။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးတဲ့ တစ်ဦးတစ်ယောက်ချင်းဆီ တိုင်းကို ကျေးဇူး အများကြီးတင်ရှိပါတယ်။
#mmmedia
#premierleague
#RobinvanPersie
#Striker
#arsenal
LATEST NEWS



Today I would like to tell you about the 10 most valuable full-back players in the world of football.

Today I would like to tell you about the best attacking duo Chelsea have ever had.