ဆုဖလားမျိုးစုံသိမ်းပိုက်ရယူခဲ့တဲ့ရွှေလက်တစ်စုံပိုင်ရှင် ကာဆီးလက်စ်

Admin
5mos ago
ဆုဖလားမျိုးစုံသိမ်းပိုက်ရယူခဲ့တဲ့ရွှေလက်တစ်စုံပိုင်ရှင် ကာဆီးလက်စ်

ဆုဖလားမျိုးစုံသိမ်းပိုက်ရယူခဲ့တဲ့ရွှေလက်တစ်စုံပိုင်ရှင် ကာဆီးလက်စ်

------------------------------------------------------------------

အချိန်တိုင်းရဲ့ အကြီးမြတ်ဆုံးဂိုးသမားများထဲမှတစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ ကာဆီးလက်စ် ဟာ သူ့ရဲ့ လက်စွမ်း ၊ လျင်မြန်သောတုံ့ပြန်မှုများကြောင့် ထိပ်တန်းအဆင့်မှာနှစ်ပေါင်းများစွာရပ်တည်ကာ အောင်မြင်မှုတွေရယူနိုင်ခဲ့တဲ့ဂိုးသမားတစ်ယောက်ဖြစ်ပါတယ်။ရီးရဲမက်ဒရစ်တွင်သူ့ရဲ့ကစားသမားဘဝအများစုကိုဖြတ်သန်းခဲ့ပြီးနောက် ကာဆီးလက်စ်သည် ပရော်ဖက်ရှင်နယ်ကစားသမားဘဝပွဲစဉ်ပေါင်း 𝟏,𝟎𝟎𝟎 ကျော်ကို ကစားနိုင်ခဲ့သည့် ကစားသမားအနည်းငယ်မှတစ်ဦး ဖြစ်ခဲ့ပါတယ် ။ နောက်ပြီး စပိန်လက်ရွေးစင်အသင်း အတွက် 𝐂𝐥𝐞𝐚𝐧 𝐒𝐡𝐞𝐞𝐭 အများဆုံးစံချိန်ကိုလည်း ပိုင်ဆိုင်ထားတဲ့သူပါ။

ကလပ်အသင်းအဆင့်တွင် ကာဆီးလက်စ်သည် ရီးရဲမက်ဒရစ်လူငယ်အသင်းတွင် ကစားသမားဘဝကို စတင်ခဲ့ပြီး 𝟏𝟗𝟗𝟗 ခုနှစ်တွင် စီနီယာအသင်းသို့ ရောက်ရှိလာကာ ချန်ပီယံလိဂ်ဖိုင်နယ်တွင်အသက် 𝟏𝟗 နှစ်နဲ့ 𝟒 ရက်ထဲနဲ့ ကစားရတဲ့အသက်အငယ်ဆုံးဂိုးသမားဖြစ်ခဲ့ပြီး ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ထို့နောက်ရီးရဲလ်အသင်းရဲ့ ပထမဦးစားပေးဂိုးသမားဖြစ်လာခဲ့ပြီး သူ့ရဲ့ပထမသုံးရာသီတွင် ချန်ပီယံလိဂ်နှင့် လာလီဂါဖလား 𝟐 ကြိမ်ရရှိခဲ့ကာ ကမ္ဘာ့အကောင်းဆုံးဂိုးသမားများထဲမှ တစ်ဦးအဖြစ်သို့ ရောက်ရှိခဲ့ ပါတယ် ။

မက်ဒရစ်တွင် အောင်မြင်သော ကစားသမားဘဝတစ်လျှောက်တွင် လာလီဂါဖလား 𝟓 ကြိမ်၊ စပိန်စူပါကိုပါဖလား 𝟒 ကြိမ်၊ ကိုပါဒယ်လ်လေးဖလား 𝟐 ကြိမ်၊ ယူအီးအက်ဖ်အေချန်ပီယံလိဂ် 𝟑 ကြိမ် ၊ ယူအီးအက်ဖ်အေစူပါဖလား 𝟐 ကြိမ်၊ အင်တာနေရှင်နယ်ဖလား 𝟐 ကြိမ်နှင့် ဖီဖာကလပ်ကမ္ဘာ့ဖလား အပါအဝင် အဓိက ကလပ်ဖလားအားလုံးကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ မက်ဒရစ်အသင်းတွင် 𝟐𝟓 နှစ်ကြာကစားပြီးနောက် ကာဆီးလက်စ် သည် 𝟐𝟎𝟏𝟓 ခုနှစ်တွင် ပေါ်တိုသို့အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာခဲ့ပြီး ပရီးမီးယားလီဂါ နှင့် စူပါတာကာ ဖလားတို့ကိုရရှိခဲ့ပါတယ် ။ 𝟐𝟎𝟏𝟗 ခုနှစ် မေလတွင် ပေါ်တိုအသင်းရဲ့ လေ့ကျင့်ရေးကွင်းအတွင်း နှလုံးဖောက်ခြင်းဝေဒနာကိုခံစားခဲ့ရပြီးနောက် 𝟐𝟎𝟐𝟎 ခုနှစ် ဖေဖော်ဝါရီလမှာ သူ့ရဲ့ကစားသမားဘ၀ကို အဆုံးသတ်ခဲ့ပါတယ်။

နိုင်ငံလက်ရွေးစင်အဖြစ် 𝟏𝟔𝟕 ပွဲဖြင့် ကာဆီးလက်စ် သည် စပိန်လက်ရွေးစင်အသင်းအတွက် ဒုတိယမြောက်ပွဲအများဆုံးကစားထားသူလည်းဖြစ်ပါတယ်။ ယူရို 𝟐𝟎𝟎𝟎 မှာ မကစားခဲ့ရပေမဲ့ ကာဆီးလက်စ်ဟာ 𝟐𝟎𝟎𝟐 ကမ္ဘာ့ဖလားမှာ နိုင်ငံအသင်းရဲ့ပထမဦးစားပေး ဂိုးသမား ဖြစ်လာခဲ့ပြီး ယူရို 𝟐𝟎𝟎𝟒 နှင့် 𝟐𝟎𝟎𝟔 ကမ္ဘာ့ဖလားတွေမှာ ဆက်တိုက်ကစားခဲ့ရပါတယ်။ 𝟐𝟎𝟎𝟖 ခုနှစ်တွင် အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပြီး ထိုနှစ်တွင်အသင်းကို ယူရိုဖလားကို ကိုင်မြှောက်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

သူသည် စပိန်အသင်းအတွက် ပထမဆုံးကမ္ဘာ့ဖလားကို 𝟐𝟎𝟏𝟎 တွင် ဆွတ်ခူးနိုင်ခဲ့ပြီး ပူးတွဲ 𝐂𝐥𝐞𝐚𝐧 𝐒𝐡𝐞𝐞𝐭 𝟓 ကြိမ်ဖြင့် ပြိုင်ပွဲရဲ့ အကောင်းဆုံးဂိုးသမားဆုကိုရရှိခဲ့ပါတယ်။ ယူရို 𝟐𝟎𝟏𝟐 ကိုလည်း ထပ်မံသိမ်းပိုက်နိုင်ခဲ့ပြီးပြိုင်ပွဲတွင် ဂိုးမပေးရဘဲ 𝟓𝟎𝟗 မိနစ်ဆက်တိုက် အများဆုံးစံချိန်ကိုပါ တင်ခဲ့ပါတယ်။ 𝟐𝟎𝟏𝟒 အရောက်မှာတော့ ကာဆီးလက်စ် ဟာ စပိန်အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် 𝟒 ကြိမ်ဆက်ကစားပေးခဲ့တဲ့ ကစားသမား 𝟔 ဦးထဲမှ 𝟏 ဦးအပါအဝင် ဖြစ်ခဲ့ပါတယ်။

𝟐𝟎𝟎𝟖 ခုနှစ်တွင် ကာဆီးလက်စ် သည် ရွှေဘောလုံးဆုတွင် စတုတ္ထနေရာရခဲ့ပြီး ယူအီးအက်ဖ်အေရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုမှာ 𝟐𝟎𝟎𝟕 မှ 𝟐𝟎𝟏𝟐 အထိ ခြောက်ကြိမ်ဆက်တိုက် ရွေးချယ်ခံခဲ့ရပြီး ဂိုးသမားတစ်ဦးအတွက် စံချိန်တင်နိုင်ခဲ့ပါတယ်။ ဖီဖာပရိုရဲ့ကမ္ဘာ့အကောင်းဆုံး 𝟏𝟏 ယောက်စာရင်းတွင်လည်း ဂိုးသမားတစ်ဦးအတွက် စံချိန်တင် 𝟓 ကြိမ်ရွေးချယ်ခံခဲ့ရပြီး ဘူဖွန် ၊ နူအာ တို့နှင့်အတူ 𝐈𝐅𝐅𝐇𝐒 ကမ္ဘာ့အကောင်းဆုံးဂိုးသမားအဖြစ် စံချိန်တင်ငါးကြိမ်ရရှိခဲ့ပြီး 𝟐𝟏 ရာစုရဲ့ အကောင်းဆုံးဂိုးသမားနေရာမှာ ဘူဖွန် နောက်ဒုတိယနေရာနဲ့ရပ်တည်ခဲ့ပါတယ်။

ကာဆီးလက်စ်အပေါ် ဘူဖွန်ရဲ့ပြောကြားချက်ကတော့

“ ရိုးရိုးသားသားပြောရရင် သူဘယ်လောက်ကောင်းလဲပြောဖို့ စကားလုံးအများကြီးသုံးစရာမလိုပါဘူး၊ ရလဒ်တွေကိုကြည့်တာနဲ့ အားလုံးမြင်တွေ့ကြရမှာပါ။ သူကအနိုင်ရဖို့ ရှိတဲ့အရာအားလုံးကို အနိုင်ယူပြီး တူညီတဲ့အဆင့်မှာရှိနေခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ ဒီလိုဖြစ်ဖို့က ဂိုးသမားတစ်ယောက်အတွက် အခက်ခဲဆုံးပါပဲ၊ နောက်ပြီးစပိန်အသင်း သွင်းဂိုးတွေခွင့်မပြုပေးခဲ့ရခြင်းကလည်း ကာဆီးလက်စ်က အဓိကအကြောင်းရင်းဖြစ်နေလို့ပါပဲ။ “


#k9mmmedia

#realmadrid

#IkerCasillas



Leave a reply