ချန်ပီယံ ဆုကို ပီအက်ဂျီ အသင်းက ရရှိခဲ့ပေမယ့်လက်ကျန်ပွဲစဥ်တွေမှာ ပြိုင်ဆိုင်မှုပိုမိုပြင်းထန်ဦးမယ့် လိဂ်ဂူးဝမ်း

ဒီရာသီ ပြင်သစ် လိဂ်ဂူးဝမ်း အသင်းတွေတော်တော်များများက ပြိုင်ဆိုင်မှုပြင်းထန်နေပြီး တစ်သင်းနဲ့ တစ်သင်းက ရမှတ်တွေက တစ်မှတ်စီလောက်သာကွာဟနေကြတာပဲဖြစ်ပါတယ်။ ဒါပေမယ့် ပီအက်ဂျီ အသင်း ကတော့ တစ်သင်းထဲ ထောင်ထွက်နေပြီး အခြား အသင်းတွေနဲ့အမှတ်တော်တော်လေးဖြတ်ထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ပီအက်ဂျီ အသင်းက ဒီရာသီ နည်းပြအသစ် လူးဝစ် အန်းနရစ် လက်ထပ်မှာ တော်တော်လေးကို ခြေစွမ်းကောင်းတွေကို ပြသနိုင်နေတာပဲဖြစ်ပါတယ်။ လူငယ်ကစားသမား အများစုနဲ့ ဖွဲ့စည်းထားတဲ့ ပီအက်ဂျီ အသင်းက နောက်ဆုံး ကစားခဲ့တဲ့ အန်းဂါးနဲ့ ပွဲစဥ်ကို အနိုင်ရရှိခဲ့တာကြောင့် ပွဲစဥ် ၂၈ ပွဲ ကစားပြီးတဲ့ အချိန်မှာပဲ အဆင့် ၂ က မိုနာကို အသင်းကို ၂၄ မှတ်အထိ ဖြတ်ထားနိုင်ခဲ့တာကြောင့် ပီအက်ဂျီ အသင်းက ပြင်သစ် လိဂ်ဂူးဝမ်း ချန်ပီယံ ဆုကိုထိုက်ထိုက် တန်တန် ဆွတ်ခူးနိုင်ခဲ့တာပဲဖြစ်ပါတယ်။
ဒီရာသီမှာလည်း ပီအက်ဂျီ အသင်းက စောစောစီးစီး ချန်ပီယံဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ ပြင်သစ် လိဂ်ဂူးဝမ်း ဖလားကို ပီအက်ဂျီ ရတယ်ဆိုတာ ထူးဆန်းတဲ့ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ ပီအက်ဂျီ အသင်း က ပြင်သစ် လိဂ်ဂူးဝမ်း ဖလားကို လေးနှစ်ဆက် သိမ်းပိုက်နိုင်ခဲ့တာဖြစ်သလို ပြင်သစ် လိဂ်ဂူးဝမ်းရဲ့ နောက်ဆုံး ၁၂ နှစ်မှာ ပီအက်ဂျီ အသင်းက ချန်ပီယံဆုကို ၁၀ ကြိမ်တိုင်တိုင် သိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဒီနှစ်ဘောလုံးရာသီ လိဂ်ဂူးဝမ်း ချန်ပီယံဆုက ပီအက်ဂျီ အသင်းရဲ့ ၁၃ ကြိမ်မြောက် ချန်ပီယံ ဆုလည်းဖြစ်ပါတယ်။ ပီအက်ဂျီ အသင်းက ဒီရာသီ လိဂ်ဂူးဝမ်းမှာ ရှုံးပွဲ တစ်ပွဲမှ မရှိသေးပဲ ၂၃ ပွဲ ထိ အနိုင်ရရှိပြီး ၅ ပွဲသာ သရေကျခဲ့တာပဲဖြစ်ပါတယ်။ ပီအက်ဂျီ အသင်းရဲ့ နည်းပြ လူးဝစ် အန်းနရစ် က လိဂ်ဂူးဝမ်းချန်ပီယံ ဖြစ်ခဲ့ပေမယ့် လက်ကျန်ပွဲစဥ်တွေကိုလည်း အာရုံစိုက်ပြီး အကောင်းဆုံးကစားသွားမှာဖြစ်ကြောင်းနဲ့ လိဂ်ဂူးဝမ်းရဲ့ ပထမဆုံး ရှုံးပွဲမရှိ ချန်ပီယံ အသင်းဖြစ်အောင် လက်ကျန်ပွဲစဥ်တွေကို အနိုင်ရအောင် ကစားသွားမယ်လို့ ပြောသွားခဲ့တာပဲဖြစ်ပါတယ်။
ပီအက်ဂျီ အသင်း လိဂ်ဂူးဝမ်း ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပေမယ့် ပြင်သစ် လိဂ်ဂူးဝမ်း က စိတ်ဝင်စရာ ကောင်းနေတုန်းပဲဖြစ်ပါတယ်။ လိဂ်ဂူးဝမ်း မှာ ပီအက်ဂျီ အသင်းတစ်သင်းထဲကသာ သိသိသာသာကြီး ထိုးထွက်ပြီးကောင်းနေပေမယ့် အခြား အသင်းတွေက လူအင်အား ၊ အသင်းရဲ့ ခြေစွမ်းပိုင်း အစစအရာရာ က တူညီနေတာကြောင့် ပြိုင်ဆိုင်မှုပြင်းထန်ပြီး အဆင့် ၂ က မိုနာကို အသင်းနဲ့ အဆင့် ၇ က စတားဘော့ အသင်းက ရမှတ် ၄ မှတ်သာကွာဟနေတာဖြစ်ပါတယ်။ ပြင်သစ် လိဂ်ဂူးဝမ်းက ဥရောပရဲ့ အရမ်း အောင်မြင်ကျော်ကြားတဲ့ လိဂ်တစ်ခုမဟုတ်တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အသင်း ၃ သင်းသာ ဝင်ခွင့်ရရှိတာကြောင့် ချန်ပီယံ ပီအက်ဂျီ အသင်းကို ဖယ်လိုက်ရင် နှစ်သင်းသာ ချန်ပီယံလိဂ် ဝင်ခွင့်ရရှိမှာ ဖြစ်တာကြောင့် လိဂ်ဂူးဝမ်း လက်ကျန်ပွဲစဥ်တွေက ပိုမို ပြိုင်ဆိုင်မှု ပြင်းထန်ဦးမှာပဲဖြစ်ပါတယ်။ နောက်ရာသီ လိဂ်ဂူးဝမ်း က ဘယ် အသင်းတွေက ချန်ပီယံလိဂ် ဝင်မယ်ထင်လဲ ။ ပရိတ်သတ်တွေရဲ့ အမြင်ကို ကောမန့်မှာ ဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး။
#mmmedia
#psg
#ligue1
#champions
#football
LATEST NEWS


Today I would like to tell you about the 10 most valuable full-back players in the world of football.

Today I would like to tell you about the best attacking duo Chelsea have ever had.
.png)