ပရီးမီးယားလိဂ် သမိုင်းတစ်လျောက် အသက်အငယ်ဆုံး နည်းပြများ

ဘောလုံးကစားသမားတော်တော်များများ က သူတို့ရဲ့ ကစားသမား ဘဝ အနားယူချိန်မှာတော့ သူတို့လေ့လာသင်ကြားခဲ့ရတဲ့ ပညာတွေကို အကောင်းဆုံးပြန်လည်အသုံးချနိုင်အောင် နည်းပြ အဖြစ်ပြန်လည်ပြီး ဘောလုံးလောကထဲကို ပြန်ဝင်လာတက်ကြပါတယ်။ အချို့ ကစားသမားတွေဆို သူတို့ရဲ့ ကစားသမားဘဝ ကို ဒဏ်ရာပြသနာတွေ အပါအဝင် အခြားသော အခြေအနေ အမျိုးမျိုးကြောင့် ကစားသမား ဘဝ ကို စောစောစီးစီး အနားယူပြီး နည်းပြလောကထဲ ကို ခြေစုံပစ်ဝင်ခဲ့ကြတာပဲဖြစ်ပါတယ်။ဒီနေ့တင်ဆက်ပေးသွားမှာကတော့ ပရီးမီးယားလိဂ် သမိုင်းတစ်လျောက် အသက်အငယ်ဆုံး နည်းပြ ၅ ယောက်အကြောင်းပဲဖြစ်ပါတယ်။
၁ . ရိုင်ယန်မေဆင်
ရိုင်ယန်မေဆင်က ဦးခေါင်းဒဏ်ရာကြောင့်ပဲ ကစားသမားဘဝ ကို စောစောအနားယူခဲ့ရတဲ့ ကွင်းလယ် ကစားသမားတစ်ယောက်ပဲဖြစ်ပါတယ်။ ရိုင်ယန်မေဆင်က စပါးအသင်းရဲ့ နည်းပြအဖွဲ့ဝင်တစ်ဦးအဖြစ်တာဝန်ယူခဲ့ရပြီး စပါးနည်းပြဟောင်းတွေဖြစ်ကြတဲ့ မော်ရင်ဟို ၊ ကွန်တီတို့လက်ထပ်မှာ လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့ရတာပဲဖြစ်ပါတယ်။ မော်ရင်ဟို တစ်ယောက် စပါးအသင်းက နည်းပြရာထူးကထုတ်ပယ်ခံရပြီး အချိန်မှာတော့ ရိုင်ယန်မေဆင်က စပါးအသင်းအတွက် ယာယီနည်းပြအဖြစ် တာဝန်ယူခဲ့ရတာပဲဖြစ်ပါတယ်။ ဒါကြောင့် ရိုင်ယန်မေဆင်က အသက် ၂၉ နှစ်နဲ့ နည်းပြတစ်ယောက်ဖြစ်ခဲ့တာပဲဖြစ်ပါတယ်။
၂ . ဟော်ဇယ်လာ
အသက် ၃၁ နှစ်သာရှိသေးတဲ့ ဂျာမန် နည်းပြတစ်ဦးဖြစ်တဲ့ ဟော်ဇယ်လာကို ပရီးမီးယားလိဂ် အသင်းတစ်သင်းဖြစ်တဲ့ ဘရိုက်တန် အသင်း က သူတို့ နည်းပြ ဒီဇာဘီ နေရာမှာ အစားထိုးဖို့ ခေါ်ယူခဲ့တာကြောင့် ပရီးမီးယားလိဂ်ကိုရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။ ဟော်ဇယ်လာက အသင်းဟောင်းဖြစ်တဲ့ စိန့်ပေါ်လီ အသင်းကိုလည်း တန်းဆက်အောင်စွမ်းဆောင်နိူင်ခဲ့တာပဲဖြစ်ပါတယ်။ဟော်ဇယ်လာက အသက်အရွယ်နဲ့ မလိုက်အောင် နည်းစနစ်ပိုင်းတွေမှာ ကျွမ်းကျင်ပြီး အရည်အချင်းပြည့်ဝတဲ့ နည်းပြတစ်ယောက်လည်းဖြစ်ပါတယ်။
၃. လွန်ဘာဒို
ယခု ဆော်ဒီလက်ရွေးစင် အသင်းရဲ့ လက်ထောက်နည်းပြဖြစ်တဲ့ အီတလီသား လွန်ဘာဒို ကတော့ အသက် ၃၂ နှစ်ကတည်းက နည်းပြတစ်ဦးဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်မှာ ပရီးမီးယားလိဂ် အသင်းတစ်သင်းဖြစ်တဲ့ Crystal Palace အသင်းကို ယာယီ နည်းပြအဖြစ်တာဝန်ယူခဲ့ပြီး ပရီးမီးယားလိဂ် သမိုင်းရဲ့ အသက်အငယ်ဆုံးနည်းပြစာရင်းမှာ ပါဝင်ခဲ့တာပဲဖြစ်ပါတယ်။ လွန်ဘာဒို ရဲ့ နည်းပြ ဘဝ ထက် ကစားသမား ဘဝ က ပိုမို အောင်မြင်ခဲ့တာပဲဖြစ်ပါတယ်။
၄. ခရစ် ကိုးမန်း
ခရစ်ကိုးမန်းက ဖူဟမ် အသင်းရဲ့ ကစားသမား တစ်ဦးဖြစ်ပြီး ၂၀၀၁ ခုနှစ် ကားမတော်မှုတစ်ခုကြောင့် ပြင်းထန်တဲ့ ခြေထောက်ဒဏ်ရာ ရရှိခဲ့ပြီး အသက်အရွယ်ငယ်ငယ်လေးနဲ့ ကစားသမား ဘဝ ကို အနားယူခဲ့တာပဲဖြစ်ပါတယ်။ ကစားသမား ဘဝ အနားယူပြီးချိန်မှာတော့ ကိုးမန်းတစ်ယောက်ဖူဟမ် အသင်းရဲ့ နည်းပြအဖွဲ့ဝင် တစ်ယောက်ဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ် အရောက်မှာတော့ ဖူဟမ် အသင်းရဲ့ နည်းပြဖြစ်တဲ့ ဂျင်တီဂါနာ ကို နည်းပြ ရာထူးကနေထုတ်ပယ်ခဲ့တာကြောင့် ကိုးမန်းက ဖူဟမ် အသင်းရဲ့ ယာယီနည်းပြတစ်ဦးဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။ အဲ့ရာသီ ဖူဟမ် အသင်းကို တန်းမဆင်းရအောင်အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့တာကြောင့် ခရစ် ကိုးမန်းက အမြဲတမ်းနည်းပြ ဖြစ်လာခဲ့ပါတယ်။ ယာယီနည်းပြအဖြစ် စတင်တာဝန်ယူချိန်မှာ ကိုးမန်းရဲ့ အသက်က ၂၃ နှစ်သာရှိသေးတာပဲဖြစ်ပါတယ်။
၅. ဗီရယ်လီ
၁၉၈၈ ခုနှစ်မှာ ချယ်ဆီး အသင်း က ရလဒ်တွေဆိုးဝါးနေတာကြောင့် ဂူးလစ် ကို နည်းပြရာထူးကနေထုပ်ပယ်ခဲ့ပြီး အသက် ၃၃ နှစ်သာရှိသေးတဲ့ ဗီရယ်လီ ကို ကစားသမာနည်းပြအဖြစ်ခန့်အပ်ခဲ့တာပဲဖြစ်ပါတယ်။ ဗီရယ်လီ က ချယ်ဆီး အသင်းနဲ့ အတူ ဆုဖလားအောင်မြင်မှုတွေကို သိမ်းပိုက်နိုင်ပြီး အအောင်မြင်ဆုံး နည်းပြ ဘဝ အချိန်တွေကို ချယ်ဆီး အသင်းမှာ ဖြတ်သန်းခဲ့ရပါတယ်။
ဟုတ်ကဲပါ ဒီနေ့တင်ဆက်ပေးသွားတာကတော့ ပရီးမီးယားလိဂ် သမိုင်းတစ်လျောက်မှာ အသက်အငယ်ဆုံး နည်းပြ ဖြစ်ခဲ့ကြတဲ့ နည်းပြ ၅ ယောက်အကြောင်းပဲဖြစ်ပါတယ် ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#RyanMason
#coach
#FabianHürzeler
#lombardo
#chriscoleman
#vialli
LATEST NEWS


Today I would like to tell you about the 10 most valuable full-back players in the world of football.

Today I would like to tell you about the best attacking duo Chelsea have ever had.
.png)