ရီးရဲမက်ဒရစ် ရဲ့ အကောင်းဆုံးခံစစ်ကစားသမားတစ်ဦးဖြစ်ခဲ့သူ Word Cup Champion ဗာရန်း

လွန်ခဲ့တဲ့ ၁၀ စုနှစ်ကျော်လောက်က ဘောလုံးချစ်ပရိတ်သတ်တွေရဲ့ မျက်စိရှေ့ကို ခမ်းနားကောင်းမွန်တဲ့ ခြေစွမ်းတွေနဲ့အတူ အသက်အရွယ်နဲ့မလိုက်အောင် ရင့်ကျပ်တည်ငြိမ်တဲ့ ခံစစ်ကစားသမားတစ်ယောက်ပေါ်ထွက်လာခဲ့တယ်။ အဲ့ဒီ အချိန်တုန်းက ရီးရဲလ်မက်ဒရစ် အသင်းရဲ့ နည်းပြ မော်ရင်ဟို ကို ရီးရဲလ်အသင်းရဲ့ အကြံပေးလုပ်နေတဲ့ ဇီးဒန်း က နောင်တစ်ချိန်မှာ အကောင်းဆုံးခံစစ်ကစားသမား တစ်ယောက်ဖြစ်လာမယ့် ကစားသမား တစ်ယောက်ကို မိတ်ဆက်ပေးခဲ့တယ်။ အဲ့ဒီ ကစားသမားကတော့ ဗာရန်းပဲဖြစ်တယ်။ ဇီဒန်းက မော်ရင်ဟိုကို နောက်ပိုင်းထွက်ပေါ်လာတဲ့ ကစားသမားတွေထဲမှာ ဗာရန်းက ပြင်သစ်ခံစစ် ကို ဦးဆောင်နိုင်မယ့် ကစားသမား တစ်ယောက်ဖြစ်ကြောင်း ပြောခဲ့တယ်။ အဲ့ချိန်တုန်းက ဗာရန်းရဲ့ အသက်က ၁၈ နှစ်ပဲရှိသေးတယ်။ ဒါပေမယ့် ဗာရန်း က ပြင်သစ်လီဂူးဝမ်း ကလပ်အသင်းတစ်သင်းဖြစ်တဲ့ lens ll အသင်းမှာ အသက်အရွယ်နဲ့ မလိုက်တဲ့ တည်ငြိမ်မှု ၊ ရင့်ကျက်မှုတွေနဲ့ အတူ သူ့ရဲ့ အကောင်းဆုံးခြေစွမ်းတွေကို ပြသနေခဲ့တာပေါ့။
အဲ့ချိန်တုန်းက ဗာရန်းကို စိတ်ဝင်စားနေတာ ရီးရဲလ်မက်ဒရစ် အသင်းတစ်သင်းထဲတော့ မဟုတ်ခဲ့ပါဘူး။ ပရီးမီးယားလိဂ် အင်အားကြီး အသင်းတစ်သင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဂန္ထဝင် နည်းပြကြီး ဖာဂူဆန်ကလည်း ဗာရန်းကို ကြိုက်နှစ်သက်ခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ် အသင်းနဲ့ အပြိုင်ခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းက အခုလို လူငယ်ကစားသမားတွေကို ခေါ်ယူတာ ရှားပေမယ့် ဇီဒန်းရဲ့ အကြံပေးမှုကြောင့် ဗာရန်းကို အရခေါ်ယူခဲ့တယ်။ ဒီလိုနဲ့ပဲ လူမသိ သူမသိ သာမန်ကစားသမားတစ်ယောက် ဘဝကနေ ဥရောပ အအောင်မြင်ဆုံး အသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းကို ရောက်ရှိခဲ့တယ်။ အဲ့တာအပြင် ဗာရန်းက ပြင်သစ် နည်းပြ ဒေးရွှန်း ရဲ့ အကြိုက်ဆုံး ကစားသမား တစ်ဦးလည်းဖြစ်တယ်။ ဒေးရွှန်းက ၂၀၁၂ ခုနှစ်မှာ ပြင်သစ်အသင်းရဲ့ နည်းပြအဖြစ်တာဝန်ယူခဲ့တယ် ။ ဒေးရွှန်း ပြင်သစ် အသင်းရဲ့ နည်းပြ အဖြစ်တာဝန်ယူကိုင်တွယ်တဲ့ အချိန်ကတည်းက ဗာရန်းက ပြင်သစ်လက်ရွေးစင် အသင်းမှာ ရွေးချယ်ခံခဲ့ရတယ်။ ၂၀၁၄ ခုနှစ်အရောက်မှာတော့ ဗာရန်းက ပြင်သစ် သမိုင်းတလျောက် အသက်အငယ်ဆုံး အသင်းခေါင်းဆောင်ဖြစ်လာခဲ့ပြီး အသက် ၂၁ အရွယ်နဲ့ စံချိန်တင်ခဲ့တယ်။
ဗာရန်းရဲ့ ကစာပုံ က အခြားခံစစ် ကစားသမားတွေနဲ့ မတူပဲ ကွဲပြားတယ်။ ဗာရန်းက တည်တည်ငြိမ်ငြိမ် နဲ့ ကစားတက်ပြီး ဗာရန်းကစားတာကို ကြည့်ရင် အရမ်းရင့်ကျက်တဲ့ ခံစစ်ကစားသမားပုံကို မြင်တွေ့ရတယ်။ မာမာထန်ထန် ကစားတက်တဲ့ ကစားသမားမျိုးမဟုတ်ပဲ ပါးပါးနပ်နပ် နဲ့ ကစားတက်တဲ့ ကစားသမားတစ်ယောက်ဖြစ်တယ်။ အသက် ၂၀ ကျော်လောက်ကတည်းက ဗာရန်းက အသက်၃၀ ကျော်ကစားသမားတွေထက်တောင် ပိုမိုရင့်ကျက်တဲ့ ကစားဟန်ကို မြင်တွေခဲ့ရတယ်။ ဗာရန်းက ထင်ထင်ပေါ်ပေါ်နေတက်တဲ့ ကစားသမားတစ်ယောက်မဟုတ်တာကြောင့် ပီပီ ၊ ရာမို့လ် တို့လောက်တော့ လူကြိုက်မများခဲ့ဘူး ။ ဒါပေမယ့် သူဘယ်လောက်ကောင်းတဲ့ကစားသမားတစ်ယောက်ဖြစ်တယ်ဆိုတာကို သူရယူခဲ့တဲ့ အောင်မြင်မှုတွေ ၊ သိမ်းပိုက်ခဲ့တဲ့ ဆုဖလားတွေကို ကြည့်ရင် သိလောက်ပါတယ်။ ဗာရန်းက ချန်ပီယံ လိဂ် ၃ ကြိမ် ရရှိဖူးတဲ့ အသက်အငယ်ဆုံး ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ် ။ ရီးရဲလ်မက်ဒရစ် အသင်းမှာ ဆုဖလားတွေ အာလုံး သိမ်းပိုက်ခဲ့ပြီးတဲ့ အချိန် ၂၀၂၁ ခုနှစ်အရောက်မှာတော့ ဗာရန်းက မန်ချက်စတာယူနိုက်တက် အသင်းကို ပြောင်းရွှေ့ခဲ့တယ်။ မန်ချက်စတာယူနိုက်တက် အသင်းမှာ ကမ္ဘာ့အဆင့်ခြေစွမ်းတွေကို ပြသနိုင်ခဲ့ပေမယ့် ဒဏ်ရာပြသာနာတွေနဲ့ ခနခနရင်ဆိုင်ခဲ့ရတယ်။
ဒီလိုနဲ့ပဲ ဗာရန်းက အသက် ၃၁ နှစ်အရွယ်မှာပဲ ဒူးဒဏ်ရာကြောင့် ကစားသမားဘဝကို အနားယူခဲ့တယ်။ ဟုတ်ကဲ့ပါ အခုတင်ဆက်ပေးသွားတာကတော့ ကစားသမား ဘဝ တစ်လျောက် ကမ္ဘာ့အဆင့် ခံစစ်ကစားပုံကို အကောင်းဆုံးပြသခဲ့ပြီး ဆုဖလားပေါင်းများစွာကို သိမ်းပိုက်နိုင်ခဲ့တဲ့ ပြင်သစ် ဂန္ထဝင် ဗာရန်း အကြောင်းပဲဖြစ်ပါတယ်။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီး တင်ရှိပါတယ်။
#mmmedia
#realmadrid
#raphaelvarane
#defenders
#football
#mourinho
LATEST NEWS


Today I would like to tell you about the 10 most valuable full-back players in the world of football.

Today I would like to tell you about the best attacking duo Chelsea have ever had.
.png)