ကြယ်စင်စု အသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်း လိုချင်နေတဲ့ ကွင်းလယ် ကစားသမား

ကြယ်စင်စု အသင်းတစ်သင်းဖြစ်တဲ့ ရီးရဲလ် မက်ဒရစ် အသင်းက key pass တွေကို အကောင်းဆုံးပေးနိုင်မယ့် ကွင်းလယ် ကစားသမား ကို လိုချင်နေတာပဲဖြစ်ပါတယ်။ ရီးရဲလ် အသင်း က ကွင်းလယ် နေရာ အတွက် ချယ်ဆီး အသင်းရဲ့ ကွင်းလယ်ကစားသမား အန်ဇိုဖာနန်ဒက် ကို စိတ်ဝင်စားနေတာပဲဖြစ်ပါတယ်။ ရီးရဲလ် အသင်း က ကွင်းလယ် ကစားသမားတွေ အများကြီး ရှိပေမယ့် လည်း နည်းပြီးကြီး အန်ဆယ်လော့တီ က အန်ဇိုဖာနန်ဒက် ကို တော်တော်လေး သဘောကျနေခဲ့တာပဲဖြစ်ပါတယ် ။ ရီးရဲလ် မက်ဒရစ် အသင်းအနေနဲ့ ကလည်း သူတို့ရဲ့ ပြီးပြည့်စုံနေတဲ့ လူစာရင်းမှာ အနားယူသွားတဲ့ တိုနီ ခရုလ် လို KEY PASS ပေးနိုင်မယ့် ကွင်းလယ် ကစားသမားယောက်ကို လိုချင်နေတာပဲဖြစ်ပါတယ်။
ချယ်ဆီး အသင်းအနေနဲ့ ကလည်း အန်ဇိုက အသင်းမှာ ပုံမှန်ခြေစွမ်းပြပြီး အသင်းအတွက် မရှိမဖြစ် အရေးပါတဲ့ ကစာသမား တစ်ယောက်ဖြစ်ပေမယ့်လည်း သူတို့သတ်မှတ်ထားတဲ့ ပေါင်သန်း ၉၀ အပြင် အပိုဆုကြေးပါ ပေးဆောင်မယ်ဆိုရင် ထုပ်ရောင်းသွားဖို့ရှိနေပါတယ်။ လက်ရှိ ချယ်ဆီး အသင်း ရဲ့ ကစားသမားတွေ အကုန်နီးပါးက နိုင်လိုစိတ်ပျောက်ဆုံးနေပြီး ခြေစွမ်းပိုင်းမှာပါ အတော်လေးကျဆင်းနေတာပဲဖြစ်ပါတယ်။ အရင် ချယ်ဆီး အသင်းမှာတွေ့ရတဲ့ အသင်းပေါ်ချစ်စိတ်နဲ့ ချယ်ဆီး DNA ပါ အခုချိန်မှာ ပျောက်ဆုံးနေတာကို သိသိသာသာ ကြီး တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ လက်ရှိ အချိန် ချယ်ဆီး အသင်းမှာ ပုံမှန်ခြေစွမ်းပြသနေပြီး နိုင်လိုစိတ်နဲ့ ပြင်းပြင်းထန်ထန် ကြိုးကြိုး စားစား ကစားပေးနေတာ အန်ဇို ဖာနန်တက် ၊ ကူကူရယ်လာ ၊ နက်တို ၊ ကိုင်စီဒို တို့အပြင်မရှိပါဘူး။ ချယ်ဆီး အသင်း ဒီထပ်ပိုပြီး မနိမ့်ဆင်းသွားရတဲ့ အကြောင်းအရင်းက ဒီကစားသမားတွေ အသင်းကို အများကြီး ထမ်းတင်ပေးနေတာကြောင့်ပဲဖြစ်ပါတယ်။
ချယ်ဆီး အသင်း သာ အန်ဇိုဖာနန်တက်ကို ရောင်းချလိုက်မယ်ဆိုရင် အသင်းအတွက် အများကြီး သက်ရောက်မှုရှိသွားမှာပဲဖြစ်ပါတယ်။ အခြားတစ်ဖက် စဥ်းစားမယ်ဆိုရင် အန်ဇိုဖာနန်တက်လို WORLD CLASS ကစားသမား တစ်ယောက်က ကစားသမားကောင်းတွေနဲံ့ဖွဲ့စည်းထားတဲ့ ရီးရဲလ်မက်ဒရစ် အသင်းကို သာရောက်သွားခဲ့ရင် ဘယ်လောက်တောင် ကြောက်ဖို့ကောင်းတဲ့ ကစားသမား တစ်ယောက်ဖြစ်သွားမလဲ။ ဘယ်လင်ဂမ် ၊ ဗယ်ဗာဒီ တို့နဲ့ ပေါင်းဖက် ကစားမယ့် အန်ဇိုဖာနန်ဒက် တို့ရဲ့ ကွင်းလယ် အစုအဖွဲ့ ကတွေးကြည့်တာနဲ့ တင် တော်တော်လေး ကြောက်ဖို့ကောင်းနေတာပဲဖြစ်ပါတယ်။ အန်ဇို ဖာနန်တက်လို အကောင်းဆုံး အသက်အရွယ် တစ်ခုမှာ အကောင်းဆုံး ခြေစွမ်းပြနေတဲ့ ကစားသမား တစ်ယောက် ကို ရီးရဲလ် မက်ဒရစ် အသင်းလိုချင်နေတာ သိပ်တော့ထူးဆန်းတဲ့ ကိစ္စ တစ်ခုမဟုတ်ပါဘူး။ ဒီဘောလုံးရာသီမှာ လူခေါ်ယူမှုတွေ များများ စာစား မလုပ်ထားတဲ့ ရီးရဲလ် မက်ဒရစ် အသင်းက နောက်ရာသီမှာ အန်ဇိုဖာနန်ဒက်ကို ခေါ်ယူသွားဖွယ်ရှိနေတာပဲဖြစ်ပါတယ်။
ပရိတ်သတ်တွေရော ဘယ်လိုထင်လဲ အန်ဇို မရှိတော့တဲ့ ချယ်ဆီး အသင်းက အဆင်ပြေပါ့မလား ။ တကယ်လို့ အန်ဇိုသာ ရီးရဲလ် အသင်းကို ရောက်ရှိသွားခဲ့ရင် ကစားသမားက ဒီထပ်ပိုကောင်းလာမှာလား ။ ရီးရဲလ် အသင်းကို ရော အန်ဇို ရောက်သွားနိုင်လား ။ ပရိတ်သတ်တွေရော ဘယ်လိုထင်လဲ ပရိတ်သတ်တွေရဲ့ အမြင်ကို ကော့မန့်မှာ ဝင်ရောက်ဆွေးနွေးပေးသွားကြပါအုံး။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူး အများကြီး တင်ရှိပါတယ်။
#mmmedia
#realmadrid
#enzofernandez
#midfielder
#chelsea
#carloancelotti
LATEST NEWS


Today I would like to tell you about the 10 most valuable full-back players in the world of football.

Today I would like to tell you about the best attacking duo Chelsea have ever had.
.png)