ခေါင်းဆောင်ကောင်းပီသခဲ့သူ အိုင်ယာလန်သားလူမိုက်ကြီး ရွိုင်ကိန်း

ရွိုင်ကိန်းသည် အိုင်ယာလန်သား နည်းပြဟောင်း နှင့်ပရော်ဖက်ရှင်နယ် ကစားသမားဟောင်းဖြစ်ပြီး သူသည် ဒင်းနစ်အာဝင် ၊ ဝှေးလန်း တို့နှင့်အတူ သက်တမ်းတစ်လျှောက်အခမ်းနားဆုံးအိုင်ယာလန် ဘောလုံးသမားတစ်ဦးဖြစ်ပါတယ်။ ကလပ်ကစားသမားဘဝ တွင် အဓိကဆုဖလား 𝟏𝟗 လုံးရရှိခဲ့ပြီး ထိုထဲမှ 𝟏𝟕 လုံးသည် မန်ချက်စတာယူနိုက်တက်တွင်ရှိစဉ်အတွင်း ရရှိခဲ့တာ ဖြစ်ပါတယ်။ အကောင်းဆုံး ဂန္ထဝင်ကစားသမားတွေထဲကတစ်ဦးဖြစ်တဲ့ပီလီကသူ့ကို 𝟐𝟎𝟎𝟒 ခုနှစ် ကမ္ဘာ့အကောင်းဆုံး ကစားသမားများစာရင်း ဖီဖာ 𝟏𝟎𝟎 စာရင်းတွင် ရွေးချယ်သွားခဲ့ပါတယ်။
ရွိုင်ကိန်းရဲ့ 𝟏𝟖 နှစ်ကြာကစားသမားဘဝတွင် သူသည် ဆဲလ်တစ်တွင်သူ့ရဲ့ကစားသမားဘဝ မကုန်ဆုံးမှီ ကို့ဘ်ရှ်ရမ်ဘလာစ် ၊ နော်တင်ဟမ်ဖောရက်စ် နှင့် မန်ချက်စတာယူနိုက်တက် အတွက်ကစားပေး ခဲ့ပါတယ်။ သူ့ရဲ့ ပြိုင်ဆိုင်မှုပြင်းထန်သော ကစားဟန်ကြောင့် သူသည်လွှမ်းမိုးမှုကြီးမားသည့် ကွင်းလယ်ကစားသမားတစ်ဦးဖြစ်ပြီး 𝟏𝟗𝟗𝟕 ခုနှစ်မှ 𝟐𝟎𝟎𝟓 ခုနှစ်အထိ မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင်အဖြစ် ထူးချွန်စွာ ကစားခဲ့ပါတယ်။ ယူနိုက်တက်တွင် ပရီးမီးယားလိဂ်ဖလား 𝟕 ကြိမ်၊ အက်ဖ်အေဖလား 𝟒 ကြိမ်နှင့် ချန်ပီယံလိဂ်ဖလားအပါအဝင် တစ်ဦးချင်းဆုတံဆိပ်များ ရရှိခဲ့ပါတယ်။ ထို့နောက် 𝟐𝟎𝟎𝟔 ခုနှစ်တွင် ကစားသမားအဖြစ်မှအနားမယူမှီ စကော့တလန်ကလပ် ဆဲလ်တစ်မှာကစားခဲ့ပြီး ပရီးမီးယားလိဂ်နှင့် စကော့တလန်လိဂ်ဖလားတို့ကို ရရှိအောင်ကူညီပေး ခဲ့ပါတယ်။
ကိန်းသည် အိုင်ယာလန်နိုင်ငံအတွက် 𝟏𝟒 နှစ်ကြာ နိုင်ငံလက်ရွေးစင်အဖြစ် ကစားခဲ့ပြီး အများစုမှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပြီး 𝟏𝟗𝟗𝟒 ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပွဲတိုင်း ပါဝင်ကစားခဲ့ပါတယ်။ သူဟာ လက်ရွေးစင်ကစားသမားဘဝတွင် 𝟐𝟎𝟎𝟐 ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အသင်းရဲ့လေ့ကျင့်ရေးဌာနများနှင့် ပတ်သက်ပြီး နိုင်ငံနည်းပြ မစ်ခ်မက်ကာသီ နှင့် အငြင်းပွားပြီးနောက် နေရပ်ပြန်ပို့မှုခံခဲ့ရဖူးပါတယ်။
ကိန်းသည် ကစားသမားအဖြစ်မှအနားယူပြီးနောက် မကြာမီတွင်ဆန်းဒါးလန်းတွင် သူရဲ့ နည်းပြဘဝကို စတင်ခဲ့ပြီး ဩဂုတ်လနှောင်းပိုင်းတွင် လိဂ်ချန်ပီယံရှစ်တွင် အဆင့် 𝟐𝟑 နေရာမှ ကလပ်အသင်းအား အမှတ်ပေးဇယားကို ဆွတ်ခူးကာ ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်ရအောင်စွမ်းဆောင်ပေးခဲ့ပါတယ်။ 𝟐𝟎𝟎𝟖 ခုနှစ် ဒီဇင်ဘာလတွင် နည်းပြရာထူးမှ နှုတ်ထွက်ခဲ့ပြီး 𝟐𝟎𝟎𝟗 ဧပြီလ မှ 𝟐𝟎𝟏𝟏 ဇန်နဝါရီလ ထိ ချန်ပီယံရှစ်ကလပ် အစ်ဆွစ်တောင်း အသင်းရဲ့နည်းပြအဖြစ် တာဝန်ယူခဲ့ပါတယ်။ 𝟐𝟎𝟏𝟑 နိုဝင်ဘာလ တွင် အိုင်ယာလန်လက်ရွေးစင်အသင်းရဲ့ လက်ထောက်နည်းပြအဖြစ် မန်နေဂျာ မာတင်အိုနေး ရဲ့လက်အောက် 𝟐𝟎𝟏𝟖 ခုနှစ်အထိတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သူသည် 𝟐𝟎𝟏𝟒 တွင် အက်စတွန်ဗီလာအသင်းနှင့် 𝟐𝟎𝟏𝟗 တွင် နော်တင်ဟမ်ဖောရက်စ် တို့တွင် လက်ထောက်နည်းပြ ရာထူးများကိုလည်းလုပ်ကိုင်ခဲ့ပါတယ်။ သူဟာ 𝐈𝐓𝐕 နှင့် 𝐒𝐤𝐲 𝐒𝐩𝐨𝐫𝐭𝐬 ဘောလုံးသတင်းများတွင်လည်း စတူဒီယိုသုံးသပ်သူအဖြစ်လည်း လုပ်ဆောင်ခဲ့သူဖြစ်ပြီး သူ့ကို 𝟐𝟎𝟐𝟏 ခုနှစ်တွင် ပရီးမီးယားလိဂ် 𝐇𝐚𝐥𝐥 𝐨𝐟 𝐅𝐚𝐦𝐞 ထဲသို့ထည့်သွင်း ခဲ့ပါတယ်။
ရွိုင်ကိန်း ကို ကော့ခ်မေဖီး ဆင်ခြေဖုံးရှိ ဘောလင်ဒါရီပက်ခ် ဧရိယာရှိ အလုပ်သမားလူတန်းစား မိသားစုမှ 𝟏𝟗𝟕𝟏 ခုနှစ် သြဂုတ်လ 𝟏𝟎 ရက်နေ့တွင် မွေးဖွားခဲ့ပါတယ်။ သူ့မိသားစုက အထူးသဖြင့် ဘောလုံးကိုအားကစားကို စိတ်အားထက်သန်ပြီး သူ့ဆွေမျိုးတော်တော်များများက အငယ်တန်း ကလပ်တွေမှာ ဘောလုံးကစားခဲ့ကြပါတယ်။ ကိန်း သည် အသက် 𝟗 နှစ်အရွယ်တွင် လက်ဝှေ့ထိုးခြင်းကိုစတင်ခဲ့ပြီး နှစ်အတော်ကြာလေ့ကျင့်ခဲ့ကာ လိဂ်ပြိုင်ပွဲလေးတွေမှာ အနိုင်ရရှိခဲ့ပါတယ်။ ထိုကာလအတွင်းမှာပဲ သူဟာအလားအလာရှိသော ဘောလုံးသမားတစ်ဦးအဖြစ် ရောက်ရှိလာခဲ့ပြီး သူ့ရဲ့ပထမဆုံးရာသီတွင် တစ်နှစ်တာအကောင်းဆုံးကစားသမားဆု ကိုရရှိခဲ့ပါတယ်။
ကိန်းရဲ့ အထင်ရှားဆုံးအရည်အသွေးတွေကတော့ ဇွဲနပဲကောင်းမှု၊ ကြံ့ခိုင်မှု ၊ ဉာဏ်ရည်ဉာဏ်သွေး နှင့် အသင်းခေါင်းဆောင်ကောင်းပီသတဲ့ စွမ်းရည်တွေဖြစ်ပါတယ်။ နောက်သူဟာပြီးပြည့်စုံသော ကွင်းလယ်ကစားသမားတစ်ဦးဖြစ်ပြီး ဘောလုံးသယ်ဆောင်နိုင်မှု ၊ ဖြန့်ဝေပေးနိုင်မှု ၊ ကစားကွက်ကို ထိန်းချုပ်နိုင်မှုတွေအပြင် အသင်းဖော်များအတွက်အခွင့်အရေးများဖန်တီးပေးခြင်း တို့ကိုလည်း စွမ်းဆောင်နိုင်တဲ့သူပါ။ ကွင်းထဲမှာ သြဇာရှိရှိ ရှိနေခြင်းကသူ့ရဲ့ကစားသမားဘဝ တစ်လျှောက်လုံးမှာ ခေါင်းဆောင်မှုနဲ့ စိတ်ပိုင်းဖြတ်မှုတွေအပြင် သူ့ရဲ့ခိုင်မာတဲ့ စရိုက်လက္ခဏာတွေအတွက်လည်း ထင်ရှားခဲ့ပါတယ်။ သူဟာများသောအားဖြင့် ခံစစ်ကွင်းလယ်လူအဖြစ် ကွင်းလယ်တွင် ကစားလေ့ရှိသော်လည်း ကိန်းသည် ရံဖန်ရံခါတွင် နောက်ခံလူအဖြစ်လည်းကစားပေးခဲ့သူဖြစ်ပါတယ်။
〰〰〰〰〰〰〰〰〰〰〰〰〰〰〰
𝗞𝟵𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗞𝟵𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။
#k9mmmedia
#roykeane
#ireland
LATEST NEWS




Today I would like to tell you about the 10 most valuable full-back players in the world of football.